လှိုင်သာယာစက်မှုဇုန်နဲ့ ဆိပ်ဖြူမြို့နယ်မှာ မီးလောင်မှုတွေအပါအဝင် ​ရက်၂၀အတွင်း အကြိမ် ၁၀၀ နီးပါး မီး​လောင်မှုဖြစ်ခဲ့

ဖေဖော်ဝါရီ ၂၅ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုန်ဇုန်ရှိ ဖွဲစက်ရုံနဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စက်သုံးဆီဆိုင်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံ ဖြစ်စဉ်မှာ မနေ့ ည ၁၀ နာရီ ၃၈ မိနစ်ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး ည ၁၀ နာရီ ၄၇ မိနစ်ဝန်းကျင်မှာတော့ Level 1 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မီးလောင်မှု ဖြစ်စဉ်အတွင်း ဖွဲဂိုဒေါင် တလုံး၊ သံသေတ္တာလုပ်ငန်း အဆောက်အအုံ…

Read More

“ဝ ” တပ်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အစိုးရကို လွှဲပြောင်း ပေးအပ်

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ဝါးတွေကို “ဝ” တပ်ဖွဲ့ (UWSA) က အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့က “ဝ” တပ်ဖွဲ့ (၁၇၁) စစ်ဒေသမှ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဟာ မိုင်းတုံမြို့ နယ်၊ နမ့်ဟူးခွန်လားဟူရွာက တောင်ယာတဲ အတွင်းကနေ အိုက်စ် (Ice) မူးယစ်ဆေးဝါး ၄၆၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ တာပါ။ ဒါ့အပြင် မိုင်းတုံမြို့နယ် လီဆူရွာအတွင်းမှာလည်း ဘိန်းဖြူဘလောက်တုံး ၃၁၆ တုံးနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖမ်းဆီးမှုအတွင်းမှာ မူးယစ်ဂိုဏ်းတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်…

Read More

မြဝတီမှာ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံး

ဖေဖော်ဝါရီ ၂၅ – ၂၀၂၆ SN (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းက ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ‌ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မြဝတီမြို့ (တောင်ဘက်) ဖလူး – မဲကနယ် တောလမ်းတနေရာမှာ မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတစီးပျက်လို့ ဆင်းတွန်းနေကြချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တဲ့နေရာက လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူနားက ရဲကုန်းမှာဖြစ်တာ။ ဒရုန်းကျပြီးတဲ့အချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ သေတဲ့သူတွေက လေးယောက်က နေရာမှာတင် ပွဲချင်းပြီးတယ်။ တယောက်ကတော့ ကုသမှုခံယူနေရင်း ဆုံးသွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒရုန်းကျရောက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဒီမိုကရေစီအကျိုးပြု…

Read More

စစ်ကိုင်းတိုင်းမှာ G5နဲ့ G9 စာ​မေးပွဲ ​ဖြေခွင့်မရသူ ၂၀၀ ​ကျော်ရှိ

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းထဲမှာ G5 နဲ့ G9 စာမေးပွဲ ဖြေဆိုခွင့်ယာယီကတ်ပြား နဲ့ ခုံနံပါတ်ထွက်ထားပေမယ့် စာမေးပွဲဖြေခွင့်မရဘဲ ပြန်လွှတ်ခံခဲ့ရတဲ့ G5၊G9 ကျောင်းသား ကျောင်းသူ အရေအတွက် ၂၀၂ ယောက်အထိ ရှိနေတယ်လို့ သိရှိရပါတယ်။ စစ်ကိုင်းမြို့ #ထက် ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား ၇၇ ယောက်နဲ့ G9 ကျောင်းသား ၈၉ ယောက် ၊ Future Victory ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား သုံးယောက် နဲ့ G9 ကျောင်းသား ၁၃ ယောက် ၊ ဗန်းမောက်မြို့နယ်က G5 နှစ်ယောက်နဲ့ G9 တယောက် ၊ မုံရွာမြို့နယ် မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းက G5 ကျောင်းသား ၂၂ ယောက်တို့…

Read More

လားရှိုးမှာ အမျိုးသားသုံးယောက်က အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးသွား

ဖေဖော်ဝါရီ၂၅၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၅)မှာ ကုန်စုံရောင်းနေတဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတယောက်ကို အမျိုးသား သုံးယောက်က နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေပိုင်း လေးနာရီလောက်မှာ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားသုံးယောက် အိမ်စီးကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ “ ကလေးမက ဈေးရောင်းနေတုန်း လာဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီး ကားပေါ်အတင်းခေါ်သွား တာ”လို့ လားရှိုးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါ တယ်။ “ သူတို့က တရုတ်လူမျိုး ။ ကလေးမ အမေက မြေပွဲစားလုပ်တယ်လို့ပြောတယ်။ ဘာလို့ လာဖမ်းတာလည်းတော့ မသိဘူး။ ပြန်ပေးဆွဲတာဖြစ်နိုင်တယ် ”လို့ ရပ်ကွက်(၅)မှာနေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။…

Read More

သူတို့အိမ်အခန်း – ၆၄

  ဆူးငှက်     ပေချပ်အိုများက ပြောသည့် အတိတ်က ရွှေရောင် ——————————————————– နှစ်ပေါင်း ၂၀၀ ဝန်းကျင်က ပေချပ်များမို့ ဖွဖွလေးကိုင်ရသည်။ ကျွန်တော်က ကိုမောင်ဝင်းပေးသည့် ပေချပ်များကို တစ်ချပ်ချင်း အသံထွက် ဖတ်ပြသည်။ ဦးဇင်းမှိုင်းကလည်း သူကိုရင်ကြီး ဘဝက ဖတ်ခဲ့ရသော ပေစာများမို့ အလုံးစုံ မမှတ်မိတော့။ အခုမှ တချို့ အကြောင်းအရာတွေကို ပြန်မှတ်မိသည်ဟု မိန့်သည်။ ကိုစံလင်းကလည်း အနားမှာထိုင်ကာ အံ့အားသင့်နေပြီး “ အဲကွာ.. ရဲကျော်ရာ..၊ မင်းရှာရှာဖွေဖွေ မေးမှပဲ ဒီပေချပ်တွေ ဖတ်ရတော့ ဒို့ရွာက သမိုင်းကြီးခဲ့တဲ့ ရွာကိုးကွ” ဟု ပြောသည်။ ရွာမှာက ယောက်ျားလေး အချင်းချင်းဆိုလျှင် ရှေ့က “ရဲ” တပ်ပြီး နာမည်ထဲက တလုံးနှင့် တွဲခေါ်လေ့ရှိသည်။ ကိုဌေးအောင် ဆိုလျှင် “ရဲဌေး” ၊…

Read More
VOM News

FREE
VIEW