သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်

(Zawgyi) သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန် မန္တလေး၊ နိုဝင်ဘာ ၃၀၊ ၂၀၁၉ VOM အမျိုးသား စာပေဆုရှင်၊ သတင်းစာဆရာနဲ့ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန် (၈၃နှစ်) ဟာ ဒီနေ့ ညနေ ၃ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မန္တလေးမြို့က ဆရာညိုထွန်းလူက “တနေ့ကတင် ဘကြီးမိုးတို့နဲ့ ဆုံတော့ သက်ကြီးဆရာကြီးတွေ တွေ့ကြတော့ သူနဲ့တွေ့ရသေးတယ်။ စံတော်ချိန်မှာတောင် ကျနော်ရေးလိုက်သေးတယ်။ ပြီးတော့ မင်္ဂလာဆောင်တခုမှလည်း တွေ့ရသေးတယ်။ ခု သူရုတ်တရက်ကြီး ဆုံးသွားတယ်ဆိုတော့ တော်တော့်ကို စိတ်မကောင်းဘူးဗျာ။ အဲ့ဒီတုန်းကတွေ့တာ နောက်ဆုံးနှုတ်ဆက်သွားတာလားလို့တောင် တွေးမိတယ်ဗျာ။ မန္တလေးအတွက် သူလုပ်သွားတာ မနည်းဘူး။ ဒီဆုံးရှုံးမှုက တော်တော်ဝမ်းနည်းစရာ ကောင်းတယ်ဗျ။ သူလိုလူမျိုးက မပေါ်နိုင်တော့ဘူး။ အမေ လူထု ဒေါ်အမာတို့ ဆရာဦးမောင်မောင်တင်တို့လို လူမျိုး အစားမပေါ်သလို ဆရာ ဦးထွန်ရှိန်လိုလူမျိုး ပေါ်ဖို့ဆိုတာလည်း…

Read More

စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို

Zawgyi စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉ သီရိ (VOM) စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စက်မှုလက် မှုလုပ်ငန်းတွေ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အခုထက် ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အ သွင်းကူးပြောင်းမှု ရလဒ်တွေကို ရရှိမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဆက် အောင်က ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင် သတ်မှတ်ဖွဲ့စည်းရေးကိစ္စနဲ့ စပ်လျှဉ်းရှင်းလင်းချိန်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနမှာ ဦးစီးဌာန ၃ ခုနဲ့ လုပ်ငန်း ၄ ခုရှိပြီး ဦးစီးဌာန ၃ ခုမှာ…

Read More

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်

Zawgyi နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉ သီရိ (VOM) လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်က နေပြည်တော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းရေးခန်းမမှာ လုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို လာရောက်နေတဲ့ ခရီးစဉ်အတွင်း ရခိုင်လက် နက်ကိုင်အဖွဲ့ အေအေက ဖမ်းဆီခေါ်ဆောင်ထားပြီး ငွေကျပ် သိန်းသုံးထောင်နဲ့ ပြန်လည်ရွေးယူဖို့ ထုတ်ပြန် ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုက ရွေးချယ်ထားတဲ့သူ၊ ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း ကိုယ်စားပြုသူလည်းဖြစ်လို့ ၎င်းကို…

Read More

နှစ်ပေါင်း(၂၀၀)ခန့်ရှိ ဆင်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အမရပူရမှာတွေ့

