ဒီဇင်ဘာ ၃၁ – ၂၀၂၅ SS (VOM) ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်တွေမှာ စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ နာဂအမျိုးသားပါတီ (NNP) က အနိုင်ရရှိခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။ အဲဒီဒေသမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ နာဂအမျိုးသားပါတီ (NNP) တို့ ယှဉ်ပြိုင် အရွေးခံခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေမယ့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ လွှတ်တော် သုံးရပ်လုံးမှာ နာဂအမျိုးသားပါတီဘက်က အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က ငါးမြို့နယ်ပြိုင်တာ။ လေးမြို့နယ်က စာရင်း အတိအကျရပြီ။ အားလုံးနိုင်တယ်။ မဲရလဒ်…
Read MoreAuthor: Editor Htein Lin
ရန်ကုန်မှာ နယူးရီးယားည ယာဥ်တိုက်မှုကြောင့် လေးယောက်သေပြီး နှစ်ယောက် ဒဏ်ရာပြင်းထန်
ဇန်နဝါရီ ၁ ၊၂၀၂၆ GG (VOM) နယူးရီးယားည နဲ့ နယူးရီးယား အပြီး နှစ်သစ်ကာလ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန် မှာ ယာဥ်တိုက်မှုကြောင့် လေးယောက် သေဆုံးကာ နောက်ထပ် နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစော ၄ နာရီ ကျော်လောက်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူတွေ အနက် နှစ်ယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ် ။ သေဆုံးသူ နှစ်ယောက်က…
Read Moreပျဉ်းမနား မီးလောင်မှု နေအိမ် အလုံး ၆၀ ကျော်ဆုံးရှုံး၊ ပြည်သူ ၃၀၀ ကျော် မီးဘေးသင့်
ဇန်နဝါရီ ၁ – ၂၀၂၆ SS (VOM) နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)၊ ရန်နိုင်ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ဖြစ်စဉ်အတွင်း နေအိမ် အလုံး ၆၀ ကျော် ဆုံးရှုံးခဲ့ပြီး ပြည်သူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်း (ပျဥ်းမနား) မှ သိရပါတယ်။ မနေ့ ညနေ ၆ နာရီ ၅၅ မိနစ် ဝန်းကျင်မှ စတင်ကာ အချိန် တနာရီဝန်းကျင်ကြာအောင် Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် ၆၂ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကာ လူဦးရေ ၃၄၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ “ဝါယာရှော့ကြောင့် မီးလောင်တာပါ။…
Read Moreဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ
ဇန်နဝါရီ ၁ – ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီးဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လည်ပင်း ဓားဒဏ်ရာတချက် ၊…
Read Moreငါးသိန်းပေးရင် ငါးရက်အတွင်း ပတ်စ်ပို့စာအုပ် ရပြီ
ဇန်နဝါရီ ၁ ၊ ၂၀၂၆ CC (VOM) ပြည်ပကို အရေးကြီး ၊ အရေးပေါ် သွားရောက်ဖို့ လိုအပ်သူတွေကို အမြန်ဝန်ဆောင်မှု (Express Service) စနစ်နဲ့ ငါးရက် အတွင်း နိုင်ငံကူးလက်မှတ် Passport ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန် အသိပေးထား ပါတယ်။ အမြန်ဝန်ဆောင်မှု စနစ်နဲ့ Passport ထုတ်ပေးမယ့် စနစ်ကို ဇန်နဝါရီ ၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုး အပါအဝင် ငါးသိန်းလေးသောင်း ငါးထောင်ကျပ် ( ၅၄၅၀၀၀ ကျပ် ) ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ အမြန် ဝန်ဆောင်မှု စနစ်နဲ့ လျှောက်ထား…
Read Moreလီဂျေးမြောင်နဲ့ ရှီကျင်းပင်တို့ ပေကျင်းမှာ ထိပ်သီးဆွေးနွေးမယ်
ဆိုးလ်၊ ဇန်နဝါရီ-၁-၂၀၂၅ ရတီ (VOM) တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဟာ ဇန်နဝါရီ ၄ ရက်မှစပြီး တရုတ်နိုင်ငံသို့ လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ပေကျင်းမှာ ထိပ်သီးဆွေးနွေးမယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။ သမ္မတလီဂျေးမြောင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပြည့်စုံတဲ့ ပြန်လည်ထူထောင်ရေးအတွက် အရှိန်အဟုန်ကို ခိုင်မာစေမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါဟာ ဇွန်လမှာ သမ္မတရာထူးတာဝန်ယူပြီးနောက် လီဂျေးမြောင်၏ရဲ့ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်ပါ။ ခေါင်းဆောင်နှစ်ယောက်ဟာ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားကဏ္ဍတွေအပေါ် ဆွေးနွေးကြမှာဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေး အစီအစဉ်တွေကို အသေးစိတ်စီစဉ်နေဆဲဖြစ်ပေမယ့် ခေါင်းဆောင်တွေဟာ အရှေ့မြောက်အာရှတခုလုံးရဲ့ အခြေအနေတွေကို ဆွေးနွေးကြမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါဟာ ၁၁ နှစ်အတွင်း တောင်ကိုရီးယားသမ္မတတယောက်ရဲ့ ပထမဆုံးသော…
Read Moreအစိုးရအဆောက်အအုံထဲ အီရန်ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီး ဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်
တီဟီရန်၊ ဇန်နဝါရီ-၁-၂၀၂၆ မျိုးဆက်(VOM) အီရန်မှာ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ စတုတ္ထမြောက်နေ့မှာ နိုင်ငံတောင်ပိုင်း ဖားစ် ပြည်နယ်ရှိ ဒေသန္တရအစိုးရအဆောက်အအုံတခုထဲကို ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဖားစ်မြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေအတွင်း ရဲသုံးယောက်ဒဏ်ရာရခဲ့ပြီး လူလေးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ပိုင်း ဟာမီဒန်နဲ့ လော်ရီစတန် ပြည်နယ်တွေမှာလည်း ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မြို့တော် တီဟိရန် ရှိ အာဏာပိုင်တွေကတော့ ဗုဒ္ဓဟူးနေ့ကို ဘဏ်ပိတ်ရက်အဖြစ် ကြေညာခဲ့ပြီး ဒါဟာ မငြိမ်မသက်မှုတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုလို့ ရှုမြင်ရပါတယ်။ နိုင်ငံတဝန်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားရပါတယ်။ ဆန္ဒပြမှုတွေဟာ တနင်္ဂနွေနေ့မှာ တီဟီရန်မှာ စတင်ခဲ့ပြီး ငွေကြေးဖောင်းပွမှု ၊ အီရန်ငွေကြေးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် စံချိန်တင်ကျဆင်းသွားတာကြောင့် အမျက်ဒေသထွက်နေတဲ့…
Read Moreနတ်တလင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး လေးယောက်သေ သုံးယောက် ဒဏ်ရာရ
ဇန်နဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ နတ်တလင်း မြို့နယ်ထဲက တယ်လေးကျေးရွာ ဘက်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူ လေးယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ သုံးယောက် ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီလောက်မှာ လေကြောင်း တိုက်ခိုက်ခံခဲ့ ရတာဖြစ်ပြီး သေဆုံးသူတွေက အမျိုးသမီး တွေ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ” နတ်တလင်းမှာ ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲတွေ ဖြစ်ပြီး အဲဒီနောက် ခုလို လေကြောင်းကနေ ဗုံးကြဲခံ ရတာပါ ။ PDF တွေ…
Read Moreသန်လျင်မှာ တွဲကားနဲ့ လိုက်ထရပ် တိုက်မိလို့ ကလေးတယောက် သေပြီး ၁၀ ယောက်ဒဏ်ရာရ
ဇန်နဝါရီ ၁ ၊ ၂၀၂၆ CC (VOM) ရန်ကုန် တိုင်း ၊ သန်လျင်မြို့နယ် ၊ အောင်သပြေ ၆ လမ်းသွား လမ်းဆုံမှာ တွဲကားနဲ့ လိုက်ထရပ် ကားတိုက်မိပြီး ကလေးတယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ ၊ ညနေ ၃ နာရီ ၃၀ မိနစ်လောက်မှာ ကျောက်တန်းမြို့ကို သွားရောက်စဥ် အောင်သပြေ ၆ လမ်းသွား လမ်းဆုံမှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေက လိုက်ထရပ် ကားပေါ်က အမျိုးသား သုံးယောက် နဲ့ အမျိုးသမီး ခုနှစ်ယောက် တို့ ဖြစ်တယ်လို့ သိရပါတယ်။ ” သေဆုံးတာက ကလေးလေး…
Read Moreအင်းစိန်မှာ ရထားလမ်းဘေး ခွေးစာ အမြဲကျွေးတဲ့ အမျိုးသား တယောက် ရထားတိုက် ခံရပြီး သေဆုံးခဲ့
ဇန်နဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ အင်းစိန်မြို့နယ် ၊ ဖော့ကန် ဘူတာနဲ့ ရွာမ ဘူတာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ခွေးစာ အမြဲကျွေးလေ့ ရှိတဲ့ အမျိုးသား တယောက် ရထား တိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ရထားတိုက်ခံရပြီး သေဆုံးသူ အမျိုးသားကအသက် ၄၀ ကျော်အရွယ် ဖြစ်ပြီး မိသားစုနဲ့ အတူ အဆိုပါ ရထားလမ်းဘေးမှာပဲ အဟောင်း ပစ္စည်းဆိုင် ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ “သူက အဲနားမှာ သူ့ရဲ့ အိမ်မွေးခွေးလည်း ကျောင်းတယ် ။ ခွေးစာတွေ လည်းကျွေးတယ် ။တိုက်တဲ့ အချိန်ကလည်း ၁၀ နာရီကျော်ကျော် လောက်ဆိုတော့ မူးနေတာ လည်းမဟုတ်ဘူး…
Read More