ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဂိတ်ဖြစ်တဲ့ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီလ ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက လက်ရှိမှယ.လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တံတားဖွင့်ပြန် တာနဲ့ ကုန်သွယ်ရေး လုပ်နိုင်ဖို့အတွက်လည်း မဲဆောက်ဘက်ခြမ်းမှာ ကုန်ကားတွေ အသင့်ပြင်ထားတဲ့ အခြေအနေရှိ တယ်လို့ သိရပါတယ်။ ” တံတားပြန်ဖွင့်မယ့်အကြောင်း ထိုင်းဘက်ကရေးထားတာပါ။ ထိုင်းနိုင်ငံရဲ့ ThaiPBS North ကနေ ကြေညာထားပါတယ်။မြန်မာဘက် ဘာသတင်းထုတ်ပြန်မှုမှမရှိသေးပါဘူး။မြန်မာဘက်က သတင်းထွက်တဲ့ရက်အတိုင်း ဘယ်တော့မှမဖွင့်ဘူး။ရက်လွှဲပြီးပဲ ဖွင့်တတ်ပါတယ်။ ” လို့ မြဝတီဒေသခံက ပြောပါတယ် ။ ကုန်သည်တွေကတော့ အမှတ်…
Read MoreMonth: April 2026
Pack & Go Easy Travel ကုမ္ပဏီက Visa လုပ်ပေးမယ်ဆိုပြီး ငွေရယူထားပေမယ့် လုပ်မပေးလို့ နစ်နာသူတွေက တိုင်ကြားမယ်
ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။ ” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့…
Read Moreမိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခတ်မှုကို ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့လို
ဧပြီ ၂၆ – ၂၀၂၆ SN (VOM) မိုးတိမ်တောင် ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို လာမယ့် မုတ်သုန်ဝင်ချိန်ဖြစ်တဲ့ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုးတိမ်တောင်ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ ပထမတချက်ကတော့ အပူချိန် မြင့်တက်ခြင်းဖြစ်ပြီး နောက်တချက်ကတော့ ရာသီ အပြောင်းအလဲကြောင့်ဖြစ်ကာ လက်ရှိ နွေရာသီကာလကနေ မုတ်သုန်လေ ကူးပြောင်းတဲ့ကာလမှာ များသောအားဖြင့် လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အပူချိန် မြင့်လာတဲ့အတွက်ကြောင့်မို့လို့ ဒေသတွင်းမှာရှိတဲ့ ရေခိုးရေငွေ့တွေက အငွေ့ပျံပြီး အပေါ်ကိုတက်တယ်၊ မိုးတိမ်တောင်တွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကြောင့် မိုးတိမ်တောင်တွေဖြစ်တဲ့ လမ်းကြောင်းတလျှောက်မှာ မိုးရွာပြီး လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတို့ပေါ့၊ ဒီကာလတွေမှာ ဖြစ်တတ်တယ်။ ဒါတွေက မုန်သုန်ဝင်တဲ့အချိန်ကျမှ…
Read Moreစာရေးဆရာဦးတင်ညွန် နဲ့ သားဖြစ်သူအပါအဝင် လူသုံးယောက် ဖမ်းဆီးခံရ
ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) စာရေးဆရာ ဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူ သုံးယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ ဆရာကြီး ဦးတင်ညွန့်ကို ဧပြီ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဆရာတင်ညွန့် အပါအဝင်သုံးယောက်လုံးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဆရာ ဦးတင်ညွန့်အဓိကအဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့ ” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် “ ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်သုံးအုပ်နဲ့ပတ်သက်ပြီး ဖမ်းခံရတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ နောက်ထပ် ဖမ်းခံရတဲ့ သားဖြစ်သူကတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ အဖမ်းခံရသူ အမျိုးသမီးတယောက်ကတော့ ဆိုရှယ်မီဒီယာကတဆင့် အဲဒီစာအုပ်သုံးအုပ်ကို ရောင်းချခဲ့တာကြောင့်…
