သွေး (စစ်ကိုင်း) ရန်ကုန်မြို့လယ်ကောင်လို နေရာတွေမှာ ခိုစာရောင်းသူတွေ, ခိုစာကျွေးသူတွေကို တွေ့မြင်နေရပါတယ်။ လူအများစုက အဲဒီလို ခိုစာကျွေးတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိကြဘဲ အစဉ်အလာတစ်ခုကို ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ခိုတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုးမွှား အများအပြားကို သယ်ဆောင်ထားတယ် ဆိုတာ မမေ့သင့်ပါဘူး။ မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းလှပနေရမယ့် နေရာတွေမှာ ခိုချေးတွေပြန့်ကြဲ ညစ်ပေနေတာ, အနီးဝန်းကျင်အတွက် အနံ့အသက် မကောင်းတာက တော်တော်လေး မသင့်လျော်ဘူး လို့ ဆိုရမှာပါ။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးများရုံးရှေ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ပလက်ဖောင်းမှာ ခိုစာရောင်းသူ, ခိုစာကျွေးသူတွေကို နေ့စဉ်တွေ့ရပါတယ်။ ခိုတွေက အုပ်လိုက်လာရောက် စားသောက်ကြလို့ သူတို့ တောင်ပံခတ်လိုက်တိုင်း အနီးပတ်ဝန်းကျင်ဆီ အမှုန်အမွှားတွေ ပျံ့လွင့်နေပါတယ်။…
Read MoreAuthor: Editor Htein Lin
ကိုယ်ခန္ဓာသန်စွမ်းစေဖို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ တဲ့
ဆူးငှက် “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ … ယခုလို ဆောင်းဦးကာလ နှင်းတွေဖွဲဖွဲကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေသော သီချင်းသံကိုကြားယောင်နေမိပါ၏။ ထိုစဉ်က ယခုလို ဆောင်းဦးပေါက်လာပြီဆိုလျှင် စနေနေ့လို ညမျိုးတွင် နောက်ရက် မနက်စောစောလမ်းလျှောက်ပွဲ ဆင်နွှဲဖို့ အတွက် စာရင်းကောက် လှုံ့ဆော် ပြင်ဆင်ကြသည်။ ရပ်ကွက်ထိပ် ကင်းတဲမှာ ညလုံးပေါက် ဆန်ပြုပ်အိုးကြီး တည်ထား၏။ ဒါကလည်း ကင်းတဲမှာ ထိုညအလှည့်ကျ စောင့်ကြရမည့် အိမ်ထောင်ဦးစီးတွေက အိမ်ဆန်အိုးထဲမှ တစ်ဆုပ်တစ်ခွက် ယူလာကြခြင်း ဖြစ်သည်။ ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေသည့် ဒန်အိုးကြီးတစ်လုံးနှင့် ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်၏။ သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ။ ၁၃နှစ် ၁၄ နှစ်သားပေါ့။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်။ ကင်းတဲမှာ…
Read Moreရာပြည့်ကျောက်စာ နှင့် ဗြဟ္မစိုရ် လိုဂို
ဆူးငှက် သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၉၈ – ၉၉) တွင် ပရိယတ္တိ သာသနဟိတ အသင်းကြီး အနှစ် ၁၀၀ ပြည့်ပါသည်။ထိုအသင်းကြီးက သမိုင်းအရ သာမက အစဉ်အလာကြီးမားသော အသင်းကြီးမို့ မင်းကွန်း ဆရာတော်ကြီး ကိုယ်နှိက်က သာသနာ့ဖခင် အသင်းကြီးဟု တင်စားခဲ့သည်။ (ပရိယတ္တိ သာသနဟိတ အသင်းကြီးထက် သက်တမ်း ၂နှစ် ပိုကြီးသော မလွန်ဈေးဆန်လှူ အသင်းကြီးကို သာသနာ့မိခင် အသင်းကြီးဟုလည်း ဆရာတော်ကြီးက နှိုင်းခိုင်းခဲ့ပါ၏) ။ ပရိယတ္တိ သာသနဟိတအသင်းကြီးက သီပေါမင်းပါတော်မူအပြီး ၁၀နှစ်ကျော် အကြာတွင် တစ်ပါးကျွန်အောက် သာသနာမှေးမှိန်မည်ကို ကြောင့်ကြသော မန္တလေးမြို့ မိမြို့ဖကြီးများက အမြော်အမြင်ကြီးစွာ တည်ထောင်ခဲ့ကြပြီး နာမည်ကျော် သကျသီဟစာမေးပွဲဖြင့် သာသနာ့အာဇာနည်များ ကြည်ညို ပူဇော်နိုင်ခဲ့ကာ ပရိယတ္တိသာသနာ့ အကျိုးကို…
Read Moreရွာ အလှူ
ဆူးငှက် မြန်မာလူမျိုးများမှာ အဘိုး အဘွားတွေက သူတို့ မျက်စိနှစ်လုံး မမှိတ်ခင် မြေးလေး ရှင်ပြုတာ ကိုရင်ဝတ်တာ မြင်ချင်တယ် ဟု ပြောလေ့ ရှိကြသည်။ ထို့ကြောင့် ကျွန်တော့် အဘိုးဦးလူနီ မဆုံးခင် ရွာကို ကျွန်တော့် အဖေ ရောက်တော့ အိပ်ရာထဲလဲနေသော အသက်၉၀ နီးပါး အဘိုးက သူ့သား အဖေ့ကို ခေါ်ပြောသည်။ သူ့မြေး ကျွန်တော့်ကို သူရှိတုန်း ရှင်ပြုစေချင်တာတဲ့။ထိုသို့ အဖေ့ကို ခေါ်ပြောတော့ နောက်နှစ် တပို့တွဲ တပေါင်းအမီ ရွာမှာပဲ ပြန်လှူဖို့ အဘမှာ ပြင်ဆင်ရတော့သည်။ ရွာရှိ ဆွေမျိုးတွေကတဆင့် ကြိုတင်မှာသင့်တာတွေ မှာရသည်။ ငါးခြောက်တွေကိုတော့ မန္တလေး ဈေးချိုက ဝယ်ခဲ့မည်။ အလှူမှာ မောင်ရင်လောင်းက ကျွန်တော်နှင့်အတူ အစ်မကြီး၏…
Read Moreရှေးခေတ် မဟာ ဘုန်းကြီးကျောင်းများ နှင့် ကျောင်းပြောက်၊ နန်းပြောက်
ဆူးငှက် ကုန်းဘောင်ခေတ်အတွင်း တည်ဆောက်ခဲ့သည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် သစ်သား ဘုန်းကြီးကျောင်း များကို မန္တလေး၊အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း စသည့် မြို့နယ်များ တွင် အများဆုံးတွေ့ရှိနိုင်သည်။ မန္တလေးမြို့ရှိ ရှေးဟောင်းသစ်သား ဘုန်းတော်ကြီးကျောင်းများအနက် ရွှေကျောင်းတော်ကြီး၊ ရွှေအင်ပင်ကျောင်း၊ ဓမ္မိကာရာမ ရွှေကျင် ကျောင်းတိုက်၊ သင်္ဂဇာကျောင်း၊ကင်းဝန်မင်းကြီးကျောင်းဟု ထင်ရှားသည့် သာကဝန်ကျောင်း၊ မြတောင်ကျောင်း၊ မင်းထင်ကျောင်းတို့ သည် အထူးထင်ရှားကြသည်။ ကုန်းဘောင်ခေတ်တစ်လျှောက် အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီးမင်း၊ မြေဒူးမင်း၊ ဗဒုံမင်း၊ ဘကြီးတော် စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်း မင်းနှင့် သီပေါမင်းတို့သည် ဘုန်းတော်ကြီးကျောင်းများကိုဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း ကုန်းဘောင်ဆက် မဟာ ရာဇဝင်ကြီးစာအုပ်တွင် ဖော်ပြထားသည်။ မင်းတုန်းနှင့်သီပေါ မင်းနှစ်ပါးသာ နန်းစံခဲ့သည့် ရတနာပုံ ခေတ်…
Read MoreRFA ပြင်ပဆောင်းပါးရှင် ခင်မိုးညို ခေါ် သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ရှင်ဒေဝီ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချခံရ
ဇန်နဝါရီ ၊ ၁၀ ၊ ၂၀၂၄ SP (VOM) ရန်ကုန်တိုင်း ၊ အင်းစိန်မြို့ ၊ အင်းစိန်အကျဥ်းထောင်ထဲက ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဒေါ်ရှင်ဒေဝီကို ဒီကနေ့မှာ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ရန်ကုန် သတင်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ (၂၀၂၃) နှစ် အောက်တိုဘာ ၁၅ ရက် တုန်းက RFA သတင်းဌာန ပြင်ပ ဆောင်းပါးရှင် ဒေါ်ရှင်ဒေဝီ ( ခင်မိုးညို) ကို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှာ အဖမ်းခံရတယ်လို့ သတင်းကြားသေးတယ် ၊ နောက်တော့ ဘာသတင်းမှ မကြားရတော့ဘူး ၊ အဆက်သွယ်လည်း မရတော့ဘူး ၊ ဒီကနေ့မှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရတယ်လို့ ကြားရတယ် ၊ အကြမ်းဖက်မှုဆိုင်ရာ…
Read Moreရန်ကုန် နယ်နိမိတ်ထဲ ဝင်ရောက်မယ့် ကုန်ကားတွေ မိုးကာတွေမအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ်
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ – ၂၀၂၄ GG( VOM) ရန်ကုန်တိုင်း နယ်နိမိတ်ထဲ ဝင်ရောက်လာမယ့် ကုန်တင်ကားတွေအားလုံး အမိုးအကာတွေ မအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ် ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ ” နိုင်ငံတော်က လုံခြုံရေးအရ မဖြစ်သင့်တာမဖြစ်အောင် တာဝန်ရှိသူအသီးသီးက လုပ်ကြတာပေါ့။ ဘာကုန်တွေပါတယ် ဘာညာ လုံခြုံရေးအရစစ်ဆေးမှာပေါ့။ အခုကအမိန့်ပြန်တမ်းထွက်တာပဲရှိသေးတယ်။ အဓိက နိုင်ငံတော်ကလုံခြုံရေးအရ လိုအပ်မယ်ထင်လို့လုပ်တာဆိုတော့သဘောထား မှတ်ချက် မပေးချင်ဘူး ” လို့ အသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ ညွှန်ကြားစာမှာတော့ ရန်ကုန်နယ်နိမိတ်အတွင်းကို လာရောက်ပြီး ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဥ်တွေကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါလွယ်ကူလျှင်မြန်အောင်အတွက်ဆိုပြီး ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်ကားမောင်းသူတစ်ဦးက “ဂိတ်ရောက်မှ အမိုးထဲ စစ်လည်းရပါတယ်။ အမိုးတွေ ရုတ်လိုက် ပြန်အုပ်လိုက်လုပ်ရတာ ကျနော်တို့အတွက်ကိ အချိနိကြန့်ကြပါတယ်။ တမျိုးပြီးတမျိုး…
Read Moreဖြစ်ချင်လိုက်တာ ပန်းချီဆရာ
