ဝေါမြို့နယ် ‌ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဝေါမြို့နယ် ‌ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ အောက်တိုဘာ ၁၉-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးမတစ်ဦး မနေ့ အောက်တိုဘာ ၁၈ရက်နေ့က Task kit နဲ့စမ်းသပ်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ထိစပ်သူ ၂၀ ကျော်ကို နှာခေါင်းနဲ့အာခေါင်တို့ပတ် နမူနာယူ စစ်ဆေးခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ” ဒီကနေ့မနက် နှာခေါင်းတို့ပတ်ယူပြီးရန်ကုန်ကို ပေးပို့ စစ်ဆေးထားတယ်။ စာရေးမနဲ့ ထိစပ်သူတွေကိုတော့ မြို့နယ်ထွေအုပ်ရုံးက တည်းခိုဆောင်မှာ သီးသန့်ထားရှိပြီး စုစုပေါင်း၂၁ ဦး တို့ပတ်နမူနာယူတယ်”လို့ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာကျော်မိုးနိုင်ကပြောပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၉ရက် မနက်ပိုင်းက ကိုဗစ်ရောဂါပိုးစစ်ဆေးသူ(၆၇၇)ဦးရှိတဲ့အနက် ပိုးတွေ့သူ (၉၆)ဦးရှိခဲ့တဲ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၂၀ရာခိုင်နူန်းအထိရှိခဲ့တာကြောင့် စိုးရိမ်ဖွယ်နူန်းထားဖြစ်တယ်လို့လို့ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာရန်နိုင်မောင်ရဲ့ပြောပြချက်အရ သိရပါတယ်။ ပဲခူးတိုင်‌း၊ ဝေါမြို့နယ်ထဲမှာ အခုနှစ် ဧပြီလကစတင်ပြီး…

Read More

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိလာ ဂျီနီဗာ၊ အောက်တိုဘာ-၁၉-၂၀၂၀ မျိုးဆက်(VOM) ကမ္ဘာ့မြောက်ပိုင်းဒေသတွေမှာ ဆောင်းရာသီစတင်ချိန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်နေပြီး ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၁၉ ရက်အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်းဟာ သန်း ၄၀ ကျော်ထိရှိလာကြောင်း ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရိုက်တာရဲ့စစ်တမ်းဟာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို အခြေခံထားပေမယ့် အချို့နိုင်ငံတွေမှာ စစ်ဆေးမှုအားနည်းတာတွေနဲ့ အစီရင်ခံမှုနည်းပါးတာတွေကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ ဒီထက်ပိုမိုများပြားမယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ စစ်တမ်းအချက်အလက်တွေအရ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ဆက်လက်မြှင့်တက်နေကြောင်းဖော်ပြနေပါတယ်။ ဇန်နဝါရီအစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြု့မှာ ရောဂါကို ပထမဆုံးအတည်ပြုပြီးချိန်မှစ၍ ကူးစက်မှု ၁၀ သန်းရောက်ရှိရန် သုံးလကြာပြီး ၄၄ ရက်အတွင်း ၁၀ သန်းကနေ သန်း ၂၀ ထိရောက်ရှိခဲ့ပါတယ်။ သန်း ၂၀ မှ…

Read More

မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်

မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်   မြစ်ကြီးနား-အောက်တိုဘာ ၁၉-၂၀၂၀ ရန်အောင်ထွန်း (VOM)   မြစ်ကြီးနားမြို့ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဘဏ်၀န်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့လို့ ဆေးရုံပို့ထားသလို သူနဲ့ထိစပ်တဲ့ နောက်ထပ်၀န်ထမ်း ၉ ဦးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။   Covid-19 အတည်ပြုလုနာ ဘဏ်၀န်ထမ်းအမျိုးသမီးဟာ အောက်တိုဘာ ၁၇ ရက်မှာ အနံ့ပျောက်လာလို့ နှာခေါင်တို့ဖတ် အာခေါင်တို့ဖတ်တွေ စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာပါ။  အဲ့ဒီအမျိုးသမီးနဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) စီမံဌာနမှာ တာ၀န်အထူထမ်ဆောင်ခဲ့သူ ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေက Quarntine ၀င်ခိုင်းထာပြီး ၁၉ ရက်နေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါဖြစ်ပါတယ်။   “ ဘဏ်မှာက နှစ်ပတ်တက်…

