မတ် ၁၃ – ၂၀၂၆ SS (VOM) လတ်တလော ကားဈေးကွက်အတွင်း EV ကားတွေ ဈေးတက်လာနေပြီး အရင်ကထက် အဝယ်လိုက်လာနေလို့ ဈေးကွက် ကျွမ်းကျင်သူတွေကတော့ လက်ရှိ အနေအထားမှာ ကားအဝယ် မလောသင့်သေးဘူးလို့ ပြောဆိုကြပါတယ်။ လက်ရှိမှာ EV ကားတွေဟာ ကားအမျိုးအစားအလိုက် အရင်ကထက် ၁၀ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးနှုန်း မြင့်တက်လာနေပြီး တိုက်ရိုက်တင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့ အရောင်းပြခန်းတွေမှာ ကားမရှိတော့ဘဲ အမှတ်တံဆိပ်အစုံရောင်းတဲ့ အရောင်းပြခန်းတွေမှာသာ ကားတွေ ကျန်ရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဈေးကွက်မှာ အဝယ်ပိုလိုက်တဲ့ brand ဈေးပိုတက်သွားတယ်။ ပိုတက်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းက တက်ချင်နေတဲ့ အကြောင်းရင်ကတော့ နိုင်ငံတော်က လာမယ့် ဧပြီလမှာ ဆီကားတွေကို အခွန် နှုန်းထားတခု တိုးမြှင့်ကောက်ခံမယ်လို့ သတင်းကြားတဲ့အတွက် နည်းနည်း…
Read MoreCategory: သုံးသပ်ချက်
ငွေကြေးခဝါချမှု ဥပဒေသစ် ပြဋ္ဌာန်းတာ ဘာ့ကြောင့်လဲ
မတ် ၁၂ – ၂၀၂၆ SN (VOM) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး လက်ရှိ ဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ရုပ်သိမ်းပြီး အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီဥပဒေ လေ့လာကြည့်ရသလောက်က အကြမ်းဖက်မှုအတွက် ထောက်ပံ့ပေးနေတာတွေကို အဓိက ဆိုလိုချင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါတွေကို အမြစ်ဖြတ်ချင်တာပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ဒီဥပဒေကို ကိုင်တွယ်ပြီး အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ပိုပြီး လုပ်ဆောင်လာနိုင်တယ်” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ လက်ရှိ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ရည်ရွယ်ချက်တွေထဲမှာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ ဆင့်ပွားပေါ်ပေါက်နိုင်တဲ့ ပြစ်မှုတွေကို…
Read Moreကုန်လွန်ခဲ့တဲ့ ၅ နှစ်အတွက် သမင်လည်ပြန်ကြည့်ခြင်းနဲ့ ရှေ့အလားအလာ
Voice Of Myanmar ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၅နှစ်က ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ခေါ်ယူခဲ့တဲ့ ပထမဆုံးနေ့ဖြစ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တာတွေကို ဖြေရှင်းမပေးတာကို အကြောင်းပြုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်ရဲ့ အာဏာအလုံးစုံကို ထိမ်းသိမ်းလိုက်တဲ့ ၅နှစ်ပြည့်ဖြစ်တာ အားလုံးအသိဖြစ်ပါတယ်။ ဒီ ၅နှစ်အတော်အတွင်းမှာ လူထုဆန္ဒပြပွဲတွေကတဆင့် မျိုးဆက်သစ်လူငယ်တွရဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့နည်းလမ်းတွေပေါ်ပေါက်လာပြီး နေရာဒေသအတော်များများမှာ PDF ဆိုတဲ့လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပုန်ကန်တာ နယ်မြေသိမ်းတာတွေခံရပြီးနောက် အပြန်အလှန်တိုက်ပွဲတွေကြောင့် သန်းဆယ်ချီတဲ့ပြည်သူတွေ ဒုက္ခပင်လယ်ဝေရသလို အိုးမဲ့အိမ်မဲ့နဲ့ စစ်ဘေးရှောင် ဖြစ်နေရပြီး ဘဝတွေ အသက်တွေ စတေးခံနေရပါတယ်။ ၁၉၄၈ လွတ်လပ်ရေးယူပြီးကတည်းက လွတ်လပ်ရေးရဲ့ဖွားဖက်တော်လို့ ဆိုရတဲ့ ပြည်တွင်းစစ်နဲ့ယဉ်ပါးခဲ့တဲ့ မြန်မာပြည်သူတွေဟာ လက်ရှိအခြေအနေမှာ အရင်ထက်ပိုပြီးဆိုးရွားတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်သားအစိုးရတရပ်ကို…
Read More၁၀၂၇ စစ်ဆင်ရေး ၂နှစ်ခရီး
အောက်တိုဘာ ၂၇၊ ၂၀၂၅။ NN(VOM) နစက အာဏာရယူပြီးနောက် နှစ်နှစ်ကျော်အကြာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ ပေါ်ပေါက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ မြန်မာ့သမိုင်းမှာ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ “ညီနောင်သုံးဖွဲ့” လို့ ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း (ပလောင်) တပ်ဖွဲ့ (TNLA)၊ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ဒီစစ်ဆင်ရေးဟာ နစကအစိုးရတပ်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒရုန်းပညာ၊ လူအင်အား အသားစီးနဲ့ တိုက်ခိုက်ခံရတာကြောင့် နစကအစိုးရတပ်စခန်းတွေ၊ မြို့တွေအများအပြား ဆုံးရှုံးခဲ့ရပါတယ်။ TNLA က မန္တလေးတိုင်း မိုးကုတ်အပါအဝင် မြို့ပေါင်း ၁၂ မြို့၊ ကိုးကန့်တပ်ဖွဲ့က ကိုးမြို့နဲ့ “ဝ” တပ်ဖွဲ့က နှစ်မြို့ရရှိသွားခဲ့တာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ တိုက်ပွဲတွေအတွင်းတုန်းက သမိုင်းအစဉ်အလာကြီးမားတဲ့…
Read Moreအလုပ်သမားအခွင့်အရေးနှင့် စီးပွားရေးတိုးတက်မှု မျှတအောင်ထိန်းညှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှု တိုးမြှင့်ပေးခြင်း
အလုပ်သမားသမဂ္ဂများ၏အခန်းကဏ္ဍသည် စီးပွားရေးမူဝါဒတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံနေရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အလုပ်သမားသမဂ္ဂများကို အလုပ်သမားများ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ပုံပေါ် မူတည်၍ ၎င်းတို့၏အကျိုးသက်ရောက်မှုမှာ သိသိသာသာ ကွဲပြားကြောင်း အထောက်အထားများက ဖော်ပြနေသည်။ ကမ္ဘာတစ်ဝန်းတွင် သုတေသနများက သမဂ္ဂများသည် ၎င်းတို့၏အဖွဲ့ဝင်များအတွက် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း သင့်လျော်စွာ ထိန်းချုပ်မထားပါက စီးပွားရေးစွမ်းဆောင်ရည်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြသည်။ လေ့လာမှုများအရ စုပေါင်းညှိနှိုင်းမှုများသည် လုပ်ခပိုမိုရရှိစေပြီး မညီမျှမှုများကို လျှော့ချနိုင်ကြောင်း ပြသနေသည်။ များစွာသောကိစ္စရပ်များတွင် တာဝန်ယူမှုရှိသော အလုပ်သမားသမဂ္ဂများသည် လုပ်ငန်းများနှင့် စက်ရုံများအတွင်း ဝန်ထမ်းပါဝင်မှုနှင့် ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေရန် ကူညီပေးနိုင်ခဲ့သည်။ သို့သော် ဤအကျိုးကျေးဇူးများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော တိုးတက်မှုကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေး ရည်မှန်းချက်များနှင့် မျှတအောင် ထိန်းညှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်…
Read Moreပြောင်းလဲခြင်းအတွက် မျှော်လင့်ချက်
SM နိုင်ငံရေးပါတီတွေဟာ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။ ရွေးကောက်ပွဲဟာ သေချာပေါက် ကျင်းပလာတော့မှာဖြစ်ပေမယ့် ပြည်သူတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်မလဲဆိုတာကတော့ လတ်တလောမှာ မရေမရာဖြစ်နေပါသေးတယ်။ လက်ရှိမှာ ပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင် အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေက တက်မြဲတက်နေပြီး ကျရိပ်မမြင်သေးပါဘူး။ တိုင်းပြည် မတည်မငြိမ် ကမောက်ကမအခြေအနေမှာ နေ့စဥ် ဘုရားတနေရတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးမှာ သာမန်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကလွဲပြီး တခြားကိစ္စတွေကို စဉ်းစားဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိအနေအထားကြီးကို ဘယ်ပြည်သူမှ မနှစ်မြို့ကြဘူး မတတ်သာလို့ အောင့်အီးနေရသူက အများစုပါ။ အပြောင်းအလဲကို မျှော်လင့်နေကြပေမယ့် ရွေးကောက်ပွဲနဲ့ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒါဆိုရင် နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်စရာရှိလာပါတယ်။ ပြည်သူတွေ စိတ်ဝင်စားလာအောင် ပါတီတွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မှာလဲဆိုတာပါပဲ။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတိုင်းအနေနဲ့ ပြည်သူတွေရဲ့…
Read Moreလွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်
NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း ဩဂုတ် ၂ဝ – ၂ဝ၂၅ KKO(VOM) အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။ ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။ VOM ။ ။ မင်္ဂလာပါ ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊ ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ်…
Read Moreမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် ရွေးကောက်ပွဲက အဖြေထုတ်ပေးမှာလား
SM ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း သြဂုတ် ၁၈ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အနာဂတ်အတွက် စိတ်ဝင်စားဖွယ်ရာ မေးခွန်းများစွာကို ဖော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တိတိကျကျ ကြေညာလိုက်ခြင်းဟာ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေပါတယ်။ UEC ရဲ့ ကြေညာချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အဆင့်ဆင့်ခွဲပြီး ကျင်းပသွားမယ်လို့ ပါဝင်ပါတယ်။ အပိုင်းလိုက်ကျင်းပခြင်းဟာ ရွေးကောက်ပွဲကာလကို ပိုမိုရှည်ကြာစေမှာဖြစ်ပြီး လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ စိန်ခေါ်မှုတွေ ပိုမိုရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲဟာ လုံခြုံရေးအပေါ် အလွန်အမင်း မူတည်နေတာ လူတိုင်းအသိပါ။ ဒါ့အပြင်၊ မဲဆန္ဒရှင်စာရင်း…
Read Moreသတင်းအမှားနှင့် အဆိပ်အတောက်
သတင်းထောက်ဟောင်းတဦး ယနေ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးချတဲ့ခေတ်ကြီးမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။ ဒီလို လျင်မြန်တဲ့စီးဆင်းမှုထဲမှာ သတင်းအမှားတွေဟာလည်း အလွယ်တကူ ပျံ့နှံ့နေပြီး လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော့်အမြင်မှာတော့ သတင်းအမှားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဟာ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက် နေတာနဲ့ အတူတူပါပဲ။ လတ်တလောမှာ သတင်းဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နေတဲ့ အိုးဘိုထောင် ဗုံးချခံရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတယ် ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ပါတယ်။ ဒီသတင်းဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကနေ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးသူ ၁၇ ဦးရဲ့ အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။သတင်းဌာနအချို့ကလည်း ဒီသတင်းကို အပြိုင်အဆိုင် တင်ခဲ့ကြပါတယ်။ သတင်းမှန်၊ မမှန်ဆိုတာကို သတင်းစားသုံးသူ ပြည်သူက မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ…
Read MoreILO အရေးယူမှု ဘယ်ကို ဦးတည်လဲ
AT မြန်မာနိုင်ငံနဲ့ နစက ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ ပုဒ်မ ၃၃ အရ အရေးယူဖို့ ဇွန်လ ၅ရက်က ပြုလုပ်တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILO) ကနေ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နစကဟာ အလုပ်သမား အခွင့်အရေးချိုးဖောက်တာ၊ အလုပ်သမား သမဂ္ဂတွေကို ဖိနှိပ်တာ၊ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး အဓမ္မ လုပ်အားပေးခိုင်းစေတာတွေအတွက် အခု ဆုံးဖြတ်ချက်ကို ချမှတ်တာလို့ သိရပါတယ်။ မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်မှာ ပုဒ်မ ၃၃ အရ ILO က အရေးယူပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖူးကာ ဒါဟာ ဒုတိယအကြိမ် ပုဒ်မ ၃၃နဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။ …
Read More