Zawgyi မန္တလေး၊ နိုဝင်ဘာ ၇-၂၀၁၉ ရှိုင်းအောင်(VOM) မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ရွာဦးကျောင်းတိုက်မှာ ဆွမ်းစားကျောင်းဆောင် ဆောက်ဖို့အတွက် လိုင်းကျင်းတူးရာကနေ နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်တဲ့ ဆင်းတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတွေကို နိုဝင်ဘာ၅ရက်နေ့က တွေ့ခဲ့ပါတယ်။ ရှမ်းကလေးကျွန်းကျေးရွာ ရွာဦးကျောင်း ဆရာတော်က ” လိုင်းကျင်းတူးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အနက် ၇ ပေခန့်ရောက်တော့ လိုင်းကျင်းတူးတဲ့သူက ထွက်လာတဲ့ အစကို အင်္ဂတေလား တခြားဟာလားဆိုပြီး ရေဆေးကြည့်တော့ အံသွားကြီးသဘောမျိုး မေးရိုးကြီးသဘောမျိုးတွေ့ပါတယ် ဒါနဲ့ မြေတူးနေတာကို ရပ်ဆိုင်းပြီး ရှေးဟောင်းသုတေသနဌာနကို ပထမဦးဆုံး ဆက်သွယ်ခဲ့တယ်” လို့ မိန့်ပါတယ်။ ရှေးဟောင်းသုတေသန အတည်ပြုချက်အရ ဒီအရိုးစုဟာ ကျောက်ဖြစ်ရုပ်အကြွင်း ဖြစ်မယ့်အနေအထားမှာပဲ ရှိသေးတယ်လို့ ရှမ်းကလေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “ရှေးဟောင်းသုတေသနဌာနအနေနဲ့က တိုင်းထွာ၊ စစ်ဆေး၊ အချက်အလက်တွေ…

Read More

ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သား ၃၀ ကျော်ကို ရသေ့တောင်ကနေ အေအေအဖွဲ့ ခေါ်သွား

စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရေယာဉ်များ

  ရသေ့တောင်၊ အောက်တိုဘာ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးရေယာဉ်တစ်စီးဖြစ်တဲ့ ရွှေနဒီအမြန်ရေယာဉ်လိုင်းမှ ရေယာဉ်တစ်စီးကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ အေအေတပ်ဖွဲ့က ကမ်းကပ်ခိုင်းပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခရီးသည်တချို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီရေယာဉ်ဟာ ဒီကနေ့မနက်ပိုင်း ၆ နာရီမှာ စစ်တွေဆိပ်ကမ်းကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး မနက်ပိုင်း ၉ နာရီလောက်မှာ ရသေ့တောင်မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ ရွှေနဒီ ရေယာဉ်ဟာ ရသေ့တောင်ကနေ ထွက်ခွာလာခဲ့ပြီး နာရီခွဲလောက်အကြာ ပြိန်းတောကျေးရွာနဲ့ ရေမျက်ကျေးရွာအကြားမှာအခုလို ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ရွှေနဒီ ရေယာဉ်ပေါ်မှာလိုက်ပါလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကို ခေါ်ဆောင်သွားခဲ့တာဖြစ်သလို အရပ်သားတချို့လဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။ “ရသေ့တောင်ကအထွက်ပေါ့နော်။ ပြိန်းတောရွာနဲ့ ရေမျက်ရွာအကြားမှာ သူတို့က…

Read More

အီရတ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ တစ်နေ့တည်း လူ ၄၀ သေဆုံး

ဘဂ္ဂဒက်၊ အောက်တိုဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM)   အီရတ်နိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တစ်နေ့တည်း လူ ၄၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။   သေဆုံးသူတွေထဲက နှစ်ဦးကတော့ ဘဂ္ဂဒက်မြို့မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ထက်၀က်ကတော့ အီရတ်စစ်ဘက်နဲ့ အစိုးရရုံးတွေကို ၀င်ရောက်စီးနှင်းဖို့ ကြိုးစားရင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။   ဆန္ဒပြသူတွေဟာ အလုပ်အကိုင်ရရှိရေးနဲ့ ပြည်သူတွေအပေါ် ပေးတဲ့ ပြည်သူ့၀န်ဆောင်မှုတွေ ကောင်းမွန်စွာရရှိရေးနဲ့ အကျင့်ပျက်ချစားမှုတွေ အဆုံးသတ်ရေးတို့ကို တောင်းဆိုနေကြပါတယ်။ နိုင်ငံတစ်၀န်း ဆန္ဒပြပွဲတွေကြောင့် လူ ၂၀၀၀ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဆိုပါတယ်။   အီရတ်မှာ အလားတူဆန္ဒပြပွဲတွေ ယခုလအစောပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ နှိမ်နှင်းမှုတွေကြောင့်…

