ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရပြည့်ဝဖို့၊ ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး အပြင်မထွက်ဖို့ သတိပေးထားပေမယ့် ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။ အချို့ကားကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ် စသည်ဖြင့်စုံလို့။ ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှဝေ ပေးချင်ပါတယ်။   -အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။ -ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။ ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင် အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်.. -မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။ စားပွဲပေါ်ကကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့လိုပါတယ်။ အရင်အချိန်တွေကလိုမိတ်ဆွေ တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။ -ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။ ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း ဆေးကြောဖို့လိုတာကိုမမေ့စေချင်ဘူး။ မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။ -စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။ -လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။ အလုပ်မှာတစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာမျိုးကိုလည်းရှောင်ကြဉ်ပါ။…

Read More

မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်

မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်   မြစ်ကြီးနား-အောက်တိုဘာ ၁၉-၂၀၂၀ ရန်အောင်ထွန်း (VOM)   မြစ်ကြီးနားမြို့ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဘဏ်၀န်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့လို့ ဆေးရုံပို့ထားသလို သူနဲ့ထိစပ်တဲ့ နောက်ထပ်၀န်ထမ်း ၉ ဦးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။   Covid-19 အတည်ပြုလုနာ ဘဏ်၀န်ထမ်းအမျိုးသမီးဟာ အောက်တိုဘာ ၁၇ ရက်မှာ အနံ့ပျောက်လာလို့ နှာခေါင်တို့ဖတ် အာခေါင်တို့ဖတ်တွေ စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာပါ။  အဲ့ဒီအမျိုးသမီးနဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) စီမံဌာနမှာ တာ၀န်အထူထမ်ဆောင်ခဲ့သူ ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေက Quarntine ၀င်ခိုင်းထာပြီး ၁၉ ရက်နေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါဖြစ်ပါတယ်။   “ ဘဏ်မှာက နှစ်ပတ်တက်…

Read More

ညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်

ညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်အောက်တိုဘာ၊ ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ကိုဗစ်ကာလအတွင်း ညောင်တုန်းမြို့မှာ အခြေခံစားသောက်ကုန် ရောင်းချနေတဲ့ဆိုင်တွေကို အချိန်အကန့်အသက်နဲ့ဖွင့်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှုအားနည်းပြီး COVID-19 အတည်ပြုလူနာတွေများလာတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ချို့က VOM ကိုပြောပါတယ်။ “စိုးရိမ်တယ်၊ ခုဆို လဘက်ရည်ဆိုင်တွေက ဖွင့်တုန်းပဲ နေ့လယ် ၂ နာရီနောက်ပိုင်းဆို ဆိုင်တွေ ပိတ်ရမယ်လို့ ပြောနေပေမယ့် ဖွင့်တဲ့ ဆိုင်တွေက ဖွင့်တုန်းပဲ၊ ခုထပ်တွေ့တဲ့ ၅ ယောက်ကလည်း မြို့ပေါ်မှာ နေသူတွေ သူတို့ဘယ်လို ပိုးကူးလာလည်း ဆိုတာလည်း မသိဘူး၊ အဲ့တော့ မြို့ပေါ်မှာ ပိုးရှိလူနေတွေ ရှိနေသေးလား ကျွန်တော်တို့ စိုးရိမ်တယ်ဗျ” လို့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပါတ်သက်ပြီး ညောင်တုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ”…

Read More

မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး

မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး မန္တလေး၊ အောက်တိုဘာ- ၁၆- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး အောင်မြေသာစံမြို့နယ် အတွင်းက Quarantine Center တွေဖြစ်တဲ့ Eastern Palace Hotel Quarantine Center ၊ Ayarwaddy River View Hotel Quarantine Center တွေမှာထားရှိတဲ့ Quarantine ဝင်နေတဲ့လူတွေရဲ့ Sawb Test နမူနာတွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ အာက်တိုဘာ ၁၆ ရက်နေ့ကစတင်ကာ Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ် (Covid-19 Mobile Sample Collection)တွေကို ပထမဆုံးအကြိမ်အသုံးပြုပြီး စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်း က Eastern…

Read More

မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင်

မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင် အောက်တိုဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်နေ့ကထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေ၊ကျောက်ဖြူ၊ ‌ကျောက်တော် ၊ သံတွဲနဲ့ပုဏ္ဍားကျွန်းမှာ Covid-19‌ ပိုးတွေ့သူ ၁၂ ဦးရှိခဲ့ပြီး မောင်တောမှာ ဒီနေ့ထပ်မံ ပိုးတွေ့သူ ၇ ယောက်ရှိတဲ့အတွက် နောက်ရက်လူနာဦးရေတိုးနိုင်တာမို့ မောင်တောမြို့အထက(၂ )ကို တိုးချဲ့ယာယီဆေးရုံအဖြစ်သတ် မှတ်ပြင်ဆင်သွားမယ်လို့ အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောပြတာက” လက်တလော ဘူးသီးတောင်မှာက လုံလောက်တယ်။ မောင်တောမှာဆေးရုံနဲ့ မြို့နယ်ခန်းမမှာ လူနာ ၃၀ စီထားရှိပြီးဖြစ်ပေမယ့် နောင်တိုးလာမယ့်အနေအထားတစ်ခုဆို လုံလောက်အောင် ကြိုပြင်ပါတာ” လို့ ဆိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလဖြစ်တဲ့ ဩဂုတ်လကနေ ယနေ့ အထိ မောင်တောခရိုင်မြို့နယ်များဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ…