Read Moreသူတို့အိမ် အခန်း (၉၈)
ဆူးငှက် ကျောင်းတောင်ဘက်က လမ်းကလေး —————————————– သစ္စာဆောင်နောက်ကျော သင်္ချာဆောင် ဝါးကပ်တဲများမှာ ခက်ခဲ နောက် ကျိဖွယ် ကဲကုလ သင်္ချာ ပုစ္ဆာများကို အဖြေထုတ်ပြီးနောက် စာသင်ချိန် ပြီးဆုံး သောအခါ နေ့လယ် ၁၂နာရီ ထိုးချေပြီ။ ပူပြင်းလှသော မန္တလေး နွေကြောင့် အိမ်သို့ ချက်ချင်းမပြန်နိုင်သေး။ ရူပဗေဒဆောင်ရှေ့ တယ်ပင်ရိပ်အောက်က မန်ကျည်း ဖျော်ရည်တစ်ခွက် သောက်ချင် သောက်။ သို့တည်းမဟုတ် ရွှေပြည်အေးရှေ့ ကဲန်တင်းက မြီးရှည်စားချင်စား၊ ထမင်းသုတ် တစ်ပွဲ ဗိုက်ဖြည့်ချင် ဖြည့်ပြီး နောက် ဦးပုညလမ်းကို ဖြတ်ကာ ကျောင်းဝင်းတောင်ဘက်ဆီ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်။ တစ်ခါတစ်ရံတော့ မတ္တရာမြင့်မြင့်သန်း၊ မိုးကုတ် မာမာအေး၊ မုံရွာ တင့်တင့်၊ ပျော်ဘွယ်မဖြူတို့နှင့်အတူ ဗောဓိကုန်း မြတ်မွန် ဆောင်ဘက် လိုက်ပြီး သူတို့ ထမင်းဘူးတွေ မွှေနှောက် စားချင်စားမည်။…
Read Moreမြဝတီနယ်စပ်ကနေ ထိုင်းသွားမယ့် မြန်မာပြည်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဖြတ်ခွင့်ပြု
ဧပြီ ၂၂ ၊ ၂၀၂၆ GG (VOM) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ မဲဆောက်မြို့ကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မယ့် မြန်မာဘက်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်ပြုတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ အမည်ပေါက်ကား မဟုတ်ပါက ကိုယ်စားလှယ်လွှဲပြောင်းစာချုပ်ပါမှ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ၊ ဒီကန့်သတ်ချက်မှာ အကျုံးဝင်တဲ့ကားတွေက အခုမှ ပကန်(အာမခံ)အသစ်လျှောက်ပြီး ချစ်ကြည်ရေးတံတား ၁ ကနေ ဖြတ်သန်းသွားလာမယ့် ကားတွေ အဓိကဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ထဲက ပကန်ရှိပြီး သွားလာနေတဲ့ကားတွေမပါသေးဘူး ။ အခုကပကန် (အာမခံ) အသစ်လျှောက်ပြီး ဖြတ်မယ့်သူတွေကသာ ဒီမူဝါဒနဲ့ ညိနေတာပါ။ သွားလာနေကြ ကားဟောင်းတွေက ရပါတယ်။ကိုယ်စားလှယ်လွှဲစာပါရင်လည်း ရတယ်ပြောတယ်။ ပြီးတော့ အမည်ပေါက်သူကိုယ်တိုင် ဘေးကနေ ပါလာရင်လည်း ဖြတ်ခွင့်ပေးတယ်သိရတယ်။ ဥပမာ မိန်းမအမည်ပေါက်ကားကို ယောကျ်ားကမောင်းပေမယ့်…
Read Moreကိုရင်ငယ်လေးကို ပြင်းထန်စွာရိုက်နှက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးစစ်ဆေးနေ
ဧပြီ ၂၂ ၊ ၂၀၂၆ GG (VOM) ကိုရင်ငယ် တပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးတေဇကို လက်ရှိမှာ ရပ်ကျေးသံဃနာယက ၊ မြို့နယ်သံဃနာယကအဖွဲ့ အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့ နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ စစ်ဆေးမှု ပြုလုပ်နေဆဲသာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ဆရာတော်ဦးတေဇကို လူဝတ်လဲတာမျိုးမရှိသေးဘဲ သင်္ဃန်းဝတ်နဲ့သာ စစ်ဆေးမှုပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ် ။ “ဗီဒီယို တက်လာတယ်။ location ကိုလိုက်စုံစမ်းတယ်။…
