NUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိ

စက်တင်ဘာ ၂၄ ၊ ၂၀၂၆
GG (VOM)
KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ နယ်မြေထဲက NUG ရဲ့အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက် ၁၁ နာရီလောက်မှာ မွန်ပြည်နယ် သထုံမြို့နယ် နဲ့ ပဲခူးတိုင်း ၊ရွှေကျင်မြို့နယ်အစပ်ကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ အဲဒီတိုက်ခိုက်မှုအတွင်းမှာ PDF အဖွဲ့ဝင် ခြောက် ယောက်သေဆုံးပြီး CDM အရာရှိ ဗိုလ်မှူးတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ များခဲ့​တာလို့ ကနဦးသိရပါတယ်။
” စစ်တပ်ကနေ CDM လုပ်ထားတဲ့ ဗိုလ်မှူး တင်လင်းအောင် ၊ဗိုလ်မှူး နေဝင်းအောင်တို့လည်း ဒဏ်ရာအပြင်းအထန်ရတယ်ကြားတယ်။ တခြားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်ကြား ပေမယ့် အသေးစိတ်မသိရသေးဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီးမှာလည်း အစိုးရတပ်ရဲ့ အထိုင်တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ပါ ထပ်မံ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း အစိုးရတပ်က မြေပြင်စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုရှိနေတယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NUG ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အစိုးရဘက်ကလည်း.သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မေလ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ NUG လက်အောက်တပ်ရင်းဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ် ။
ဓာတ်ပုံ – ပုံဟောင်း

Related posts

✕
VOM News

FREE
VIEW