သွေး (စစ်ကိုင်း) တစ်နေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေကြောင့်ပြည်သူတွေကြားမှာ မလုံခြုံမှုတွေလည်း ခံစားလာရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ ရန်ကုန်, မန္တလေးလို မြို့ကြီးတွေမှာသာမက နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ များပြားလာရတာဟာ တရားဥပဒေ စိုးမိုးမှု ချည့်နဲ့, အားနည်းတာကို ဖော်ညွှန်းနေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေတာပါ။ အရင်ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာ ပစ္စည်းကိုပဲ လုယူတာ အများစု ဖြစ်ပြီးအသက် သေတဲ့အထိ သတ်ဖြတ်တာ နည်းပါးပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်,အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကို စိတ်မကောင်းစရာ ကြားနေရပါတယ်။ လုသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာ ရှိသလို အိမ်ထဲအထိ ဝင်ပြီး လူယက်တာ, ဆိုင်တွေထဲထိဝင်ပြီး အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ လမ်းပေါ်သွားလာ…
Read MoreCategory: သုံးသပ်ချက်
အမည်ပျက်စာရင်းဂယက်နဲ့ မကျနိုင်တဲ့ ကုန်ဈေးနှုန်း
အောက်တိုဘာ ၃၁ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းငွေကြေးဈေးနှုန်း ဖောင်းပွမှုနဲ့ ရွှေဈေးနှုန်းဂယက်ကြောင့် ကုန်ဈေးနှုန်းအတက်ကြမ်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို အခုအခါမှာလည်း ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က အမည်ပျက်စာရင်း ထည့်သွင်းတယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း အကျဘက်ကို ရောက်စပြုနေတဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေဟာ အတက်ဘက်ကိုပြန်ပြီး ဦးတည်လာခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် အောက်တိုဘာလဆန်းပိုင်းက ပြည်တွင်း အမေရိကန်ဒေါ်လာဈေးဟာ အကျဘက်ကို ဦးတည်နေခဲ့ပေမယ့် အမည်ပျက်စာရင်းဝင်ပြီးတဲ့နောက် ချက်ချင်းဆိုသလို ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ကျော် ဖြစ်လာပါတယ်။ ဒါ့အပြင် အဲ့ဒီ့ အမည်ပျက်စာရင်းကြောင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုတွေ ရယူရာမှာလည်း ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ငွေဈေးကြောင့် ဈေးကွက်အတွင်း ပြန်ကျနိုင်တဲ့ကုန်ပစ္စည်းနဲ့ ပြန်မကျနိုင်တဲ့ ကုန်ပစ္စည်းဟူ၍ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။…
Read Moreစျေးအတက်အကျ မှန်းဆရခက်နေတဲ့ ပြည်တွင်း ကားဈေးကွက်
အောက်တိုဘာ ၂၄ – ၂၀၂၂ SN (VOM) လက်ရှိ ပြည်တွင်းကားစျေးကွက်ဟာ ဒေါ်လာဈေးနှုန်း မငြိမ်တာကြောင့် ကားစျေး အတက်အကျ မှန်းဆရခက်နေပြီး အရောင်းအဝယ်လည်း အေးနေတဲ့ အနေအထားပါ။ အခုနှစ် ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းက ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကားဈေးကွက်ဟာ ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာသလို ဖြစ်နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ သီလဝါစက်မှုဇုန်အတွင်းက တိုယိုတာ မော်တော်ကားကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထုတ်လုပ်ထားပြီးသား တိုယိုတာ ဟိုင်းလက်စ်ကားတွေကို စထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။ “အတက်ကြမ်းသွားတဲ့ အချိန်တုန်းကတော့ စီးပွားရေးသမားတွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ်ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ ကားဝယ်တာတို့ ဖြစ်ကြတာ။ အဲဒီတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့…
Read Moreကိုဗစ် ကာကွယ်ဆေးတွေ ဆိုတာ
ဇွန် ၂၈၊ ၂၀၂၂။ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေသလို တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…
Read Moreရခိုင်နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေရှိနေ
ဇွန် ၆-၂၀၂၂ SW(VOM) ၁။ ရခိုင်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ အခက်အခဲတွေရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်ရာမှာ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကနေ ကုန်တွေကို တင်ပို့တာဖြစ်ပြီး အဲဒီလို ကုန်တွေတင်ပို့တဲ့အခါ လမ်းခရီးအခက်အခဲနဲ့ တခြားအခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က “မောင်တောမှာက လမ်းတွေအရမ်းဆိုးတယ်။ ကျနော်တို့ကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကို ကောင်းအောင် လုပ်ပေးစေချင်တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြတယ်။ ကညင်ချောင်းစီးပွားရေးဇုန်က အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးလုပ်နေကြတဲ့ ဟာဖြစ်ပါတယ်။ အစိုးရကလုပ်ပေးရဖို့ဆိုရင် အပြင်ကလမ်းဖြစ်နိုင်တယ်။ စီးပွားရေးဇုန်ထဲကလမ်းကိုတော့ စီမံကိန်းအကောင်အထည်ဖော်တဲ့လူတွေက လုပ်ရမယ့်ဟာဖြစ်ပါတယ် ”လို့ ပြောပါတယ်။ ကုန်သည်တွေအနေနဲ့ အဲဒီမောင်တောနယ်စပ်ကုန်သွယ်ရေး ကညင်ချောင်းစီးပွားရေးဇုန်ကုန်သွယ်ရေးစခန်းက လမ်းတွေကို ကောင်းမွန်စေလိုတယ်လို့ ပြောပါတယ်။ “အဲဒီလမ်းကို…
Read Moreရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်မှာကို ရခိုင်ပြည်သူတွေစိုးရိမ်နေ
မေ ၁၇-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လှပတဲ့ပင်လယ်ကမ်းခြေတွေရှိတဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီ ပြည်နယ်ထဲမှာ ပြည်တွင်းစစ်ရေးပဋိပက္ခတစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး မုန်တိုင်းတခုလို ပြင်းထန်ခဲ့ပါတယ်။ အဓိကအားဖြင့် အဲဒီစစ်ရေးပဋိပက္ခဟာ လက်ရှိ လူသိများထင်ရှားနေတဲ့ ရက္ခိုင့်တပ်တော်(ARAKAN ARMY- AA)နဲ့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်တို့ကြား တိုက်ခိုက်ခဲ့ကြတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခ ဖြစ်ပါတယ်။ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားမှု စတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကာလဟာ အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်ဖြစ်ပြီး လက်ရှိ နစက ကောင်စီလက်ထက်မှာလည်း ရခိုင်ပြည်နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိလာနေပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်ပိုင်းကစပြီး သေနတ်သံတွေ သိသိသာသာ တိတ်ဆိတ်သွားပြီး နိုဝင်ဘာလ ၈…
Read Moreယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ
– ပိုလန်နိုင်ငံနယ်စပ်အနီး ယူကရိန်း ရာဗိုရစ်ဗ် Yavoriv ငြိမ်းချမ်းမှုထိန်းသိမ်းရေး နှင့် လုံခြုံရေးဗဟို ကို ရုရှားက မစ်ဇိုင်း ဒုံးကျည် အလုံး၃၀ ပစ်ခတ်လို့ အနည်းဆုံး ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။ – ယူကရိန်းနဲ့ ပိုလန်နယ်စပ်၊ ပိုလန်နဲ့ ၁၀ ကီလိုမီတာ ( ၆.၂ မိုင်) အကွာမှာရှိတဲ့ ရာဗိုရစ်ဗ် စစ်စခန်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ယူကရိန်းစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ နဲ့ သင်တန်းတွေ ပို့ချပါတယ်။ – ရုရှားတို့က ယူကရိန်း အနောက်ဖက်ခြမ်းက Ivano-Frankivsk မြို့ အနီးက လေဆိပ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ပါတယ်။ – ကီယက်ဗ် မြို့ အနီး အယ်ရ်ပင်မြို့မှာ အမေရိကန်နိုင်ငံသား သတင်းထောက် Brent Renaud…
Read Moreယူကရိန်းစစ်ပွဲ ၁၅ ရက်မြောက်
– တူရကီမှာလုပ်တဲ့ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးများ စေ့စပ်ညှိနှိုင်းပွဲက မအောင်မြင်ဘဲ အဆုံးသတ်သွားပါတယ်။ မာရီအာပိုလ်မြို့မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့အတွက် လူသားချင်းစာနာမှုစင်္ကြံ သတ်မှတ်ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုချက်ကို ရုရှားက သဘောတူတယ် လို့ မပြောသလို ယူကရိန်းတနိုင်ငံလုံး မှာ ၂၄ နာရီ အပစ်ရပ်ပေးဖို့ တောင်းဆိုတာကို လည်း တုံ့ပြန်ခြင်းမရှိဘူးလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီတီယို ကူလေဘ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ – ရုရှားဘက်က ယူကရိန်းကို လက်နက်ချဖို့နဲ့ နေတိုးအဖွဲ့ထဲဝင်မယ့် အစီအစဥ်ကို စွန့်ပယ်ဖို့ တောင်းဆိုပါတယ်။ ယူကရိန်းဘက်က ဘယ်တော့မှ လက်နက်မချဘူးလို့တုံ့ပြန်ပါတယ်။ – အမေရိကန်က ယူကရိန်းမှာ ဓါတုလက်နက်တွေစမ်းသပ် နေတယ်လို့ ရုရှားကစွပ်စွဲပါတယ်။ အမေရိကန်က ဒီစွပ်စွဲချက်က အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့ချေပပါတယ်၊ ယူကရိန်းမှာ ဓါတုလက်နက်တွေရှိတယ်လို့…
Read Moreယူကရိန်းစစ်ပွဲ ၁၃ ရက်မြောက်
– Institute for the Study of War ( ISW) က ၂၄ နာရီ ကနေ ၉၆ နာရီအတွင်း မြို့တော် ကီယက်ဗ် ကို ရုရှားတပ်တွေ စီးနင်း တိုက်ခိုက်မယ်လို့ မတ်လ ၇ ရက်နေ့ ကထုတ်ပြန်ပါတယ်။ ဒီကနေ့ ၈ရက်ဆိုတော့ နောက်၂၄ နာရီအတွင်းတိုက်မယ့် သဘောပါ။ – ရုရှားတပ်တွေက ယူကရိန်းမြို့တော် ကီယက်ဗ် နဲ့ ၁၀ မိုင်အကွာအထိ ချီတက်လာနေပြီ ဖြစ်လို့ မြို့နေလူထုက စိုးရိမ်ကြောင့်ကြနေပါတယ်။ – ရုရှားရဲ့ စစ်ကြောင်းကြားမှာ ပိတ်မိနေတဲ့သူတွေ ဘေးလွတ်ရာကို ထွက်လို့ရအောင် မြောက်ပိုင်းကမြို့တချို့ နဲ့ ဆူမီမြို့မှာ ရုရှားက ယာယီ အပစ်အခတ် ရပ်ပေးလိုက်တယ်။ ဆူမီမှာပိတ်မိနေတဲ့ အိန္ဒိယ ကျောင်းသား အများစုပါတဲ့…
Read Moreအဏုမြူလက်နက်ကိုင်ထားတဲ့ နေတိုး နဲ့ ရုရှားအကြားစစ်ဖြစ်တော့မလား
စစ်ရေးအကဲခတ်တွေ တွက်ထားသလိုဘဲ ယူကရိန်းရဲ့ ဒုတိယမြို့တော် ကာကစ်ဗ် ကို ရုရှား လက်နက်ကြီးတွေ ဗုံးတွေနဲ့ မညှာမတာ ပစ်ခတ်နေသလို မြို့တော် ကီယက်ဖ် မှာလည်း အချက်ပြဥသြဆွဲသံတွေ ပိုစိတ်လာနေပါတယ်။ – ကီယက်ဖ်မြို့စွန်မြို့ဖျားက အဆောက်အဦမြေအောက်ထပ်မှာ ခိုနေကြတဲ့ ဘီဘီစီသတင်းထောက်တွေက အဝေးကပစ်ခတ်သံတွေအရှိန်နဲ့ သူတို့နေတဲ့ အဆောက်အဦတောင်တုန်ခါသွားတယ်လို့ ပြောပါတယ်။ – နယ်စပ်မှာနေရာယူထားတဲ့ ရုရှားစစ်တပ် ရဲ့ ၇၅ ရာခိုင်နှုန်းဟာ ယူကရိန်းနိုင်ငံထဲမှာ ရောက်နေပြီလို့ ပန်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။ – ရုရှားတင့်ကားတွေ အမြောက်တင်ကားတွေပါတဲ့ မိုင်၄၀ ရှည်တဲ့ ရုရှားစစ်ယာဥ်တန်းကြီး မြို့တော်ကီယက်ဖ်ဆီ ဦးတည်သွားနေပါတယ်။ – ရုရှားက ယူကရိန်းနိုင်ငံထဲ စနေနေ့က မစ်ဇိုင်းဒုံး အလုံး ၂၅၀၊ တနင်္ဂနွေနေ့က အလုံး ၃၂၀ ပစ်လွှတ်တယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိက အတည်ပြုပါတယ်။…
Read More