အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ အလင်းဝင်တယ်ဆိုတဲ့ PDFs နဲ့ လက်နက် ကိုင် ၁၅၀ ဦးကို အခမ်းအနားနဲ့ ကြိုဆို

မန္တလေး၊ ဖေဖော်ဝါရီ – ၁၃- ၂၀၂၆
Voice Of Myanmar
PDF အပါအဝင် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအမျိုးမျိုးကနေ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်တဲ့ အယောက် ၁၅၀ ကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းတွင်းထဲမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုပွဲနဲ့ မိဘတွေဆီ ပြန်လည်အပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ ဥပဒေဘောင်ထဲပြန်လည်ဝင်ရောက်လာတဲ့အောင်မြေသာစံမြို့နယ် က အမျိုးသား(၁၂)ဦး၊အမျိုးသမီး(၃) ဦး၊ အမရပူရမြို့နယ် က အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၂)ဦး၊တံတားဦးမြို့နယ်က အမျိုးသား(၇)ဦး၊ ၊ ငါန်းဇွန်မြို့နယ် ကအမျိုးသား (၁) ဦး၊ စဥ့်ကိုင်မြို့နယ် က အမျိုးသား(၁၂)ဦး၊ နွားထိုးကြီး မြို့နယ် က အမျိုးသား(၅)ဦး၊ သပိတ်ကျင်းမြို့နယ် ကအမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁)ဦး၊ မိုးကုတ်မြို့နယ် ကအမျိုးသား(၁)ဦး၊ စဥ့်ကူးမြို့နယ်မှ အမျိုးသား(၃)ဦး၊ညောင်ဦး မြို့နယ် က အမျိုးသား(၄)ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ကအမျိုးသား(၃၈)ဦး၊ အမျိုးသမီး(၃)ဦး၊ တောင်သာမြို့နယ် ကအမျိုးသား(၂)ဦး၊ ချောက်မြို့နယ် က အမျိုးသား(၄)ဦး၊ ပွင့်ဖြူမြို့နယ် က အမျိုးသား(၇)ဦး၊ စလင်းမြို့နယ် က အမျိုးသား(၂)ဦး၊စေတုတ္တရာမြို့နယ် က အမျိုးသား (၄)ဦး၊ အောင်လံမြို့နယ် ကအမျိုးသား(၁)ဦး၊ သရက်မြို့နယ် က အမျိုးသမီး(၁)ဦး၊ မင်းတုန်းမြို့နယ် က အမျိုးသား(၃)ဦး စုစုပေါင်း ၁၅၀ ဦးတို့ကို ပြန်လည်ကြိုဆို လက်ခံ ခဲ့တယ်လို့ သိရပါတယ်။

ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူတွေနဲ့အတူ ပါရှိလာတဲ့ မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG တစ်လတ်၊လက်လုပ် သေနတ် ၂ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၁၉လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်၊ ကျည်ကာအင်္ကျီ (၄)ထည် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်အပ်နှံခဲ့ပြီး တိုင်းမှူးက လက်ခံရယူခဲ့ပါတယ်။
အလင်းဝင်သူတွေ အပ်နှံတဲ့ ရိုင်ဖယ်အုပ်စုဝင် သေနတ်တလက် အတွက်ဆုကြေးငွေ သိန်း(၅၀) နှုန်းနဲ့ သေနတ် (၁၅)လက်အတွက် ငွေကျပ် သိန်း(၇၅၀)၊ RPG တလက်အတွက် ဆုကြေးငွေ (၇၅)သိန်း၊ လက်လုပ်သေနတ် တလက်ဆုကြေးငွေ (၅)သိန်းနှုန်းနဲ့ သေနတ် (၂)လက်အတွက် ငွေကျပ် (၁၀) သိန်း၊ လက်ပစ်ဗုံး/ဗုံးသီး တလုံးစီအတွက် ဆုကြေးငွေကျပ် (၃)သိန်းနှုန်းနဲ့ (၁၉)လုံးအတွက်ငွေကျပ်(၅၇)သိန်း ၊ စကားပြောစက် တလုံးအတွက်ဆုကြေးငွေ (၂)သိန်းနှုန်းနဲ့စကားပြောစက်(၅)လုံးအတွက် ဆုကြေးငွေ (၁၀)သိန်း၊ ကျည်ကာ အင်္ကျီတထည်လျှင် ဆုကြေးငွေ(၂)သိန်းနှုန်းနဲ့ ကျည်ကာအင်္ကျီ (၄)ထည် အတွက် ဆုကြေးငွေ(၈)သိန်းအပြင် လက်နက်မပါတဲ့သူတွေကိုလည်း တယောက်ကို ငွေကျပ်(၁)သိန်းနှုန်းနဲ့ (၁၃၃)ဦးအတွက် ဆုကြေးငွေကျပ်(၁၃၃)သိန်း ကျပ် စုစုပေါင်းငွေကျပ် (၁၀၄၃)သိန်းနှင့်ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို မန္တလေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုး​အောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နဲ့ အစိုးရအဖွဲ့၀င် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဥပဒေဘောင် အတွင်းကို ဝင်ရောက် လာတဲ့သူတွေကို အုပ်ထိန်းသူ မိဘတွေဆီ အပ်နှံခဲ့ပြီး တရားဥပဒေ ပုဒ်မတွေအကြောင်း ဗိုလ်မှူးချုပ် တင်မင်းလတ်က အသိပညာပေး ပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW