တန့်ဆည်မြို့ ကံထူးမရဲစခန်းအနီး ဒီ​နေ့တရက်တည်း နာရီပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ဖြစ်

ဧပြီ ၂၁ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်မြောက်ဘက်ခြမ်းက ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာ ကံထူးမရဲစခန်းအနီးမှာ ဒီကနေ့ ဧပြီ ၂၁ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကံထူးမကျေးရွာ နယ်မြေရဲစခန်းအနီးရှိ ဈေးတန်းမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှ စတင်ကာ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး ကနဦး သတင်းတွေအရ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ငါးယောက် အပါအဝင် ခြောက်ယောက် ဒဏ်ရာရရှိထားကာ ဆီဘောက်ဆာကားတွေ၊ ဆိုင်ကယ်တွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ငါးယောက် ထိတာမှာ တယောက်ကတော့ အသက်အန္တရာယ်…

Read More

အဝေးပြေးကားခတွေ ဈေးပြန်မကျသေး

ဧပြီ ၂၀ – ၂၀၂၆ SS (VOM) စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူရမှုတွေ လျော့နည်းသွားပေမယ့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်း၊ လောင်စာဆီ ရှားပါးမှုနဲ့ သင်္ကြန်ကာလ အဝယ်လိုက်ခြင်းတို့ကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ ဈေးပြန်မကျသေးဘူးလို့ ကားလက်မှတ် ရောင်းချသူတွေက ပြောပါတယ်။ အဝေးပြေး ကားလက်မှတ်ခတွေမှာ ပုံမှန်ထက် နှစ်ဆကျော် မြင့်တက်နေပြီး ရန်ကုန် – မန္တလေး ရိုးရိုးကားခမှာ လေးသောင်းရှစ်ထောင်ကျပ်၊ အထူးကားခတွေကတော့ ကျပ် ခြောက်သောင်းခွဲ ဝန်းကျင်၊ ရန်ကုန် – ပခုက္ကူ ကျပ် ငါးသောင်းကနေ ကျပ် ခုနစ်သောင်းဝန်းကျင်အထိ၊ အချို့ယာဉ်လိုင်းတွေကတော့ ကျပ် တသိန်းနီးပါးအထိ ရှိနေတယ်လို့ သိရပြီး ကားဂိတ်တွေမှာ နေ့ချင်းပြန်ဈေးသာ ရောင်းချပေးနေကာ ဆီဈေးပေါ်မူတည်ပြီး ခရီးစဉ်အလိုက် ဈေးနှုန်းတွေ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ သိရပါတယ်။ “ဆီက တန်းမစီရတာမှန်တယ်။ ဒါပေမယ့် ဈေးကြီးပြီး…

Read More

ဟုမ္မလင်း ဆိပ်ကမ်းမှာ ဆီမော်တော် ၁၀ စီးထက်မနည်း မီးလောင်နေပြီး လူသေဆုံးမှုများနိုင် ၊ ခုချိန်ထိ မီးငြိမ်းနိုင်ခြင်းမရှိသေး

ဧပြီ ၂၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ် ဆိပ်ကမ်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်ကစပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားကာ မော်တော် ၁၀ စီးထက်မနည်း မီးလောင်ကျွမ်းနေပြီး လူ သေဆုံးမှုလည်း များနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ ဆီတင်မော်တော်တွေ မီးလောင်ကျွမ်းနေတာဖြစ်ပြီး ညနေ ၆ နာရီကျော်လောက်ကတည်းကနေ လက်ရှိ ည ၈ နာရီ ခွဲလောက်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ” မီးလောင်နေအခုထိဆို ၁၀ စီးမကဘူး ။စက်လှေမဟုတ်ဘူး ။ဆီဖလက်ကြီးတွေ ။ သူ့ဝမ်းဗိုက်ထဲမှာ အပြည့်ကြီးပါတယ်။ဆီတွေက ပေပါတွေနဲ့ဆိုတော့ ပေါက်ကွဲပြီးမှ ပြန့်သွားတဲ့သဘောလောင်နေတာ။ပေါက်ကွဲမှုက ဘေးကလူတွေတောင် နားစည်ကွဲပြီး သွေးထွက်တယ်။ အခုထိမီးလောင်နေတုန်းပဲ ။ငြိမ်းလို့မရဘူး ။ ”…

Read More

သူတို့အိမ် အခန်း (၉၆)

