NLD ပါတီ မဲဆွယ်ယာဥ်တန်းလိုက်ပါတဲ့အမျိုးသမီး ၁ ယောက် ကားကြိတ်မိပြီး သေဆုံး

NLD ပါတီ မဲဆွယ်ယာဥ်တန်းလိုက်ပါတဲ့အမျိုးသမီး ၁ ယောက် ကားကြိတ်မိပြီး သေဆုံး

အောက်တိုဘာ ၁၉ ၊ ၂၀၂၀
ကိုတိုးကြီး ( VOM)

ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့ သပြေကွင်းအုပ်စု ကိုင်းတောကျေးရွာအနီး အသုတ် – ကျုံပျော်ကားလမ်းမှာ မနေ့ ( အောက်တိုဘာ ၁၈) ညနေပိုင်းက NLD ပါတီ အောင်နိုင်ရေး မဲဆွယ် ယာဥ်တန်းကို ဆိုင်ကယ်စီးပြီး လိုက်ပါလာ ဝန်းရံသူ အမျိုးသမီး တစ်ယောက် ယာဥ်မတော်တဆမှုဖြစ်ကာ သေဆုံးသွားတယ်လို့ သပြေကွင်းကျေးရွာနေ ဒေသခံ တွေဆီက သိရပါတယ်။

ရေကြည်မြို့နယ် အသုတ်မြို့ မှာနေတဲ့ မခင်မျိုးသက် (စျေးရောင်း) အသက် (၃၈) နှစ်ဟာ NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး အင်အားပြ ယာဥ်တန်းမှာ HONDA ဆိုင်ကယ် အဖြူရောင်ကိုစီးနင်းလိုက်ပါစဉ်မှာ ဆိုင်ကယ်တစ်စီးနဲ့ လက်ကိုင်ချင်းချိတ်မိပြီး ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျသွားတာကြောင့် နောက်ကမောင်းလာတဲ့ မှန်လုံကားနဲ့ ကြိတ်မိပြီး မခင်မျိုးသက်ဟာ နေရာမှာတင် ဦးခေါင်းကြေမွ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

” အဲ့ဒီ အင်အားပြ ယာဥ်တန်းနဲ့အတူ နောက်ကနေ လိုက်ပါလာတဲ့ ခရီးသည်တင် HIGER အမျိုးအစား မှန်လုံ EXPRESS. ကားနံပါတ် MDY – 6Q / ….. နဲ့ ကြိတ်မိတာဖြစ်တယ် ” လို့ ပါတီအင်အားပြရာမှာ လိုက်ပါဝန်းရံသူ ကိုအောင်မြင့်ဦး ကပြောပါတယ်။

အောက်တိုဘာ ၁၃ ညနေပိုင်းကလည် စစ်ကိုင်းခရိုင် မြောင်မြို့ပေါ်မှာ NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကနေ သုံးဘီးဆိုင်ကယ်နဲ့ ကျောက်ရစ်ရွာကို ပြန်လာခဲ့တဲ့သူ လူငယ် ၃ ယောက်ဟာ မြောင် – ပရိမ္မ ကားလမ်း နဘတ်ကြီးရွာအနီးမှာ အချင်းချင်း စကားများပြီး ကျောက်ခဲနဲ့ထုတာကြောင့် NLD ပါတီ ဝန်းရံထောက်ခံသူလူငယ်တစ်ယောက်သေဆုံးကာ လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ချောင်းဦးမြို့နယ် ကုလားကြီးအုပ်စု တပါယ်အင်းရွာမှာလည်း NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကားပေါ်ကပြုတ်ကျပြီး ကားနောက်ဘီးနဲ့ကြိတ်မိလို့ NLD ပါတီ ဝန်းရံထောက်သူ လူငယ်တစ်ယောက်သေဆုံးခဲ့ပါသေးတယ်။
ဒါတွေအပြင် ချောင်းဦး ၊ ဘုတလင် ၊ အရာတော် ၊ သပိတ်ကျင်း ၊ မြင်းမူ ၊ ကန့်ဘလူ စတဲ့ ခရီးစဉ်တွေမှာလည်း မဲဆွယ်စည်းရုံးရေး လိုက်ပါဝန်းရံသူတွေဟာ ယာဥ်မတော်တဆမှုတွေဖြစ်ပွားခဲ့လို့ သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

အောက်တိုဘာ ၁၆ ညနေပိုင်းကလည်း မြင်းမူမြို့ ကျန်စစ်သားရပ်ကွက် ဇေယျာလမ်းထိပ်မှာ NLD ပါတီအလံကို ကားအမိုးပေါ်က မတ်တပ်ရပ်ပြီး ဝှေ့ရမ်းခဲ့တဲ့ လူငယ်တစ်ယာက်ဟာ အလံစတီးရိုးနဲ့ လျှပ်စစ်ဓာတ်ကြိုး ထိမိလို့ ဓာတ်လိုက်သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်းဖြစ်ခဲ့ပါတယ်။

#VOM #voiceofmyanmar #NLDအောင်နိုင်ရေးယာဉ်တန်းမှမတော်တဆမှုများ
ဓါတ်ပုံ အောင်မြင့်ဦး

Zawgy

NLD ပါတီ မဲဆြယ္ယာဥ္တန္းလိုက္ပါတဲ့အမ်ိဳးသမီး ၁ ေယာက္ ကားႀကိတ္မိၿပီး ေသဆုံး

ေအာက္တိုဘာ ၁၉ ၊ ၂၀၂၀
ကိုတိုးႀကီး ( VOM)

