သင်္ကြန်ကာလအတွင်း မြန်မာပြည်အလယ်ပိုင်းမှာ ပစ်ခတ်မှု၊ယာဥ်မတော်တဆမှုကြောင့် ၂၇ ယောက်သေဆုံးပြီး ၊ ၆၀ နီးပါးဒဏ်ရာရ

ဧပြီ ၊ ၁၇ ၊ ၂၀၂၄ SP (VOM) ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၆ ရက်ထိ သင်္ကြန်ကာလအတွင်း မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ မန္တလေးတိုင်း ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂၇ ယောက်ရှိပြီး ၊ လူပေါင်း ၆၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ ထိခိုက်သေဆုံးရသူ အရေအတွက် အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၊ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေထဲမှာ ပေါက်ကွဲမှုကြောင့် သေဆုံးရသလို ၊ ယာဥ်မတော်တဆမှုကြောင့် သေဆုံးရတာတွေ ပါဝင်တယ် လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဧပြီ ၁၃ ရက်က မုံရွာခရိုင် ၊…

Read More

သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိသလို ထိခိုက် သေဆုံးသူတွေရှိနေ

ဧပြီ ၁၅၊ ၂၀၂၄Shy V(VOM)ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မနက် သုံးနာရီခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲပြင်းထန်နေပြီး ရွာခံတချို့ တိုက်ပွဲကြားထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“ရွာတော့ ပျက်ပြီထင်တယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ရွာခံတွေ တချို့ ပိတ်မိနေတုန်း။ ရွာခံတွေက အခုက တနေရာစီရှောင်ကြတာ။ လေယာဉ်တော့ မပါဘူး။ လက်နက်ကြီးပဲ။ ရွာကျောင်းက ပြာကျပြီ။ ရှောင်တဲ့သူတွေက တချို့က ဘာမှ ပါမလာဘူး။ အကုန်ထား ပြေးရတာ။ ရွာမှာ ပိတ်မိနေတဲ့ သူတွေက တအားပစ်နေတော့ ဖုန်းခေါ်တာ မကိုင်ကြဘူး။ အလစ်လာတိုက်တာ။ ဘယ်သူမှ ကြိုမသိဘူး။” လို့ တိုက်ပွဲရှောင်လာတဲ့ ဒေသခံ တယောက်က VOM ကို…

Read More

မင်းပြားက စျေးကြီးမီးလောင်မှု ဆိုင်ခန်း၃၀၀ လောက်ပျက်စီးခဲ့သလို မတည်ငြိမ်တဲ့ဒေသတွေက စျေးတွေလောင်တဲ့မီး

ရခိုင် ၊ ဧပြီ ၁၅ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က မြို့မဈေးကြီး မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀လောက် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မင်းပြားမြို့နယ်လူမှုကူညီရေးအသင်းက သိရပါတယ်။ မင်းပြားစျေးမီးလောင်မှုက သကြင်္ န်အကြိုနေ ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ မီးသတ်ကားတစီးသာရှိတဲ့အပြင် မီးလောင်အားများတာကြောင့် မနက် ၄ နာရီလောက်မှသာမီးထိန်းနိုင်ပြီး ၊ မနက်၁၀ နာရီလောက်အထိမီးကြွင်းမီးကျန်တွေကိုလိုက်လံငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်။ ” ဟင်းတန်းက စလောင်တာပေါ့။အပြင်ကိုမီးညွှန့်ထွက်မှဘေးကလည်းသိတာပေါ့။ဆိုင်ခန်းပေါင်းကတော့အနည်းဆုံး ၃၀၀ လောက်တော့ရှိမယ်။စျေးတတန်းပဲကျန်တယ်၊ကျန်တာအကုန်လုံးလောင်တာပေါ့။မလောင်ပဲကျန်တဲ့ဆိုင်ခန်းက ၁၀၀ ကျော်လောက်တော့ကျန်မယ်ထင်တယ်။မီးမလောင်ခင် ဂျက်ဖိုက်တာသွားတာတွေ့လိုက်တယ်၊သွားပြီးမကြာဘူးမီးကစလောင်တယ်၊ဒါပေမယ့် ကျနော်ထင်တာ လေယာဥ်ကမဖြစ်နိုင်ဘူး။ မီးလောင်တဲ့ပုံက တနေရာလုံးဝလောင်ကျွမ်းသွားတယ်၊နောက်နှစ်နေရာလောက်ကတခြားစီပဲလောင်တာကဆိုတော့ ရှို့မီးလို့ပဲထင်မိတယ်။ဘယ်သူဘယ်ဝါဆိုတာတော့မပြောနိုင်ပါဘူး ” လို့မင်းပြား နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ကိုရွှေထူးက ပြောပြပါတယ်။ မင်းပြားမြို့ခံအများအပြားစစ်ဘေးရှောင်နေကြချိန်ဖြစ်လို့ မင်းပြားမြို့စျေးကြီးကလည်းပိတ်ထားကြစဥ် အခုလိုမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ စျေးဆိုင်ခန်းအများစုကတော့ ပစ္စည်းတွေကို သယ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။…

Read More

မန္တလေးကဗဟိုမဏ္ဍပ် နောက်ကျော ကားနဲ့ဆိုင်ကယ်ထားရာနေရာ ၂ခု ဗုံးကွဲ

ဧပြီ – ၁၄-၂၀၂၄ Voice of myanmar မန္တလေး ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာဗဟိုမဏ္ဍပ် အနီး ဆိုင်ကယ်ထားရာနေရာမှာ ဆိုင်ကယ်မှာထောင်ထားတဲ့ဗုံးတွေ ၂ နေရာကွဲတာကြောင့် လူ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးပြောပြတာက ” ကျုံးဘေးမဟုတ်ဘူးဗျ ၇၁ လမ်းပေါ် ၂၇လမ်းနဲ့ ၂၈ လမ်းမှာထားခဲ့တဲ့ဆိုင်ကယ်ကနေပေါက်တာ ၂ခါပေါက်တာမှာ လတ်တလော လူ ၁၂ ဦးဒဏ်ရာရတယ်။ကလေး ၅ဦး လူကြီး၇ဦးပါ သေတာမရှိပါဘူး” မြို့တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖြစ်တာမဟုတ်တာကြောင့်တချို့မသိလိုက်ကြဘဲ ကျုံးဘေး တလျှောက်နဲ့ မြို့ထဲတွေမှာ အရင်နှစ်ကထက် လူစည်ကားေနဆဲဖြစ်ပါတယ်။ ဗဟိုမဏ္ဍပ်မှာလည်း ကပြဖျော်ဖြေတာတွေ တိုက်ရိုက်ထုတ်လွှင့်ဆဲဖြစ်ပါတယ်။ သင်္ကြန်မတိုင်ခင် မဏ္ဍပ်ဆောက်လုပ်ဆဲကာလကလည်း ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ၁၀၃ လမ်း မင်္ဂလာမန္တလေးမဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အေသးစားဗုံးတလုံးကွဲခဲ့ပါသေးတယ်။

Read More

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများ

မန္တလေး၊ ဧပြီ- ၁၃- ၂၀၂၄ SA(VOM) ဒီကနေ့ ဧပြီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန့်မာရိုးရာ အတာသင်္ကြန် အကြိုနေ့မှာ မန္တလေးမြို့က မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

Read More

အတင်းအဖျင်းတွေနဲ့ လူကြိုက်များအောင်လုပ်တဲ့ မီဒီယာအရေခြုံလုပ်စားများ

    ဧပြီ-၁၃-၂၀၂၄ SN (VOM)   မီဒီယာဆိုတာ သတင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကြော်ငြာနဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းဖြန့်ဝေပြီး လူအများကြားမှာ အရေးကြီးတဲ့  ဆက်သွယ်ရေးလမ်းကြောင်းကို ပေးတဲ့ ကြားခံနယ် တခုဖြစ်ပါတယ်။   ယေဘူယျအားဖြင့် မီဒီယာ အမျိုးအစားတွေကို ကြော်ငြာမီဒီယာ၊ ရုပ်သံမီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ အီလက်ထရောနစ်မီဒီယာ၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာ၊ ဟိုက်ပါမီဒီယာ၊ မာ(လ်)တီမီဒီယာ၊ လူမှုဆက်ဆံရေးမီဒီယာ စသဖြင့် မီဒီယာ အမျိုးအစားတွေ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီ့ နည်းပညာတွေအပေါ် မူတည်ပြီး သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်ပေးနိုင်တာ ဖြစ်ပါတယ်။   မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပါတယ်။ မီဒီယာဆိုတာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်ကြီး သုံးခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးတဲ့ မဏ္ဍိုင်တခုဖြစ်သလို ပြည်သူနဲ့အစိုးရကြား…

Read More

ဖယ်ခုံမှာ လက်နက်ကြီးကျလို့ သုံးယောက်သေ ၊ ငါးယောက်ဒဏ်ရာရ

ကယား၊ ဧပြီ ၁၂ -၂၀၂၄ GG (VOM) ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာမှာ မနေ့က ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ကလေးငယ်အပါအဝင် လူသုံးယောက်သေဆုံးပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့သိရပါတယ်။ ဒါ့အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” မနေ့က ညက ၁၀ နာ ရီခွဲလောက်မှ လေ‌ကြောင်းပစ်ခတ်မှုဖြစ်ခဲ့တာပါ။အဲဒီပစ်ခတ်မှုက ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ရီနွဲ့ကျေးရွာအုပ်စု ၊ ပီကင်းရွာ နဲ့ လွယ်ယင်းရွာမ ရွာထဲကိုကျခဲ့တာပါ။ညတုန်းကတော့အဲ့ဘက်ခြမ်းမှာတိုက်ပွဲဖြစ်တာမျိုးလည်းမရှိပါဘူး။ ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်ကပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးသူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်မူဆူး ၊ အသက် ၁၂ နှစ်အရွယ် မသန္တာဦးနဲ့ အသက် ၃ နှစ်အရွယ် မောင်ဆန်းမင်းအောင် တို့ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၃၇…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၀၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာမြို့မှာ ပိုင်ရှင်မဲ့ အလောင်းတွေ အတွေ့များလာ

ဧပြီ ၊ ၁၂ ၊ ၂၀၂၄ SP ( VOM) ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်တဲ့ သုံးနှစ်ကျော်ကာလ မုံရွာဝန်းကျင်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းပေါင်း နှစ်ရာနီးပါး သဂြိုလ်ပေးခဲ့ရတယ လို့ မုံရွာမြို့ခံ ပရဟိတသမားတွေမှတမ်းအရ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက် ဧပြီ ၉ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းအနီး ဆရာအတတ်သင် ပညာရေး ကောလိပ်ကျောင်းနားမှာရှိတဲ့ မြနန္ဒာသုဿန်မှာ ဦးခေါင်းပိုင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ မြနန္ဒာ သုဿန်အနီးဝန်းကျင်မှာနေတဲ့ ဒေသခံတယောက်က ” ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ( တပေါင်း လကွယ်) ည ၈ နာရီထိုးပြီးတော့…

Read More
VOM News

FREE
VIEW