ကြောက်တတ်ရင် နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး
U Ko Ko Gyi
သြဂုတ်လ ၂၃ ရက်နေ့၊ ၂၀၂၃ ခုနှစ်ဟာ ၁၉၈၈ ကနေ နိုင်ငံရေးခရီးဖြတ်သန်းခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီ၊ ၅ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ နစက တက်ပြီး နောက်ပိုင်း ပြည်သူ့ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်သူ့ပါတီရဲ့ ၅ နှစ်တာ ခရီးဟာ ဘယ်လောက် ခရိးရောက်လို့ ဘာအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရလဲ၊ အနာဂတ်ခရီးအတွက် ဘာမူဝါဒတွေ ကိုင်ဆွဲပြီး ခရီးဆက်မလဲ ဆိုတာတွေကို၊ ပြည်သူ့ပါတီရဲ့ ဥက္ကဌလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
Read More
“အမှိုက်က စ ပြသာဒ်မီးလောင်သလိုပေါ့ UECက မဲစာရင်းကိစွနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ရင် တပ်မတော်က အာဏာသိမ်းဖို့ အကြောင်းရှာ လို့မရတော့ဘူး” ဦးရဲထွန်း(သီပေါ)
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁ အေးချမ်းသူ (VOM) တပ်မတော်က အာ့ကြောင့်အာဏာရယူခဲ့လဲ။ ဒီဖြစ်စဉ်တွေဟာ ဘာကြောင့်ဖြစ်ခဲ့တာလဲ။ နောင်အနာဂတ်မှာ မြန်မာနိူင်ငံရဲ့အခြေအနေဟာ ဘယ်လိုတွေဖြစ်လာနိူင်လဲဆိုတာ နိူင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်း(သီပေါ)နဲ့ VOM သတင်းထောက် အေးချမ်းသူက ဆက်သွယ်မေးမြန်းထားပါတယ်။   VOM – လက်ရှိအခြေအနေတွေအရ အာဏာသိမ်းတာ အာဏာလွှဲပြောင်းယူတာဆိုတာတွေက အဓိက ဘာကြောင့် ဖြစ်လာရတယ်လို့ မြင်လဲ။ UYT – အကြောင်းအရင်းက နှစ်ချက်ရှိတယ်။ အခြေခံအကြောင်းအရင်းနဲ့ လတ်တလော အကြောင်းအရင်းနှစ်ချက်ရှိတယ်။ အခြေခံ အကြောင်းအရင်းတွေကတော့ တပ်ကလာတဲ့NLDနဲ့ပြိုင်ဘက် ပါတီတွေ ဒီတစ်ကြိမ်ရွေးကောက်ပွဲ မှာတော်တော်များများ ပါတီတွေက အရွေးမခံရဘူး။ အထူးသဖြင့် ပြည်မကို အခြေခံတဲ့ နိူင်ငံရေးပါတီကြီးတွေပေါ့။ ဦးရွှေမန်းပါတီ၊ ဒေါက်သက်သက်ခိုင်ပါတီ၊ ဦးသိန်းညွန့် တို့ NDFတို့ တစညတို့ အဲ့လိုပါတီကြီးတွေက လုံးဝအရွေးမခံရဘူး။ တိုင်းရင်းသားပါတီတွေ တော်တော်များများလဲ အရွေးမခံရဘူး။   အဲ့မှာသူတို့အမြင်တစ်ခု…
Read More
စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် သူတို့ သဘောထား
Read More
နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားသလား
Read More
Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက်
Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက် ရက်စွဲ ။ ။ ၂၅၊ ၆၊ ၂၀၂၀ မတ်လ (၂၇) ရက်၊ ၂၀၂၀ ခုနှစ်တွင် VOM က တင်ဆက်ခဲ့သည့် ” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားပြီ” ခေါင်းစဉ်နှင့် ရေးသားခဲ့သော အေအေအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် အင်တာဗျူးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ သတင်းမီဒီယာကျင့်ဝတ်များအရ နိုင်ငံသားတိုင်း သိပိုင်ခွင့်ရှိသည့် သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးခြင်း သက်သက် ဖြစ်ပါသည်။ အဆိုပါ အင်တာဗျူးကို တင်ဆက်ခဲ့ခြင်းကြောင့် VOM ၏ တာဝန်ရှိသူ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို မှုခင်းရဲတပ်ဖွဲ့မှ ၁၀…
Read More
ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား
ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား ရန်ကုန်။ ဇွန် ၆၊ ၂၀၂၀။ သူရိန် (VOM) ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဆီကို ဇွန်လ ၅ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး၊ တင်ပြခဲ့တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဇေယျက ပြောပါတယ်။ “ကျွန်တော်က အဆိုတင်လိုက်တယ်။ တင်ခွင့်ရမရဆိုတာက လွှတ်တော်ဥက္ကဌရဲ့ဆုံးဖြတ်ချက်ပေါ့ဗျာ။ လွှတ်တော်ဥက္ကဌက သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဆိုတော့ ဥက္ကဋ္ဌလက်ခံနိုင်အောင် ကိုယ်စားလှယ်လေးပုံတပုံ လက်မှတ်ထိုးပြီး တင်လိုက်တယ်။ ဥပဒေအရသူလက်မခံလို့မရတော့ဘူး။ ဦးတီခွန်မြတ်ကိစ္စတုန်းကလို မဲခွဲဆုံးဖြတ်ရတော့မယ်။ နိုင်ရင်တော့ ဆက်ရှိနေမှာပေါ့။ ရှုံးရင်တော့သူထွက်ရမှာပေါ့လို့” ့ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက လက်မှတ်ထိုးပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့ အဲ့ဒီအဆိုကို လက်မှတ်ရေးထိုးတင်ပြခဲ့တာကို တိုင်းဒေသကြီးလွှတ်တော်က လက်ခံထားခဲ့တယ်လို့ သူက ဆိုပါတယ်။…
Read More
ရွာအုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသူ ထောင် ၅ နှစ်ကျ
ရွာအုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသူ ထောင် ၅ နှစ်ကျ မေ ၁၊ ၂၀၂၀။ ငြိမ်းသူမင်း (VOM) ၊ ကလေး။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တင်းတိမ်ရံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ကို ဓါးနဲ့ ထိုးခဲ့သူကို ကျွန်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံက ဧပြီလဆန်းတုန်းက ပြန်လာတဲ့ အမှုကျူးလွန်းခဲ့သူ ဦးကျော်ခိုင် (၃၉) နှစ်ဟာ တင်းတိမ်ရံရွာ စာသင်ကျောင်းမှာ စောင့်ကြည့်ခြေချုပ်နဲ့ နေထိုင်နေရသူဖြစ်ပြီး၊အခြားအဆောင်တခုက စောင့်ကြည့်ခြေချုပ်နဲ့ နေတဲ့သူတွေဆီ လျှောက်သွားခဲ့တာကို ရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။ အဲ့ဒီ အပေါ် မကျေနပ်လို့ဆိုပြီး ဧပြီ၁၉ ရက်နေ့မှာ ရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စောကို ဓားနဲ့ထိုးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့က ဖြစ်စဉ် မှာ ဦးကျော်ခိုင် က ဓါးနဲ့ ထိုးတာကြောင့် အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ…
Read More
အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ
အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ ရန်ကုန်၊ ဧပြီ ၂၉-၂၀၂၀ သိင်္ဂီ(VOM) “ငါအလုပ်လုပ်နေရဲ့သားနဲ့ ဒီစာရင်းထဲဘာလို့ပါရတာလဲ၊ဒီအချိန်ကြီးကျမှ လုပ်ရသလား။ဒီအချိန်မှာ အလုပ်သစ်က ရှာရခက်တယ်လေ ” ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်းပြောပြလာသူကတော့ မြန်မာတိုင်းမ် သတင်းဌာနရဲ့ အလုပ်သမားလျှော့ချစာရင်းမှာ ပါ၀င်ခဲ့သူ အယ်ဒီတာတစ်ဦးက ပြောပါတယ်။ သူဟာမြန်မာတိုင်းမ်သတင်းစာမှာ အချိန် ၃ နှစ်ကျော်တာ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ခုတော့ လူဦးရေလျှော့ချခံလိုက်ရပါပြီ။သူနဲ့အတူ သတင်းသမား ၇၀ နီးပါး လူဦးရေလျှော့ချခံခဲ့ရတာပါ။ “အလုပ်ကထုတ်တာမဟုတ်ဘူး၊ ဆိုင်းငံတာဆိုပေမယ့်လည်း ခုကထုတ်လိုက်တဲ့ပုံစံဖြစ်နေတယ်။ မိသားစု စိတ်ဓာတ်မရှိတာပေါ့။ ဒီကာလမှာ အလုပ်သစ်ရှာဖို့ခက်တယ် ၊ဒီကာလပြီးရင်တောင် အလုပ်သစ်ခေါ်တာ ရှိချင်မှရှိမယ်။ ကိုဗစ်ကာလက ဘယ်အထိရှည်မလဲ မသိနိုင်ဘူး။လောလောဆယ်တော့ တိုင်ထားတယ်။ ဖြေရှင်း ပေးနေကြတယ်။ နစ်နာကြေးကို အချိန်ဆွဲချင်တာလို့မြင်တယ်။ မပေးလို့တော့မရဘူးပေါ့။”လို့ သူက ထပ်မံပြောဆိုပါတယ်။ ဒါ့အပြင် မီဒီယာတိုက်ကြီးဖြစ်တဲ့ဧရာ၀တီသတင်းဌာနကလည်း လူဦးရေလျှော့ချခဲ့သလို အကုန်သိသတင်းဌာနကလည်း ဝန်ထမ်းတွေကို အလုပ်ကနေ ယာယီရပ်နားလိုက်ပြန်ပါတယ်။ ခုချိန်ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာကြောင့်…
Read More
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ ကလေး၊ ဧပြီ ၂၉၊ ၂၀၂၀ ငြိမ်းသူမင်း (VOM) ကိုဗစ်၁၉ ပြန့်နှံ့မှု ကာကွယ်ရေးအတွက် lockdown ချထားတဲ့၊ ပထမဆုံး ကိုဗစ်၁၉ လူနာ တွေ့ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lockdown ဖြည်ရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။ ဝန်ကြီးက “ခု ပြည်ထောင်စုကို သဘောထား တင်ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် အတိုင်းပဲ ဆက်လုပ်ဖို့ပေါ့နော်။ Lockdown ချ ထားတာ တစ်လကျော်လာပြီ ဆိုတော့ ဖြေသင့်ပြီလို့ သုံးသပ်တယ်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးဌာနရဲ့ အကြံပြုချက် တောင်းထားပါတယ်။ လောလောဆယ် မှာတော့…
Read More
သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ်
သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ် စစ်ကိုင်း ဧပြီ ၂၅ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူဝိပဿနာမှာ Quarantine ဝင်နေတဲ့ အိန္ဒိယနိုင်ငံပြန် သံဃာတော်များ အပါအဝင် ၂၇၁ဦးရဲ့ ဆေးစစ်ချက်မှာ Covid 19 ပိုးမရှိဘူးလို့ လူမှုကွန်ယက်မှာ ပြန့်နှံ့နေတာဟာ မှန်ကန်မှု မရှိသေးဘူးလို့ စစ်ကိုင်းခရိုင္ ကျန်းမာရေးဌာန VOM (Voice Of Myanmar) ကိုပြောပါတယ်။ “အဲ့ဒါက ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေက မသေချာသေးဘူး။ သူတို့မနေ့ည ထုတ်ပြန်ချက် ဆိုတာကလေ။ အခုလက်ရှိဆရာတို့ဆီကို တရားဝင်အကြောင်းကြား စာမရောက်သေးဘူး ဓာတ်ခွဲ နမူနာတွေကို ဒီနေ့မှစစ်မယ်လို့လည်း ဆရာတို့ကြားတယ်။ အခုဟာ က မနေ့ကစစ်ဆေးမှုမှာ အကုန်ပြီးပြီဆိုပြီး လူမှုကွန်ယက်မှာရေးတာက မှန်း ရေးနေကြတဲ့သဘောတွေ ဖြစ်နေတာပေါ့။ ဆရာတို့ မျက်စိလည်သွားလို့သေချာ စုံစမ်းလိုက်တဲ့အခါ…
Read More
VOM News
FREE
VIEW