ဧရာဝတီတိုင္း ေရၾကည္ၿမိဳ႕နယ္ အသုတ္ၿမိဳ႕ သေျပကြင္းအုပ္စု ကိုင္းေတာေက်း႐ြာအနီး အသုတ္ – က်ဳံေပ်ာ္ကားလမ္းမွာ မေန႔ ( ေအာက္တိုဘာ ၁၈) ညေနပိုင္းက NLD ပါတီ ေအာင္ႏိုင္ေရး မဲဆြယ္ ယာဥ္တန္းကို ဆိုင္ကယ္စီးၿပီး လိုက္ပါလာ ဝန္းရံသူ အမ်ိဳးသမီး တစ္ေယာက္ ယာဥ္မေတာ္တဆမႈျဖစ္ကာ ေသဆုံးသြားတယ္လို႔ သေျပကြင္းေက်း႐ြာေန ေဒသခံ ေတြဆီက သိရပါတယ္။

ေရၾကည္ၿမိဳ႕နယ္ အသုတ္ၿမိဳ႕ မွာေနတဲ့ မခင္မ်ိဳးသက္ (ေစ်းေရာင္း) အသက္ (၃၈) ႏွစ္ဟာ NLD ပါတီ ေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးေရး အင္အားျပ ယာဥ္တန္းမွာ HONDA ဆိုင္ကယ္ အျဖဴေရာင္ကိုစီးနင္းလိုက္ပါစဥ္မွာ ဆိုင္ကယ္တစ္စီးနဲ႔ လက္ကိုင္ခ်င္းခ်ိတ္မိၿပီး ဆိုင္ကယ္ေပၚကေန ျပဳတ္က်သြားတာေၾကာင့္ ေနာက္ကေမာင္းလာတဲ့ မွန္လုံကားနဲ႔ ႀကိတ္မိၿပီး မခင္မ်ိဳးသက္ဟာ ေနရာမွာတင္ ဦးေခါင္းေၾကမြ ဒဏ္ရာနဲ႔ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

” အဲ့ဒီ အင္အားျပ ယာဥ္တန္းနဲ႔အတူ ေနာက္ကေန လိုက္ပါလာတဲ့ ခရီးသည္တင္ HIGER အမ်ိဳးအစား မွန္လုံ EXPRESS. ကားနံပါတ္ MDY – 6Q / ….. နဲ႔ ႀကိတ္မိတာျဖစ္တယ္ ” လို႔ ပါတီအင္အားျပရာမွာ လိုက္ပါဝန္းရံသူ ကိုေအာင္ျမင့္ဦး ကေျပာပါတယ္။

ေအာက္တိုဘာ ၁၃ ညေနပိုင္းကလည္ စစ္ကိုင္းခ႐ိုင္ ေျမာင္ၿမိဳ႕ေပၚမွာ NLD ပါတီ ေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးေရးကေန သုံးဘီးဆိုင္ကယ္နဲ႔ ေက်ာက္ရစ္႐ြာကို ျပန္လာခဲ့တဲ့သူ လူငယ္ ၃ ေယာက္ဟာ ေျမာင္ – ပရိမၼ ကားလမ္း နဘတ္ႀကီး႐ြာအနီးမွာ အခ်င္းခ်င္း စကားမ်ားၿပီး ေက်ာက္ခဲနဲ႔ထုတာေၾကာင့္ NLD ပါတီ ဝန္းရံေထာက္ခံသူလူငယ္တစ္ေယာက္ေသဆုံးကာ လူသတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

ေခ်ာင္းဦးၿမိဳ႕နယ္ ကုလားႀကီးအုပ္စု တပါယ္အင္း႐ြာမွာလည္း NLD ပါတီ ေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးေရး ကားေပၚကျပဳတ္က်ၿပီး ကားေနာက္ဘီးနဲ႔ႀကိတ္မိလို႔ NLD ပါတီ ဝန္းရံေထာက္သူ လူငယ္တစ္ေယာက္ေသဆုံးခဲ့ပါေသးတယ္။
ဒါေတြအျပင္ ေခ်ာင္းဦး ၊ ဘုတလင္ ၊ အရာေတာ္ ၊ သပိတ္က်င္း ၊ ျမင္းမူ ၊ ကန႔္ဘလူ စတဲ့ ခရီးစဥ္ေတြမွာလည္း မဲဆြယ္စည္း႐ုံးေရး လိုက္ပါဝန္းရံသူေတြဟာ ယာဥ္မေတာ္တဆမႈေတြျဖစ္ပြားခဲ့လို႔ ေသဆုံး ဒဏ္ရာရသူေတြ ရွိခဲ့ပါေသးတယ္။

ေအာက္တိုဘာ ၁၆ ညေနပိုင္းကလည္း ျမင္းမူၿမိဳ႕ က်န္စစ္သားရပ္ကြက္ ေဇယ်ာလမ္းထိပ္မွာ NLD ပါတီအလံကို ကားအမိုးေပၚက မတ္တပ္ရပ္ၿပီး ေဝွ႔ရမ္းခဲ့တဲ့ လူငယ္တစ္ယာက္ဟာ အလံစတီး႐ိုးနဲ႔ လွ်ပ္စစ္ဓာတ္ႀကိဳး ထိမိလို႔ ဓာတ္လိုက္ေသဆုံးခဲ့တဲ့ ျဖစ္စဥ္လည္းျဖစ္ခဲ့ပါတယ္။

#VOM #voiceofmyanmar #NLDေအာင္ႏိုင္ေရးယာဥ္တန္းမွမေတာ္တဆမႈမ်ား
ဓါတ္ပုံ ေအာင္ျမင့္ဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW