မန္တလေး၊ ဇန်နဝါရီ – ၆ – ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးမြောက်ဘက် ၄၅ လမ်း မှာ ၈၁ လမ်းကနေ ၈၄ လမ်းအထိ အရှေ့ကနေ့ အနောက်ဘက်ကိုပဲ မောင်းနှင်ရမယ်လို့ ပြန်လည်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတိမထားမိသူတွေက အနောက်ကနေ အရှေ့ဘက်ကို မောင်းနှင်နေကြတာတွေ ရှိပါတယ်။ “ဟုတ်ပါတယ် ၄၅ လမ်းက လမ်းတအားပိတ်လို့ မကြာခင်ကပဲ ၈၁ ကနေ ၈၄ ထိ အရှေ့အနောက်ပဲ ခွင့်ပြုထားပါတယ်” လို့ စည်ပင်သာယာ လမ်းတံတားဌာန တာဝန်ရှိသူက ပြောပါတယ်။ မန္တလေးမြို့မှာ တလမ်းမောင်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒီလမ်းတွေကနေ လမ်းပြောင်းပြန်မောင်းတာမျိုး စစ်ဆေးတွေ့ရှိရင် အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။ ချမ်းအေးသာစံမြို့နယ်ထဲမှာဆိုရင် ၂၉ လမ်း ကို ၈၄ လမ်းကနေ ၈၆ လမ်းအထိ…
Read MoreDay: February 7, 2026
မိုင်းရယ် ငွေလိမ်ဂိုဏ်း ဖမ်းဆီးချိန်မှာ အစိုးရတပ်ကို “ဝ” တပ်က ကူညီ
ဖေဖော်ဝါရီ ၆၊ ၂၀၂၅ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအတွင်းမှာ အခုလ ၃ ရက်နေ့ မနက်က တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ငွေလိမ်ဂိုဏ်းကို အစိုးရတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား အယောက် ၃၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ မိုင်းရယ်မြို့မှာ စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ဖမ်းမိတာ အများကြီးပဲ၊ သတင်းရလို့ ဝိုင်းပြီး ဖမ်းကြတာ။ အခု မိုင်းရယ်မှာ စစ်နေတယ်” လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မိုင်းရယ်မြို့နယ်ထဲမှာ ငွေလိမ်ဂိုဏ်းတွေ စခန်းချနေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပြီး ဒေသခံတွေ သတင်းပေးတာကြောင့် အစိုးရတပ်က ဝေဟင်ကနေ ကင်းထောက် စုံစမ်းတာတွေလုပ်ပြီး ဝင်ဖမ်းခဲ့တာလို့ အစိုးရဘက်က သတင်းထုတ် ပြန်ပါတယ်။ ဖမ်းဆီးမှုအတွင်းမှာ တရုတ်နိုင်ငံသား…
Read Moreမန်စယ်ရွာသား ကိုးယောက် အမြန်ဆုံး ပြန်လွှတ်ဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ တောင်းဆို
ဖေဖော်ဝါရီ ၆၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ရွာအတွင်းမှာ ကိုးကန့် လက်နက် ကိုင်တပ်ဖွဲ့ MNDAA က ဖမ်းဆီးသွားတဲ့ ကျေးရွာသား ကိုးယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ဒီနေ့မှာ စာထုတ် တောင်း ဆိုလိုက်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ကိုးယောက်ဟာ MNDAA တပ်ဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက် ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရှမ်းအဖွဲ့အစည်းတွေရဲ့ စုပေါင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မန်စယ်ရွာအနီးမှာ MNDAA တပ်ဖွဲ့က ရွှေတူးဖော်ဖို့ လုပ်နေတာကို လက်မ ခံဘဲ ကန့်ကွက်ခဲ့တာကြောင့် ကျေးရွာသား ၃၆ ယောက်ကို MNDAA ကဖမ်း ဆီး သွားခဲ့ပြီး အဲဒီထဲက ကိုးယောက်ကို ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါ တယ်။ “အခုဆို ခြောက်ရက်ရှိပြီ။ သူတို့…
Read Moreရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်
ဖေဖော်ဝါရီ ၆ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက်ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွားကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူစစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ…
Read Moreဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားနေရ
ဖေဖော်ဝါရီ ၆၊ ၂၀၂၆ Shy V (VOM) ဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဇန်နဝါရီ ၅ ရက်နေ့ညနေပိုင်းကစ ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်အထိ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားရနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တာ ဒီတခါ။ လူတွေ အဓိက ထိခိုက်တာကတော့ ကလေးငယ်တွေ မူးတာတွေ၊ မူးလဲတာတွေ ရှိတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အနံ့ဆိုးက အင်ဂျင်ဝိုင်ဟောင်း ချက်စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်း ရေထဲကို၊ ဥရုချောင်းထဲကို စွန့်ပစ်ရာကနေ နံတယ်လို့ ယူဆရပြီး အရင်ချိန်တွေတုန်းက သူတို့ ဘယ်လိုချက်သလဲဆိုတာကတော့ မသိဘူးလို့ သူက ပြောပါတယ်။ အနံ့ဆိုးကို…
Read Moreသဘာဝဘေးဆိုင်ရာ ခန့်မှန်းချက်တွေကို Myanmar Weather Forecast အက်ပလီကေးရှင်းမှာ ကြည့်ရှုနိုင်
ဖေဖော်ဝါရီ ၆ – ၂၀၂၆ SN (VOM) မိုးလေဝသ သဘာဝဘေးဆိုင်ရာ ရက်နီး/ရက်ဝေး ခန့်မှန်းချက်တွေကို Myanmar Weather Forecast အက်ပလီကေးရှင်းမှာ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။ Myanmar Weather Forecast အက်ပလီကေးရှင်းကို Software Engineer ကိုဇင်နောင်နောင်သက်ရဲ့ အကူအညီနဲ့ မိုးလေဝသနဲ့ ICT နည်းပညာ ပေါင်းစပ် ဖန်တီးထားတာဖြစ်ပြီး သဘာဝဘေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ IT နည်းပညာနဲ့ လူထုဆီ အလျင်အမြန် သတင်းရောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ “ဒီ အက်ပလီကေးရှင်းမှာ ငလျင်ကလွဲလို့ တခြားသော သဘာဝဘေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ကြိုတင်ခန့်မှန်းချက်တွေကို သိရှိနိုင်မှာပါ။ ငလျင်နဲ့ ပတ်သက်လို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ လှုပ်ခတ်သွားတဲ့ အခြေအနေလေးတွေကိုလည်း သိရှိနိုင်ပါမယ်။…
Read Moreမိုင်းပေါက်မှာ “ဝ” တပ်ဖွဲ့က အမျိုးသား သုံးယောက်ကို သေဒဏ် ချမှတ်
ဖေဖော်ဝါရီ ၆၊ ၂၀၂၅။ NN(VOM) UWSA တပ်ဖွဲ့ ထိန်းချုပ်တဲ့ “ဝ” ဒေသ မိုင်းပေါက်မြို့မှာ ဒီမနက်ပိုင်းက အမျိုးသား သုံးယောက်ကို “ဝ” တပ်ဖွဲ့က သေဒဏ် ပေးလိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ လူသတ်မှု ကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးယောက်ကို လူမြင်ကွင်းထဲ ခေါ်လာပြီး “ဝ” တပ်ဖွဲ့ တရားစီရင်ရေးအဖွဲ့က သေဒဏ် ချလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ “လူငယ်လေးတွေပဲ ကားနဲ့ တင်ခေါ်လာပြီး ဈေးအနောက်က ကွင်းထဲမှာ လူသတ်လို့ဆိုပြီး သေဒဏ် အမိန့် ချလိုက်တာ” လို့ မိုင်းပေါက် မြို့ခံ တယောက်က ပြောပါတယ်။ အမိန့်ချပြီး နောက်မှာ သူတို့ကို တစ်နေရာကို ခေါ်ထုတ်သွားပြီး သေနတ်နဲ့ စီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပစ္စည်းခိုးပြီး လူသတ်လို့ဆိုပြီး သေဒဏ် ပေးလိုက်တာ၊…
Read Moreအာဇာနည်ခေါင်းဆောင် ဦးဘဝင်းရဲ့သား NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်
ဖေဖေါ်ဝါရီ ၆ – ၂၀၂၆ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဒီကနေ့ ဖေဖော်ဝါရီ ၆ရက် ဝါရှင်တန်စံတော်ချိန် မနက် ၆နာရီ ၄၇ မိနစ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒေါက်တာစိန်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်နှမဝမ်းကွဲဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကိုရင်း ဦးဘဝင်းရဲ့ သားဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လစ်လျူရှုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာလွှဲ ပြောင်းခြင်း မရှိတဲ့ အတွက် ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလောကို တောခိုခဲ့ပြီးနောက် NCGUB ကို ဖွဲ့စည်းက…
Read Moreသူတို့အိမ် အခန်း – ၅၁
ဆူးငှက် ၁၂နှစ်သားလောက်က VIP ——————————— မန္တလေးသင်္ကြန်ကို ကားနှင့် တစ်ခါမှ မလည်ဖူးသေးသော ကျွန်တော်သည် ၁၂နှစ်သား ၈တန်းနှစ်လောက်ကမူ VIP ဧည့်သည်အဖြစ် ဗဟိုမဏ္ဍပ်ပေါ်တွင် သင်္ကြန်တွင်းညတိုင်း ထိုင်ခွင့်ရသည်ကို မှတ်မိပါသည်။ ပြန်လှန် စဉ်းစားလိုက်တော့ သင်္ကြန်တွင် ဗဟိုမဏ္ဍပ်မပြောနှင့် အခြားအသင်းမဏ္ဍပ်များမှာပင် စင်ပေါ်မတက်ဖူးပါ။ ထို့ထက် အမှတ်တရပြောရလျှင် သည်ဖက်ခေတ် မြို့တော်ဝန်မဏ္ဍပ်၊ မြို့တော် မဟာသင်္ကြန် မဏ္ဍပ် စသည်တို့တွင်လည်း တစ်ခါမျှ မတက်ဖူး မထိုင်ဖူးပါ။ သင်္ကြန်နှင့် ပတ်သက်၍ ၈တန်းကျောင်းသားတုန်းကပဲ VIP ဖြစ်ခဲ့ဖူးပါသည်။ ထိုနှစ် ဗဟိုမဏ္ဍပ်က ၈၄လမ်း ကျောက်သွေးတန်းရှိ ဟံသာဝတီ သတင်းစာတိုက်ရှေ့တွင်ပဲ ဖြစ်သည်။ ထိုစဉ်က သင်္ကြန်ကို မြို့မိမြို့ဖများ ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် မန္တလေးမြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ကျင်းပရေးကော်မီတီက ဦးစီးကျင်းပသည်။ ထို့ကြောင့် ဗဟိုမဏ္ဍပ်ကို ကော်မီတီ၏…
Read More