ဆူးငှက် ဗောဓိကုန်းက မြိုင်သာယာမှာ.. ———————————– အလယ်တန်း ကျောင်းသားဘဝ အ.ထ.က ၂၁ မှ မိဘကဲ့သို့ ရိုသေ လေးစားရပါသော ဆရာမ ဒေါ်လှလှသန်း က တက္ကသိုလ်ကျောင်းအနီး ၇၃လမ်းဘေး ခြံကြီးမှာ နေထိုင်သည်။ ဆရာမ အမျိုးသား ဦးရဲညွန့် က ဆရာမကြီး အမ်အေ ဒေါ်အုန်း၏ တူအရင်း ဖြစ်သည်။ ဦးရဲညွန့်ကလည်း အလွန်သဘောကောင်းသည်။ ကျွန်တော်တို့က တက္ကသိုလ် ရောက်တော့ ဆရာမအိမ်ကလည်း စားအိမ်သောက်အိမ်ဖြစ်လာသည်။ ဆရာမအိမ်က ခြံဝင်းကျယ်ကြီးထဲမှာ ရှိသည်။ ခြံထမြှာ သရက်ပင်တွေက အရိပ်ချင်းဆက်နေ၏။ ၇၃လမ်းဘက်က ဝင်သည့် အပေါက်ဘေးမှာ ကြီးမားသည့် သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေလည်း ရှိသည်။ ထို့အတူ တောင်ဘက် လမ်းကြားဘက်က ဝင်သည့် မလွယ်ပေါက် ဘေးမှာလည်း မန်ကျည်းပင်ကြီးတွေ ရှိသည်။ လမ်းကြားလေး တောင်ဘက် ကပ်လျှက်က မွတ်စလင်လူငယ်…

Read More

မိုးကုတ်အနီးမှာ TNLAနဲ့ အုပ်ချုပ်​ရေးတာဝန်ရှိသူ​တွေ ဆက်​ကြေးယူ​ ကျောက်တူးတာ​တွေပြန်ရှိလာ

မန္တလေး၊ ဧပြီ- ၂၀- ၂၀၂၆ SA(VOM) TNLA နဲ့ မဟာမိတ်အဖွဲ့တွေ သယံဇာတ ထုတ်ယူသွားတဲ့ ဂေါက်ကွင်းကို မိုးကုတ်မှာ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလအထိ အဆင့်ဆင့် တာဝန်ယူခဲ့တဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူ​တွေက အခကြေးငွေတွေရယူပြီး ည ၁၀ နာရီနောက်ပိုင်း မိုးကုတ်ဂေါက်ကွင်းအတွင်း လုပ်ကွက် သယံဇာတ တူးဖော်ဖို့ ခွင့်ပြုခဲ့တာတွေရှိခဲ့ပြီး​နောက် တိုင်ကြားတာ​တွေ​ကြောင့် အ​ရေးယူမှုရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မိုးကုတ်မြို့ ဂေါက်ကွင်းမှာ တွင်းလုပ်ကွက်လုပ်ကိုင်နေသူတွေဟာ လုပ်ကွက်ရပ်နားပြီး မိုးကုတ် အနောက်ပိုင်း PDF ၅၁၃ တပ်ရင်း တပ်ရင်းမှူးစခန်းချတဲ့ ကျေးရွာတွေအနီးက ဘော်မားကျေးရွာဘက်ကို ပြောင်းရွှေ့လုပ်ကိုင်​နေကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ လက်တလော မိုးကုတ်အနောက်ပိုင်း ကျောက်ဆောင်ရွာနဲ့ ကျောက်ပြင်ရွာကြားက နာမည်ကြီးနေတဲ့ ဝင်းထရံ လုပ်ကွက်မှာ TNLA အဖွဲ့တွေ လွန်ခဲ့တဲ့ သုံးရက်လောက်က ပြန်ဝင်လာပြီး ကျန်အဖွဲ့စည်းတွေက ဂဲတွင်း ၁၀ တွင်း TNLA…

Read More

ဖားကန့်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် တိုက်ပွဲပြင်းထန်နေ

ဧပြီ ၂၀ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိ​နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်ဟာ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းမှာ စခန်းချထားတဲ့ KIA ရဲ့ ကာကင်းစခန်းတွေကို ဧပြီ ၁၁ ရက်နေ့က ပြန်လည် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲ ပိုမို ပြင်းထန်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ဧပြီ ၁၉ ရက်ကလည်း ဖားကန့်မြို့၊ မှော်၀မ်းအုပ်စု၊ နမ့်မဖြစ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းကွင်းထဲ အစိုးရတပ်တွေ ဝင်ရောက်လာချိန် မိုင်းပေါက်ကွဲကာ အစိုးရတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ အယောက် ၂၀ ဝန်းကျင်…

Read More

အခန်း (၉၅)