Read Moreမီးပျက်ချိန်များလာလို့ အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ကုန်ကျစရိတ်တိုး
ဧပြီ ၂၂ – ၂၀၂၆ SS (VOM) လျှပ်စစ်မီး ပြတ်တောက်ချိန် များပြားလာတဲ့အတွက် အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ထုတ်လုပ်မှု ကုန်ကျစရိတ် သိသိသာသာ တိုးလာနေတယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိမှာ အအေးခန်းနဲ့ ကုန်ထုတ်စက်ရုံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ စက်သုံးဆီဖိုးနဲ့ လျှပ်စစ်အစားထိုး စရိတ်တွေကြောင့် ပုံမှန်ထက် အဆမတန် မြင့်တက်နေပြီး မီးစက်မောင်းနှင်ဖို့ ဒီဇယ်ဆီဝယ်ယူရမှု၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုတို့ကြောင့် လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက်တွေ ပိုမိုကုန်ကျနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ “ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က မီးစက်ဆီဖိုးနဲ့ ဘတ်ဂျက်အပို သုံးစွဲရတာတွေကြောင့် ဒီနှစ်မှာ အရင်ကထက် ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာတယ်။ မီးစက်တွေကို နာရီနဲ့ချီပြီး အသုံးပြုရတယ်။ စက်သုံးဆီကလည်း အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဆီရှားတယ်၊ အလွယ်တကူရဖို့…
Read Moreသူတို့အိမ် အခန်း (၉၇)
ဆူးငှက် ပစ်ကနစ်ထွက်ကြမယ် ————————- တက္ကသိုလ် ပထမနှစ်ကည်းက သည်၉ယောက်ပဲ ပင်တိုင်ပေါင်းကြသည် ဆိုငြား အတန်းတူ သူငယ်ချင်းများထဲက တစ်ခါတရံ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်ကြသူများလည်း ရှိသည်။ အထူးသဖြင့် ၂၉လမ်းက ကိုခင်မောင်အုန်း၊ ၂၈လမ်းက ကိုတင်အောင်၊ မလွန်က ကိုဝင်းမြင့်အေး၊ အိမ်တော်ရာမြောက်ပေါက်က ကိုဝင်းအောင်၊ လမ်း၈၀က ကိုတင်မောင်ဦး၊ ပျဉ်းမနားက ကိုစော စသူတို့ဖြစ်သည်။ သူတို့အထဲတွင် ကိုတင်မောင်ဦးက ထူးခြားသည်။ သူက ဝါသနာနှင့် မေဂျာ ထပ်တူကျသည်ဟု ပြောရမည်။ သူက သင်္ချာသမားဖြစ်ပါ၏။ အချိန်ပြည့် သူ့ခေါင်းထဲမှာ သင်္ချာပဲရှိသည်။ ထို့ကြောင့် သူက တက္ကသိုလ်မရောက်ခင်ကတည်းက သင်္ချာကျူရှင်ပြသည်။ အခု တက္ကသိုလ် ရောက်တော့လည်း အတန်းဖော်တွေကို သင်္ချာကျူရှင်ပြသည်။ လက်ရှိ သူ့သင်္ချာကျူရှင်တန်းမှာ အတန်းထဲက ကျောင်းသူတွေ အများစုဖြစ်သည်။ ထို့ပြင် သူက…
Read Moreဖားကန့် – ကားမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ KIAက ပိတ်ပေမယ့် ကားတွေသွားလာနေဆဲ
ဧပြီ ၂၂ ၊ ၂၀၂၆ CC (VOM) အစိုးရတပ်တွေဟာ ဖားကန့်ဒေသကို ဖားကန့် – ကားမိုင်းလမ်းကနေ အဓိက ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေတဲ့ အတွက် ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို ဒီနေ့ ဧပြီ ၂၂ ရက်ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်လိုက်ကြောင်း KIA တပ်ရင်း ၆ က မနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အင်အားအများအပြားနဲ့ ဖားကန့်ဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်နေတဲ့အတွက် KIA ပူးပေါင်းတပ်တွေဟာ တပ်ဆုတ်နေရတယ်လို့ သိရပါတယ်။ ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း စာထုတ်သတိပေးခဲ့တယ်ပေမယ့် ကားတွေကတော့ သွားလာမှုရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” အဲဒီလမ်းက…
Read More