ဆူးငှက် ကုန်လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က ကျွန်တော့်ကို ပန်းချီဆရာဟု ထင်မှတ်ကြသည်။ ပန်းချီပြပွဲတွေ တကူးတကန့် ဖိတ်သည်။ပြပွဲမှာ ခင်ဗျားကားတွေ တွေ့တယ်နော်..ဟုပင် လူမှုဝတ်စကား ပြောကြသေးသည်။ ပွဲတစ်ပွဲမှာ ဆိုလျှင် ပန်တျာကျောင်းဆင်းဆရာတစ်ဦးက “ ကိုဆူးလည်း ပန်တျာက ပန်းချီကျောင်းထွက် တစ်ယောက်ပါပဲ ”ဟု အမှတ်မှား ပြောသွားခဲ့သေးသည်။ တကယ်တော့ ကျွန်တော်က လူရွှင်တော်တွေ ပြောသလို ပန်တျာကျောင်းကို အရှေ့ပေါက်က ဝင်ပြီး အနောက်ပေါက်က ထွက်ဖူးရုံပဲ ဖြစ်သည်။ ကျွန်တော် ပန်းချီဆရာမဟုတ်၊ တောက်တးီတောက်တဲ့ ဝါသနာရှင်မျှသာ ဖြစ်သည်။ ငယ်ငယ်ကတည်းကဝါသနာပါသူတို့ ထုံးစံအတိုင်း ပြက္ခဒိန်နောက်ကျောမှာ အကွက်ချပြီး အိမ်က လူကြီးတွေ ဓာတ်ပုံ ကူးဆွဲတာမျိုး…။ ရုပ်ရှင်မင်းသား မင်းသမီးပုံ ကူးဆွဲတာမျိုး ဖြစ်သည်။ ဓာတ်ပုံတွေ ဆွဲစရာမရှိတော့…
Read Moreရူးရုံမက မိုက်လည်း မိုက်ပါမှ
ဆူးငှက် ၁၉၉၀ ကျော်ကာလ။ ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ခပ်ကျဲကျဲ ဖြစ်သော်လည်း ညတိုင်လျှင် စာရေးဆရာမိတ်ဆွေတွေ ညတိုင်းလိုလို ဆုံဖြစ်ကြသည်။ ၁၉၈၈ ပြီးမှ ခင်မင်ခဲ့သော ပန်းချီစိုးဝင်းငြိမ်းရောက်လာသည်။ ဆိုင်မှာ စဖွင့်ကတည်းက အားပေးခဲ့သော ပန်းချီကိုခင်မောင်စန်းတို့ ဇနီးမောင်နှံနှင့် ပတ်သက်သည့် စာပေဗိမာန်စာမူဆုရှင် ကိုရိုးကွန့်ကမုတ်ဆိတ်မွေး ပါးသိုင်းမွေး နှုတ်ခမ်းမွေးတွေနှင့် ရောက်လာသည်။ လူထုတိုက်က ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) ရောက်လာသည်။ ဆရာညိုထွန်းလူရောက်လာသည်။ ဆရာ ချမ်းမင်းအိမ်က ပြိုင်ဘီးလေးစီးကာ ရှိုးစမိုးတွေ အပြည့်နှင့်ရောက်လာသည်။ တစ်ခါတရံ ဆရာဝင်းစည်သူလည်း သူ့ကားလေးနှင့် ရောက်လာသည်။ မြို့သစ်မှာ ဆေးခန်းဖွင့်နေသည့် ဆရာကျော်စွာထက်လည်း တစ်ခါတရံရောက်လာသည်။ ပန်တျာကျောင်းဝင်း ထဲမှာနေသည့် ဆရာပိုင်စိုးဝေလည်း ရောက်လာသည်။ညနေပိုင်း စောစောမှာတော့ ဆရာမညိုညိုတင်လှ၊ ဆရာမ နှင်းဆီအောင်တို့ ရောက်လာသည်။ မနက်ပိုင်းမှာ ဆရာသိုက်ထွန်းသက်လည်း လူထုတိုက်…
Read Moreဘိုးတော်ဘုရား ဖောက်ခဲ့သည့် ရွှေတချောင်းမြောင်း
ဘိုးတော်ဘုရား ဖောက်ခဲ့သည့် ရွှေတချောင်းမြောင်း ဆူးငှက် ပဒုမ္မာရွှေကြာ၊ ဘိုးတော်စံရာ၊ နတ်ပြည်နှင့်တူလေခြင်း၊ ဘိုးတော်စံခင်း ဟူသည်နှင့်အညီ အမရပူမြို့သည်ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝ လောက်ကဆိုလျှင် နတ်ဘုံနတ်နန်းတမျှ ခမ်းနား သိုက်မြိုက်သော မင်းနေပြည်တော်ကြီးဖြစ်ခဲ့ဖူးလေသည်။ သေခြင်းကင်းရာ ပြည်သာယာဟု အဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည် နန်းတည်ဖြစ်သော မင်းကား အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော် ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက် အုပ်စိုးပြီးနေရာမှအင်္ဂလိပ်တို့၏ သင်္ဘောမှာ ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ရှိကြောင်းသိသဖြင့် မြို့သစ် နန်းသစ်တည်ရန် ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍…
Read More