Read More

ကယ်လီဖိုးနီးယားမှာ တောမီးအကြီးအကျယ်လောင်ကျွမ်း၊ အဝေးပြေးလမ်းနဲ့ စာသင်ကျောင်းတွေပိတ်ထားရ

လော့အိန်ဂျလိစ်၊ အောက်တိုဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းနေတာကြောင့် နေအ်ိမ်တွေမီးလောင်ကျွမ်းနေသလို ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရပါတယ်။ ပြည်နယ် တောင်ပိုင်းဒေသတစ်ခုတည်းမှာပင် မီးသတ်သမား တစ်ထောင်လောက်နဲ့ မီးငြိမ်းသတ်ရေး လုပ်ဆောင်နေရပါတယ်။ လော့အိန်ဂျလိစ်မြောက်ပိုင်း ဆန်တာကလာရီတာအနီးနေထိုင်တဲ့ သောင်းချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး တောမီးဟာဧကလေးထောင်ကျော်အထိ လောင်ကျွမ်းနေပါတယ်။ တောမီးကြောင့် အဲဒီဒေသက အဓိကအဝေးပြေးလမ်းမကြီးအပါအ၀င် စာသင်ကျောင်းအားလုံး ပိတ်ထားလိုက်ရပြီး ခရီးဝေးသွားပြီး အလုပ်လုပ်ကိုင်ရသူတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။ လေတိုက်နှုန်းဟာလည်း တစ်နာရီကို ၁၀၅ ကီလိုမီတာနှုန်းတိုက်ခတ်နေတာကြောင့် မီးဟာ အလျင်အမြန် လောင်ကျွမ်းနေပြီး အောက်တိုဘာ ၂၅ ရက်နေ့ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လူနေဒေသတွေကို ဦးတည်နေပြီး အဆောက်အအုံ ၁၀၀၀ ကျော်ကို လောင်ကျွမ်းလာနိုင်တဲ့ တောမီးကို မီးသတ်ရဟတ်ယာဉ်တွေရဲ့ အကူအညီနဲ့ မီးသတ်သမား ၁၃၂၅ ဦးက ငြိမ်းသတ်လျက်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်ကလည်း…

Read More

China Today မျက်နှာဖုံး ကိစ္စ ပြည်ထောင်စုအဆင့် တင်ပြထား

မန္တ​လေး၊ စက်တင်ဘာ ၂၄၊ ၂၀၁၉ ဖြူဖြူ (VOM)     မန္တ​လေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်မှာ တရုတ်​နန်းမြို့ရိုးပုံ ရောင်ပြန်​ထင်ဟပ်နေတဲ့ ရုပ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ China Today မဂ္ဂဇင်း ကိစ္စနဲ့ပတ်​သက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​​ပေးဖို့ သာသနာ​ရေးနဲ့ ယဉ်​​ကျေးမှုဝန်​ကြီးဌာနကို တင်​ပြထားတယ်​လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ဝေတဲ့  China Today မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံဟာ  Facebook လူမှုကွန်​ရက်​ စာမျက်​နှာက​နေတစ်​ဆင့်​ လူသိများလာပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။   “သူတို့နိုင်​ငံမှာလည်း ဒီလိုနန်း​တော်​မျိုးရှိပါတယ်​ ဆိုတဲ့ဟာကို ပြချင်​လို့ထုတ်​တာပါလို့​ပြောတယ်​။ ဒါ​ပေမယ့်​ ပြည်​သူ​တွေရဲ့တုန့်​ပြန်​ချက်​ကကျ တမျိုးမြင်​တယ်​။ အဲ​ဒီတော့ ပြည်​​ထောင်​စုကိုတင်​လိုက်​ပါပြီ။  ကျ​နော်​ရဲ့လုပ်​ပိုင်​ခွင့်​က​တော့ သာသနာ​ရေးဝန်​ကြီးဌာနကို တင်​ပြထားတယ်​” လို့ မန္တ​လေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ဒီနေ့ကျင်းပတဲ့ လွှတ်တော်စည်းဝေးအပြီးမှာ သတင်းထောက်တွေကို ​ပြောပါတယ်​။  …

Read More

အန်အယ်လ်ဒီဟာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေတယ်လို့ တစညပါတီ ဝေဖန်

ရန်ကုန် စက်တင်ဘာ ၂၄ သိဂီ င်္(VOM)   NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာမျှော်လင့်သလို ဖြစ်မလာတဲ့အပြင် တောင်စမ်းစမ်း မြောက်စမ်းစမ်းနဲ့ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ  ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်ပါတယ်။   အန်အယ်လ်ဒီအနေနဲ့ နိုင်ငံရေးအတွေ့အကြုံတွေ အများကြီး ရှိခဲ့တာကြောင့် အစိုးရတရပ် ဖြစ်လာချိန်မှာ နိုင်ငံအရေးတွေကို အင်တိုက်အားတိုက် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာတွေဟာ ဖြစ်မလာဘူးလို့ ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ဝေဖန်ခဲ့တာပါ။   “ပြည်သူတွေက ပုံပြီး ယုံပြီးမဲပေးကြတယ်။ NLD က တပ်မတော်အစိုးရလက်ထက်လည်းမှီတယ်။  ဦးသိန်းစိန်အစိုးရလက်ထက်လည်းမှီတယ်။  လွှတ်တော်လည်း ဝင်ရောက်ခဲ့တယ်။၂၀၁၅ မှာအစိုးရဖြစ်တယ်။ ဘာပဲပြောပြော သူကအတွေ့ကြုံရှိနေပြီ။ ဒီတော့ NLD အစိုးရဖြစ်တာနဲ့ ဒိုင်း ဒိုင်း ဒိုင်း…

Read More

စစ်ကိုင်းမြို့မှာ မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်မှုဖြစ်

စစ်ကိုင်း စက်တင်ဘာ ၂၄၊၂၀၁၉ မောင်တာရာ (VOM)     စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက် အနောက်ပိုင်း၊ မအူပင်သွားလမ်း Ak အုတ်ဖိုလမ်းဘေခြုံထဲမှာ  မွေးကင်းစကလေးငယ်တစ်ဦးကို ဒီနေ့မနက်မှာ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။   ”မနက်က ၉ နာရီလောက်က Sk အုတ်ကျင်း  တာဝန်ခံက ဒီမှာ ကလေးလေးတစ်ယောက် လာရောက် စွန့်ပစ်သွားလို့ဆိုပြီး ဖုန်းလှမ်းအကြောင်းကြားတယ်၊ ကျနော်တို့သွားတော့ အဲနားကလူတွေက ကလေးလေးကို ရေချိုးသန့်စင်ပေးနေတယ်၊ ဆားတောင်က မိဘမဲ့ ဂေဟာကို လှမ်းဆက်သွယ်ပြီး၊ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ကိုသံမဏိ ကပြောပါတယ်။   စွန့်ပစ်ခံရတဲ့ ကလေးဟာ သမီးမိန်းကလေးဖြစ်ပြီး သူ့ကို အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ဆားတောင်မြို့၊ ညောင်ငုတ်တိုရပ်ရှိ  ဆရာမ ရှင်ချမ်း တည်ထောင်ထားတဲ့ သစ္စာရွှေဂူမေတ္တာရိပ် ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပညာသင်ကြားပေးရေးကျောင်းကို ပို့ဆောင်ထားရှိပေးခဲ့တာဖြစ်ပါတယ်။

Read More
VOM News

FREE
VIEW