ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် မလိုက်နာသူတွေကို ဒါဏ်ရိုက်၊ ထောင်ချတော့မယ် ဘန်ကောက်၊ မတ်-၁-၂၀၂၀ မျိုးဆက် (VOM) ထိုင်းအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကို အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်မှာ သတ်မှတ်ကြေညာလိုက်သည်။ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ပိုမိုတင်းကြပ်တဲ့ အကောင်အထည်ဖော်မှုတွေကို မတ် ၁ ရက်ကနေစပြီး အင်ပြည့်အားပြည့်ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်သူတွေနဲ့ ခရီးသွားလာခဲ့တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေဖို့ ပျက်ကွက်သူတွေကို ဒါဏ်ငွေသို့မဟုတ် ထောင်ဒါဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ ဘယ်လိုပင်ရှိရှိ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှ ပြန်လာသူတွေကို မိမိကိုယ်တိုင် ၁၄ ရက်သီးခြားနေထိုင်ကြဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပြီးဖြစ်ပါတယ်။ အစိုးရက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ အန္တရာယ်ရှိတဲ့ နိုင်ငံတွေနဲ့ ဒေသတွေကနေ ပြန်လာသူတွေကို ၁၄ရက်ကြာ သီးခြားနေထိုင်ဖို့ ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို အထောက်အကူပြုဖွယ်ရှိပါတယ်။…
Read MoreCategory: ကျန်းမာရေး
ဝမ်းရေးအတွက် ကျန်းမာရေးကို သတိမမူမိသူများ
Read Moreမူဆယ်မြို့မှာ ကိုယ်အပူချိန်မြင့်တဲ့ စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိ
မူဆယ်မြို့မှာ ကိုယ်အပူချိန်မြင့်တဲ့ စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိ မူဆယ် ဖေဖေါ်ဝါရီ ၂၅-၂၀၂၀ ပြည့်စုံ(မူဆယ်) မူဆယ်မြို့တွင် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် တွင် ကိုယ်အပူချိန်လွန်ကဲနေသော အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို တွေ့ရပြီး ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ပြည်သူ့ဆေးရုံ(မူဆယ်)တွင် စောင့်ကြည့်ကုသပေးလျက်ရှိပါတယ်။ အဆိုပါကိုယ်အပူချိန်လွန်ကဲသောလူနာမှာ ကွက်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် နေထိုင်ပြီး လွန်ခဲ့သော ၁၅ ရက်ခန့်ကရွှေလီမြို့ သုံးဘီးစက်ပြင်အလုပ်ရုံတွင်အလုပ်လုပ်ခဲ့သော အသက် ၂၃ အရွယ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ၂၄ ရက် နေ့ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန့်ဝိန်းပေါက်မှနေပြီး မြန်မာနိုင်ငံအတွင်းစာအုပ်ရိုက်ရန် ဝင်ရောက်လာသောသူဖြစ်ပြီး မြန်မာစေတနာဝန်ထမ်းကူညီရေးအဖွဲ့မှတိုင်းတဲ့အခါမှာ အပူချိန် ၃၈ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်တွေ့ရှိရကြောင်း မူဆယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေဆီက သိရှိရပါတယ်။ အဲဒီအမျိုးသားမှာ…
Read Moreတောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက်
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက် ဆိုးလ်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ တစ်ရက်တည်း နှစ်ဆကျော်မြင့် တက်လာတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာပြောပါတယ်။ ဖေဖော်ဝါရီ၂၁ရက်နောက်ပိုင်း ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၂၂၉ဦးရှိပြီး နောက်တစ်နေ့မှာတော့ စုစုပေါင်း ၄၃၃ဦး ထိမြင့်တက်လာသလို လူနှစ်ဦးသေဆုံးသွားပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားတဲ့အခြေအနေလို့ တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Sye-kyun ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ပြောပါတယ်။ ရောဂါကူးစက်မှုတွေဟာ ဆေးရုံတစ်ခုနဲ့ ဒဲဂုမြို့အရှေ့တောင်ပိုင်းအနီး ဘာသာရေးအဖွဲ့တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ လူ ၂၃၄၅ ဦးသေဆုံးပြီး ၇၆၂၈၈ ဦးရောဂါကူးစက်ခံ ထားရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှု ၁၂၀၀ ကျော်ရှိနေပြီး လူရှစ်ဦးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးစနစ်အားနည်းတဲ့…
Read Moreဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ
ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန် ဆေးရုံမှမျက်နှာဖုံး ၆၀၀၀ ခိုးယူခံရ တိုကျို၊ ဖေဖော်ဝါရီ-၁၉-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံမှ ခွဲစိတ်ခန်းမှာ အသုံးပြုတဲ့ မျက်နှာဖုံး ၆၀၀၀ ကို သူခိုးတွေက ခိုးယူသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်း မျက်နှာဖုံးရှားပါးပြတ်လပ်မှုနဲ့ ဈေးကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့ရှိ ကြက်ခြေနီဆေးရုံ စတိုခန်းက မျက်နှာဖုံးတွေထည့်ထားတဲ့ သေတ္တာလေးခု ပျောက်ဆုံးသွားတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ မိမိတို့မှာ မျက်နှာဖုံးအများအပြားရှိနေဆဲဖြစ်ပြီး ဆေးရုံမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုဖို့ လုံလောက်ပေမယ့် ဒီလိုခိုးယူခံရတဲ့ဖြစ်စဉ်ဟာ ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူကပြောပါတယ်။ မျက်နှာဖုံးတွေခိုးယူခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကာ သူခိုးတွေဟာ မျက်နှာဖုံးတွေကို ပြန်လည်ရောင်းချဖို့ရွယ်ထားဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေတဲ့ တရုတ်နိုင်ငံပြီးရင် ရောဂါကူးစက်မှုအများဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ…
Read Moreကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မတ်လ ၅ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ တရုတ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရက စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလာခံအမြဲတမ်းကော်မတီဝင်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အမြဲတမ်းကော်မတီဟာ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုနဲ့ စားသုံးမှုကိုတားမြစ်ခြင်းအပါအဝင် လူတွေအပေါ် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုဖြစ်ပေါ်စေတဲ့ အလေ့အထတွေကို တားဆီးဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လာမယ့်နှစ်အတွက် မူဝါဒတွေချမှတ်ဖို့အတွက် နှစ်စဉ်ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တရုတ်နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါး တက်ရောက်လေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှစပြီး ညီလာခံကို မတ်လ ၅ ရက်မှာ ဖွင့်လှစ်လေ့ရှိပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈…
Read Moreကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုအသစ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ဦးရှိပြီး သေဆုံးသူအရေအတွက် ၁၆၆၅ ဦးအထိ တိုးမြင့်လာပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၃၀ နီးပါးမှာတော့ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိနေပြီး ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့ကာ ပြင်သစ်နိုင်ငံမှာ သေဆုံးမှုကတော့ ဥရောပဒေသမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတာဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်လာနိုင်တာကို ပြသခြင်းဖြစ်ကြောင်း…
Read Moreပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ
ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ ကလေး ဖေဖော်ဝါရီ ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးက ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လာရောက်ဆေးကုသမှု ခံယူနေရသူ ပျမ်းမျှ အနေနဲ့ နှစ်ရက်ကို တစ်ဦးနှုန်း ရှိတယ်လို့သိရပါတယ်။ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာ စိုးသက်ဝင်း က ပြောပြတာကတော့ “ဆေးရုံပေါ်မှာ ခုလတ်တလောကတော့ လေးဦး ရှိပါတယ်။ ဒီလူတွေကတော့ ခု တစ်ရက် နှစ်ရက်ကမှ ရောက်လာတဲ့ လူနာတွေပါ။ ရာသီ အကူးအပြောင်းမှာ ကလေးတွေ ဖျားကြတယ်။ ဖျားပြီးတဲ့ အခါကျရင် ဝမ်းပျက်ဝမ်းလျော ဖြစ်လာတဲ့ သဘောရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အစုလိုက် အပြုံလိုက် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးဝမ်းပျက် ဝမ်းလျော ဖြစ်နေတာကို မိဘတွေက စိုးရိမ်လို့ ဆေးရုံလာတက်ကြတာ။ စိုးရိမ်ရလို့…
Read Moreမူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့မလုပ်
မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနာမလုပ် ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းကမြို့တွေမှာ ကျင်းပကြပေမယ့် မူဆယ်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါမဖြစ်ပွားစေရန် နှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သောအနေဖြင့် လူစုလူဝေးလျော့ဖို့ မလုပ်တာလို့ သက်ဆိုင်ရာကသိရပါတယ်။ ” ကျွန်တော်တို့ရပ်မိရပ်ဖတွေပြောတာကတော့ မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးနယ်နိမိတ်မှာရှိတဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မလိုလားအပ်တဲ့ ရောဂါကူးတက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါ။ဒီရောဂါကြီးက အကောင်လိုက်လာတာကို မမြင်ရတာကြောင့် ကြိုတင်ကာကွယ်မှတော်ကာကြမှာဖြစ်သောကြောင့် လူစုလူဝေးကို ဖြေလျော့ချင်းဖြင့် ရောဂါကိုကြိုတင်ကာကွယ်တာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းကျော်က ပြောပါတယ်။ အလားတူ ကိုရိုနာဗိုင်းရပ်ပိုး အန္တရာယ်ကြောင့်ဖေဖေါ်ဝါရီလ ၇…
Read Moreရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ
ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ မူဆယ် ၊ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။ ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန် နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က…
Read More