ဆူးငှက် အောင်တပ်တော်ကြီးနဲ့ ချီချင်သည် —————————————— ကျွန်တော် ၆ တန်းလောက်က မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ ရောက်လျှင် ညဦးပိုင်း၌ ဘုရားကြီး ၄၅တာကွင်းတွင် စုရပ်ထားကာ နန်းတွင်း ကျောက်တိုင်ကွင်းသို့ ဘင်ခရာများ တပ်ရင်းတပ်ဖွဲ့အလံများနှင့် မီးတုတ်ကြီးများ ကိုင်ကာ စစ်ရေးပြ ချီတက်ကြသည်ကို အမေနှင့် ကျောက်သွေးတန်းက စောင့်ကြည့်ရင်း စစ်ဗိုလ် ဖြစ်ချင်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးနေ့ စစ်ကြောင်းချီတက်ကြတာ ညဦးပိုင်း ဖြစ်သည်။ နောက်နှစ်တွေမှာ မနက်စောစောချီတက်ကြတော့လည်း အစ်မများနှင့် ရုံတော်ကြီးက စောင့်ကြည့်ပြီး အားတက်ကာ ၁၀တန်းအောင်ရင် ဗိုလ်သင်တန်းရအောင် တက်မယ်ဟု လူမသိ သူမသိ စိတ်ကူးဖူးသည်။ သို့သော် ထိုအားတက်မှုနှင့် စိတ်ကူးတွေက ၈တန်းလောက်ရောက်တော့ ပျောက်သွားတော့သည်။ တကယ့် အဆုံးအဖြတ်ပေးမည့် ၉တန်း ၁၀တန်းရောက်တော့ ဘာရည်ရွယ်ချက်မှ မရှိတော့။ အမြင်မတော်သည့် အစ်မများက ကြည့်စီစဉ်လိမ့်မယ်ဟုသာ…

Read More

မင်းကွန်းပလဖ​တွေ အလင်းဝင်

ဧပြီ ၁၉-၂၀၂၆ VOM စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ပလဖ အမည်ခံတဲ့အဖွဲ့က စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ ကျား ၁၃ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၅ ဦး လက်နက်/ခဲယမ်းတွေနဲ့အတူ ဧပြီ ၁၈ ရက်​နေ့က အလင်းဝင်ရောက်ခဲ့တယ်လို့ လုံခြုံ​ရေးအဖွဲ့နဲ့ နီးစပ်သူ​တွေဆီကသိရပါတယ်။ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၁၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ဦး၊ အမျိုး သမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး အလင်းဝင်​ရောက်တဲ့ အခမ်းအနားကျင်းပခဲ့ပါ​သေးတယ်။ Photo Crd- မင်းကွန်းဆရာ​တော်+ဘညွန့်

Read More

နွေအပူထက် ပိုအန္တရာယ်ရှိတဲ့ Heat Stroke ကို သတိထားဖို့လို

ဧပြီ ၁၉ – ၂၀၂၆ SN (VOM) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဟာ နွေရာသီမှာ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ် အခြေအနေတခု ဖြစ်တယ်လို့ အထွေ‌ထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ ပြင်ပမှာရှိတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲ နေထိုင်ရတာ ဖြစ်ပေမယ့် ပြင်ပ အပူချိန်က ရုတ်တရက်ကြီး မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်က အဲဒီ တက်လာတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ Heat Stroke ဖြစ်ရတယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိတယ်။ ကျွန်တော်တို့ဆို ပုံမှန် body temperature ၉၈ ဒီဂရီဖာရင်ဟိုက်ပေါ့နော်။ ၉၉ ဆို ပုံမှန်ဆိုရင်တောင်…

Read More

ရခိုင်မှာ ဒီကနေ့မနက်ပိုင်းက ပုဏ္ဍားကျွန်း ၊မြောက်ဦး နဲ့ ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရ

ဧပြီ ၁၉ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းက မြောက်ဦး အပါအဝင် မြို့နယ်သုံးခုကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။ မနက် ၁၀ နာရီကျော်လောက်မှာ မြောက်ဦးမြို့နယ်၊ကျောက်တော် ၊ပုဏ္ဍားကျွန်းမြို့နယ်ထဲက နေရာတချို့ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း နဲ နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ရပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကတော့ မြောက်ဦးမြို့နယ် ၊ကျောက်ဆည်ပြင်ရွာက ဖြစ်တယ်လို့ သိရပါတယ်။ ” မြောက်ဦး ကျောက်ဆည်ပြင်ရွာမှာက ဘုန်းကြီးကျောင်းတခုလုံးပါသွားတယ်။ ပုဏ္ဍားကျွန်းမှာကတော့ ဓာတ်အားပေးစက်ရုံထိတယ်။ဓာတ်အားပေးစက်ရုံကတော့ နဂိုထဲကပျက်စီးနေတာပါ။ အဲဒါကိုထပ်လာပစ်တာ ။လာပစ်တော့ အနီးနားကအိမ်တွေလည်းပျက်စီးတယ်။ နတလကျောင်းကိုလည်းပစ်ခတ်တာရှိတယ်။ အဲဒီဘက်ကတော့အပျက်အစီးကို သေချာမသိရသေးဘူး ။အခုတော့ လေယာဥ်ဝဲတာ မရှိဘူး ။ ” လို့…

Read More
VOM News

FREE
VIEW