မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်

မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်

 

မြစ်ကြီးနား-အောက်တိုဘာ ၁၉-၂၀၂၀

ရန်အောင်ထွန်း (VOM)

 

မြစ်ကြီးနားမြို့ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဘဏ်၀န်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့လို့ ဆေးရုံပို့ထားသလို သူနဲ့ထိစပ်တဲ့ နောက်ထပ်၀န်ထမ်း ၉ ဦးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။

 

Covid-19 အတည်ပြုလုနာ ဘဏ်၀န်ထမ်းအမျိုးသမီးဟာ အောက်တိုဘာ ၁၇ ရက်မှာ အနံ့ပျောက်လာလို့ နှာခေါင်တို့ဖတ် အာခေါင်တို့ဖတ်တွေ စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာပါ။  အဲ့ဒီအမျိုးသမီးနဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) စီမံဌာနမှာ တာ၀န်အထူထမ်ဆောင်ခဲ့သူ ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေက Quarntine ၀င်ခိုင်းထာပြီး ၁၉ ရက်နေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါဖြစ်ပါတယ်။

 

“ ဘဏ်မှာက နှစ်ပတ်တက် နှစ်ပတ်နားလေ သူက B ဆိုတော့ နားထားတယ်လေ ကျန်တဲ့သူတွေက ဆက်တက်မှာပေါ့ ၊ သူနဲ့တာ၀န်ထမ်းဆောင်ခဲ့တဲ့ ၉ ဦးကိုတော့ ငါတို့က Quarantine ထားမှာပေါ့၊ ဘဏ်ကတော့ အဲ့ဒီ ၉ ယောက်က ရောဂါပေါ်ပြီဆိုတော့မှ (Lock down) လုပ်မှာပေါ့၊ အဓိကကတော့ အမျိုးသမီးရဲ့ ယောက်ျား မိုးကောင်ကင်ကားဂိတ်မှူးက ကူးတာ၊ ဘဏ်အမျိုးသမီးက ကူးတာမဟုတ်ဘူး “ ဆိုပြီး လက်ရှိအခြေအနေကို မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်း၀င်းကပြောပါတယ်။

 

ရောဂါပိုးတွေ့တဲ့ ဘဏ်၀န်ထမ်း အမျိုးသမီးက အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်အထိ ကမ္ဘောဇဘဏ်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ ကား၀င်း မိုးကောင်းကင်ကားဂိတ် ဂိတ်မှူးလုပ်နေတဲ့ သူ့အမျိုးသားနဲ့ ထိတွေ့ကူးစပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဂိတ်မှူးကတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ယာဉ်မောင်းနဲ့ စပ်ဆက်ထိတွေ့ခဲ့တာ လို့ သိရပါတယ်။

 

အခုလိုဖြစ်ပြီးနောက်ပိုင်း အောက်တိုဘာ ၁၉ ရက်နေ့ကနေ ၂၃ ရက် အထိ မြစ်ကြီးနားဘဏ်ခွဲ (၁) ကို ပိုးသတ်ဆေးဖြန်းပြီး ပိတ်ထားမယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ခဲ့လို့ ဘဏ်လုပ်ငန်း လည်ပတ်မှုတွေနဲ့ ရောဂါကာကွယ်ရေး အစီအစဉ်တွေ ဘယ်လိုစီစဉ်လုပ်ကိုင်မလဲလို့ ဘဏ်မန်နေဂျာကို မေးကြည့်တော့ တရား၀င်ဖြေကြားခွင့် မရှိတဲ့အတွက် သက်ဆိုင်ရာ ရုံးချုပ်ကသာ ဖြေကြာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့မှာ ဘဏ်၀န်ထမ်းတွေနဲ့ ဘဏ်မှာ ၀န်ဆောင်မှုလာလုပ်သွာသူတွေကို နီးစပ်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေး၀န်ထမ်းတွေဆီ အကြောင်းကြား ဆက်သွယ်သတင်းပေးကြဖို့ တိုက်တွန်းထုတ်ပြန်ထာပါတယ်။ တိတိကျကျ သိရဖို့ ပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာနော်ရှဲတာကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ ဌာနကထုတ်ပြန်ထားချက်အရတော့ ပိုးတွေ့လူနာအသစ် (၉) ယောက်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM  #မြစ်ကြီးနားကိုဗစ် #KBZမြစ်ကြီးနား #Covid19

zawgy

ျမစ္ႀကီးနားကေမာၻဇဘဏ္ခြဲ(၁)က ပိုးေတြ႕လူနာဘဏ္၀န္ထမ္းနဲ႔ အတူတာဝန္က်တဲ့ ဝန္ထမ္း၉ေယာက္ Quarantine ဝင္

ျမစ္ႀကီးနား-ေအာက္တိုဘာ ၁၉-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

ျမစ္ႀကီးနားၿမိဳ႕ကေမာၻဇဘဏ္ခြဲ (၁) က အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ဘဏ္၀န္ထမ္းတစ္ဦး Covid-19 ေရာဂါပိုးေတြ႕လို႔ ေဆး႐ုံပို႔ထားသလို သူနဲ႔ထိစပ္တဲ့ ေနာက္ထပ္၀န္ထမ္း ၉ ဦးကိုလည္း အသြားအလာကန႔္သတ္ထားပါတယ္။

Covid-19 အတည္ျပဳလုနာ ဘဏ္၀န္ထမ္းအမ်ိဳးသမီးဟာ ေအာက္တိုဘာ ၁၇ ရက္မွာ အနံ႔ေပ်ာက္လာလို႔ ႏွာေခါင္တို႔ဖတ္ အာေခါင္တို႔ဖတ္ေတြ စစ္ေဆးတဲ့အခါမွာ ေရာဂါပိုးေတြ႕ခဲ့တာပါ။ အဲ့ဒီအမ်ိဳးသမီးနဲ႔ ကေမာၻဇဘဏ္ခြဲ (၁) စီမံဌာနမွာ တာ၀န္အထူထမ္ေဆာင္ခဲ့သူ ၉ ဦးကို ေအာက္တိုဘာ ၁၈ ရက္ေနက Quarntine ၀င္ခိုင္းထာၿပီး ၁၉ ရက္ေန႔မွာ ေဆးစစ္မႈေတြ ျပဳလုပ္သြားမွာပါျဖစ္ပါတယ္။

“ ဘဏ္မွာက ႏွစ္ပတ္တက္ ႏွစ္ပတ္နားေလ သူက B ဆိုေတာ့ နားထားတယ္ေလ က်န္တဲ့သူေတြက ဆက္တက္မွာေပါ့ ၊ သူနဲ႔တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ၉ ဦးကိုေတာ့ ငါတို႔က Quarantine ထားမွာေပါ့၊ ဘဏ္ကေတာ့ အဲ့ဒီ ၉ ေယာက္က ေရာဂါေပၚၿပီဆိုေတာ့မွ (Lock down) လုပ္မွာေပါ့၊ အဓိကကေတာ့ အမ်ိဳးသမီးရဲ႕ ေယာက္်ား မိုးေကာင္ကင္ကားဂိတ္မႉးက ကူးတာ၊ ဘဏ္အမ်ိဳးသမီးက ကူးတာမဟုတ္ဘူး “ ဆိုၿပီး လက္ရွိအေျခအေနကို ျမစ္ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အုပ္ခ်ဳပ္ေရးမႉး ဦးသန္း၀င္းကေျပာပါတယ္။

ေရာဂါပိုးေတြ႕တဲ့ ဘဏ္၀န္ထမ္း အမ်ိဳးသမီးက ေအာက္တိုဘာ ၁၂ ရက္နဲ႔ ၁၃ ရက္အထိ ကေမာၻဇဘဏ္မွာ တာဝန္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ျမစ္ႀကီးနားၿမိဳ႕ ျမစ္ဖ်ားဧရာ ကား၀င္း မိုးေကာင္းကင္ကားဂိတ္ ဂိတ္မႉးလုပ္ေနတဲ့ သူ႔အမ်ိဳးသားနဲ႔ ထိေတြ႕ကူးစပ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီဂိတ္မႉးကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးမွာ ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ယာဥ္ေမာင္းနဲ႔ စပ္ဆက္ထိေတြ႕ခဲ့တာ လို႔ သိရပါတယ္။

အခုလိုျဖစ္ၿပီးေနာက္ပိုင္း ေအာက္တိုဘာ ၁၉ ရက္ေန႔ကေန ၂၃ ရက္ အထိ ျမစ္ႀကီးနားဘဏ္ခြဲ (၁) ကို ပိုးသတ္ေဆးျဖန္းၿပီး ပိတ္ထားမယ္လို႔ သိရပါတယ္။ ဒီလိုျဖစ္ခဲ့လို႔ ဘဏ္လုပ္ငန္း လည္ပတ္မႈေတြနဲ႔ ေရာဂါကာကြယ္ေရး အစီအစဥ္ေတြ ဘယ္လိုစီစဥ္လုပ္ကိုင္မလဲလို႔ ဘဏ္မန္ေနဂ်ာကို ေမးၾကည့္ေတာ့ တရား၀င္ေျဖၾကားခြင့္ မရွိတဲ့အတြက္ သက္ဆိုင္ရာ ႐ုံးခ်ဳပ္ကသာ ေျဖၾကာမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ ဘဏ္၀န္ထမ္းေတြနဲ႔ ဘဏ္မွာ ၀န္ေဆာင္မႈလာလုပ္သြာသူေတြကို နီးစပ္ရာ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြဆီ အေၾကာင္းၾကား ဆက္သြယ္သတင္းေပးၾကဖို႔ တိုက္တြန္းထုတ္ျပန္ထာပါတယ္။ တိတိက်က် သိရဖို႔ ျပည္နယ္ျပည္သူ႔က်န္မာေရးဦးစီးဌာန ဒုဦးစီးမႉး ေဒါက္တာေနာ္ရွဲတာကို ဖုန္းနဲ႔ ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။ ဌာနကထုတ္ျပန္ထားခ်က္အရေတာ့ ပိုးေတြ႕လူနာအသစ္ (၉) ေယာက္ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနားကိုဗစ္ #KBZျမစ္ႀကီးနား #Covid19

 

Related posts

Leave a Comment

VOM News

FREE
VIEW