Read More

စစ်ကိုင်းမြို့နယ်အတွင်းက ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးပြီး ထောက်ခံစာထုတ်ပေးနေပြီ

စစ်ကိုင်းမြို့နယ်အတွင်းက ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးပြီး ထောက်ခံစာထုတ်ပေးနေပြီ စစ်ကိုင်း၊ အောက်တိုဘာ- ၅ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်အတွင်းက အဝေးပြေး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID19 ရှိ၊ မရှိကို နှာခေါင်းတို့ဖတ် Swab နမူနာယူစစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက်ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တို ဘာလ ၅ ရက်နေ့မနက်က စတင်ကာ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်အတွင်းက နှစ်(၇၀၀) အားကစားကွင်းမှာ နေ့စဥ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က VOM ကိုပြောပါတယ်။ “ကျန်းမာရေးထောက်ခံစာ သက်တမ်းက ၂ ပတ်ပဲရှိတာကြောင့် ကားထွက်မယ့် ရက်ပေါ်မူတည်ပြီး လုပ်ပေးမှာပေါ့၊ များသောအားဖြင့် ရှိရင်ရှိသလောက် လုပ်ပေးဖို့စီစဥ်ထားပါတယ်၊ နှာခေါင်းတို့ဖတ်ယူပြီးတစ်ခါတည်းစစ်ပေးမှာ ပိုးတွေ့တာနဲ့တစ်ခါတည်းဆေးရုံတင်ပြီး သူ့မိသားစုဝင်တွေကတော့ Quarantine ဝင်ရမယ်” လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က ပြောပါတယ်။ လာရောက်စစ်ဆေးခံမယ့် ကုန်တင်ယာဉ်…

Read More

အမေရိကန်သမ္မတနဲ့ ဇနီးဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံနေရ

အမေရိကန်သမ္မတနဲ့ ဇနီးဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံနေရ ဝါရှင်တန်၊ စက်တင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာထရန့်တို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး လက်ရှိမှာတော့ ကွန်ရန်တင်းဝင်နေရပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အန္တရာယ်ကြီးတဲ့အုပ်စုထဲမှာပါဝင်နေတဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတထရန့်ကတော့ ဒါကိုအတူတကွ ရင်ဆိုင်ကျော်လွှားသွားမယ်လို့ တွစ်တာမှာရေးသားထားပါတယ်။ သမ္မတရဲ့ အနီးကပ်လက်ထောက်အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သမ္မတတို့ဇနီးမောင်နှံမှာပါ ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ထိပ်တန်းလက်ထောက် ဟုတ်ဟစ်ခ်ဟာ သမ္မတရဲ့ အနီးကပ်ဆုံး လက်ထောက်တစ်ဦးဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက အိုဟိုင်အိုးမှာပြုလုပ်တဲ့ သမ္မတလောင်းနှစ်ဦးရဲ့ ဒီဗိတ်တစ်ခုအတွက် သမ္မတထရန့်နဲ့အတူ လေယာဉ်စီးနှင်းခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ သမ္မတထရန့်ရဲ့ မိသားဝင်အချို့ဟာလည်း နှာခေါင်းစည်းတွေ ဝတ်ဆင်ခြင်းမပြုတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သမ္မတို့ဇနီးမောင်နှံနှစ်ဦးရဲ့…

Read More

လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ

လူ ၉၀ ကျော် ကိုဗစ်ပိုးကူးစက်တဲ့ Music Zone KTV ကို အမှုဖွင့်ပြီ ရန်ကုန်-အောက်တိုဘာ ၁-၂၀၂၀ သိင်္ဂီ(VOM) Music Zone KTV ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီးသင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “”အခြေနေကတော့ဘာမှမသိရသေးဘူး။ ကျန်းမာရေးက တရားလိုလုပ်တာဟုတ်တယ် ရဲစခန်းကအမှုဖွင့်တယ်။ အမှုသွားအမှုလာတော့မသိသေးဘူး။”လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူကပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone KTV စားသောက်ဆိုင် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်လိုက်ပြီ လို့ သင်္ဃန်းကျွန်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။ Music Zone ဆိုင်ဟာ ကိုဗစ်ကာလမှာတားမြစ်ထားတဲ့…

Read More
✕
VOM News

FREE
VIEW