Read More

NLD ပါတီ မဲဆွယ်ယာဥ်တန်းလိုက်ပါတဲ့အမျိုးသမီး ၁ ယောက် ကားကြိတ်မိပြီး သေဆုံး

NLD ပါတီ မဲဆွယ်ယာဥ်တန်းလိုက်ပါတဲ့အမျိုးသမီး ၁ ယောက် ကားကြိတ်မိပြီး သေဆုံး အောက်တိုဘာ ၁၉ ၊ ၂၀၂၀ ကိုတိုးကြီး ( VOM) ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့ သပြေကွင်းအုပ်စု ကိုင်းတောကျေးရွာအနီး အသုတ် – ကျုံပျော်ကားလမ်းမှာ မနေ့ ( အောက်တိုဘာ ၁၈) ညနေပိုင်းက NLD ပါတီ အောင်နိုင်ရေး မဲဆွယ် ယာဥ်တန်းကို ဆိုင်ကယ်စီးပြီး လိုက်ပါလာ ဝန်းရံသူ အမျိုးသမီး တစ်ယောက် ယာဥ်မတော်တဆမှုဖြစ်ကာ သေဆုံးသွားတယ်လို့ သပြေကွင်းကျေးရွာနေ ဒေသခံ တွေဆီက သိရပါတယ်။ ရေကြည်မြို့နယ် အသုတ်မြို့ မှာနေတဲ့ မခင်မျိုးသက် (စျေးရောင်း) အသက် (၃၈) နှစ်ဟာ NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး အင်အားပြ ယာဥ်တန်းမှာ HONDA ဆိုင်ကယ် အဖြူရောင်ကိုစီးနင်းလိုက်ပါစဉ်မှာ…

Read More

ရွှေလီမြစ်ထဲကျတဲ့ SNLD ပါတီအောင်နိုင်ရေးကားက အမျိုးသမီး ၃ ယောက်အလောင်းတွေ့ပေမယ့် ကလေးရှာမတွေ့သေး

ရွှေလီမြစ်ထဲကျတဲ့ SNLD ပါတီအောင်နိုင်ရေးကားက အမျိုးသမီး ၃ ယောက်အလောင်းတွေ့ပေမယ့် ကလေးရှာမတွေ့သေး အောက်တိုဘာ ၁၉-၂၀၂၀ နေနန်းနွယ်(VOM) မူဆယ်မြို့နယ် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝန်းရံသူတွေပါဝင်တဲ့ ယာဉ်ငယ်တစ်စီးဟာ ကမ်းစပ်ကနေ အရှိန်လွန်ပြီး မြစ်အတွင်း ပြုတ်ကျသွားတာမို့ ကားအတွင်း စီးနှင်းလိုက်လာတဲ့ အမျိုးသမီး (၃) ယောက် သေဆုံးသွားကာ ကလေးကို ယခုထိ ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ “ရေထဲကျသွားတဲ့ ၇ ယောက်ထဲမှာ (၅)နှစ်အရွယ် ယောက်ကျားလေးကတော့ အခုချိန်ထိရှာမတွေ့သေးပါဘူး၊ ညနေ ၃ နာရီခွဲလောက်မှာ အမျိုးသမီး ၃ ယောက်နဲ့ ကားကို ရှာတွေ့နိုင်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးတွေကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး အခု သူတို့ အိမ်မှာ ထားလိုက်ပါပြီ။ ကလေးရဲ့ အမေကိုတော ယ့ အသက်ရှင်ရက် ကယ်နိုင်ခဲ့ပါတယ်” ဟု SNLD ပါတီရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်…

Read More
VOM News

FREE
VIEW