ဝေါမြို့နယ် ‌ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဝေါမြို့နယ် ‌ထွေအုပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

အောက်တိုဘာ ၁၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးမတစ်ဦး မနေ့ အောက်တိုဘာ ၁၈ရက်နေ့က Task kit နဲ့စမ်းသပ်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ထိစပ်သူ ၂၀ ကျော်ကို နှာခေါင်းနဲ့အာခေါင်တို့ပတ် နမူနာယူ စစ်ဆေးခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။

” ဒီကနေ့မနက် နှာခေါင်းတို့ပတ်ယူပြီးရန်ကုန်ကို ပေးပို့ စစ်ဆေးထားတယ်။ စာရေးမနဲ့ ထိစပ်သူတွေကိုတော့ မြို့နယ်ထွေအုပ်ရုံးက တည်းခိုဆောင်မှာ သီးသန့်ထားရှိပြီး စုစုပေါင်း၂၁ ဦး တို့ပတ်နမူနာယူတယ်”လို့ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာကျော်မိုးနိုင်ကပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၉ရက် မနက်ပိုင်းက ကိုဗစ်ရောဂါပိုးစစ်ဆေးသူ(၆၇၇)ဦးရှိတဲ့အနက် ပိုးတွေ့သူ (၉၆)ဦးရှိခဲ့တဲ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း
၂၀ရာခိုင်နူန်းအထိရှိခဲ့တာကြောင့် စိုးရိမ်ဖွယ်နူန်းထားဖြစ်တယ်လို့လို့ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာရန်နိုင်မောင်ရဲ့ပြောပြချက်အရ သိရပါတယ်။

ပဲခူးတိုင်‌း၊ ဝေါမြို့နယ်ထဲမှာ အခုနှစ် ဧပြီလကစတင်ပြီး Covid-19ရောဂါ သံသယလူနာ၂၆၀၀၀ ကျော်ကိုနှာခေါင်းနဲ့အာခေါင်တို့ပတ်နမူနာယူစစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၅၄ ဦးတွေ့ရှိထားပြီး Test Kit နဲ့စစ်ဆေးရာမှာတော့ အတည်ပြုလူနာ ၇ ဦးထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ အခု အောက်တိုလာလ၂ရက်နေ့ မနက်ပိုင်းက အသက်ရှုကြပ်၊ မောပမ်းတဲ့ လက္ခဏာနဲ့ အသက်၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူရဲ့ စစ်ဆေးချက်တွေအရ ကိုဗစ်ရောဂါပိုးမတွေ့ရှိခဲ့ရဘူးလို့ ပဲ
ခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကလည်း ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ပြီး လေးရက်အကြာမှာ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

#voiceomyanmar #VOM #ဝေါမြို့ #ထွေအုပ်ဝန်ထမ်း #ကိုဗစ်ပိုးတွေ့

Zawgyi

ေဝါၿမိဳ႔နယ္ ‌ေထြအုပ္ဝန္ထမ္းတစ္ဦးမွာ ကိုဗစ္ပိုးေတြ႕

ေအာက္တိုဘာ ၁၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ႐ုံးစာေရးမတစ္ဦး မေန႔ ေအာက္တိုဘာ ၁၈ရက္ေန႕က Task kit နဲ႔စမ္းသပ္စစ္ေဆးရာ ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ၿပီး ထိစပ္သူ ၂၀ ေက်ာ္ကို ႏွာေခါင္းနဲ႔အာေခါင္တို႔ပတ္ နမူနာယူ စစ္ေဆးခဲ့တယ္လို႔ ေဝါၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေျပာပါတယ္။

” ဒီကေန႔မနက္ ႏွာေခါင္းတို႔ပတ္ယူၿပီးရန္ကုန္ကို ေပးပို႔ စစ္ေဆးထားတယ္။ စာေရးမနဲ႔ ထိစပ္သူေတြကိုေတာ့ ၿမိဳ႕နယ္ေထြအုပ္႐ုံးက တည္းခိုေဆာင္မွာ သီးသန႔္ထားရွိၿပိီး စုစုေပါင္း၂၁ ဦး တို႔ပတ္နမူနာယူတယ္”လို႔ ေဝါၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဦးစီးမွဴး ေဒါက္တာေက်ာ္မိုးႏိုင္ကေျပာပါတယ္။

ပဲခူးတိုင္းအတြင္းမွာ ဒီကေန႔ ေအာက္တိုဘာ ၁၉ရက္ မနက္ပိုင္းက ကိုဗစ္ေရာဂါပိုးစစ္ေဆးသူ(၆၇၇)ဦးရွိတဲ့အနက္ ပိုးေတြ႕သူ (၉၆)ဦးရွိခဲ့တဲ့အတြက္ ေရာဂါပိုးေတြ႕ရွိမႈရာခိုင္ႏႈန္း
၂၀ရာခိုင္ႏူန္းအထိရွိခဲ့တာေၾကာင့္ စိုးရိမ္ဖြယ္ႏူန္းထားျဖစ္တယ္လို႔လို႔ ပဲခူးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးမႉးေဒါက္တာရန္ႏိုင္ေမာင္ရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

ပဲခူးတိုင္‌း၊ ေဝါၿမိဳ႕နယ္ထဲမွာ အခုႏွစ္ ဧၿပီလကစတင္ၿပီး Covid-19ေရာဂါ သံသယလူနာ၂၆၀၀၀ ေက်ာ္ကိုႏွာေခါင္းနဲ႔အာေခါင္တို႔ပတ္နမူနာယူစစ္ေဆးခဲ့ရာ အတည္ျပဳလူနာ ၅၄ ဦးေတြ႕ရွိထားၿပီး Test Kit နဲ႔စစ္ေဆးရာမွာေတာ့ အတည္ျပဳလူနာ ၇ ဦးထိ ရွိခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ေဝါၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံႀကီးမွာ အခု ေအာက္တိုလာလ၂ရက္ေန႔ မနက္ပိုင္းက အသက္ရႈၾကပ္၊ ေမာပမ္းတဲ့ လကၡဏာနဲ႔ အသက္၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ၿပီး ေသဆံုးသူရဲ႔ စစ္ေဆးခ်က္ေတြအရ ကိုဗစ္ေရာဂါပိုးမေတြ႕ရွိခဲ့ရဘူးလို႔ ပဲ
ခူးတိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ကိုဗစ္ပထမလႈိင္းျဖစ္ပြားခ်ိန္ကလည္း ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယၿမိဳ႔နယ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ကိုဗစ္ေရာဂါပိုးေတြ႕ၿပီး ေလးရက္အၾကာမွာ ေသဆံုးခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။

#voiceomyanmar #VOM #ေဝါၿမိဳ႔ #ေထြအုပ္ဝန္ထမ္း #ကိုဗစ္ပိုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW