Tatmadaw is fully cooperating to tackle COVID-19
General Zaw Min Tun
Tatmadaw is fully cooperating to tackle COVID-19 Naypyidaw / September 18, 2020 Tartee  (VOM)   Myanmar reported 4621COVID19 confirmed cases with 75 death on Friday. Over ten thousand people are under the surveillance at the quarantine centers across the country. The Military predicted the COVID19 positive cases would be increase double by the end of September and said the military…
Read More
နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ်
Naypyidaw bed 1000
နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ကိုဗစ်အပ်ဒိတ် နေပြည်တော်၊ စက်တင်ဘာ ၁၇-၂၀၂၀ Voice Of Myanmar မြန်မာပြည်တဝှမ်းမှာ ကယားပြည်နယ်ကလွဲပြီး ကိုဗစ်ရောဂါကပ်ဆိုက်ရောက်နေတာမို့ မြို့အတော်များများဟာ ကိုယ့်အန္တရာယ်ကို ကာကွယ်နေကြရပါတယ်။ အစိုးရမင်းတွေရုံးစိုက်တဲ့ နေပြည်တော်ကတော့ အထူး(အထူး) ပိုမိုကြပ်မတ်ဆောင်ရွက်နေတဲ့ကြားက ကိုဗစ်ပိုးတွေ့သူ ၅၇ ယောက်ထိရှိခဲ့ပါတယ်။ ကိုဗစ်ပထမလှိုင်းမှာ ဆွစ်ဇာလန်သူတယောက်နဲ့ တပ်မတော်သားတယောက်မှာဘဲ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ဒုတိယလှိုင်းအရိုက်ခံရတာမှာတော့ ၅၅ယောက်ထိခဲ့ပါတယ်။ လက်ရှိအနေအထားမှာ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးရဲ့ အခြေအနေကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကိုခုလိုပြောထားပါတယ်။ “ အခုလက်ရှိ ခုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာနေတယ်၊ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ လူနာ ၃၀ ထားဖို့…
Read More
မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက်
Mawlamyaing
မော်လမြိုင်က ကိုဗစ်ပိုးတွေ့လူနာသုံးဦးထဲမှာ နှစ်ဦးက ရောဂါပိုးရှိသူနဲ့ ဆက်စပ်မှုမသိလို့ ကွင်းဆက်ပျောက် စက်တင်ဘာ ၁၅-၂၀၂၀ ကောင်းလက်ျာ((VOM) မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့ညက ကိုရို နာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ အမျိုးသမီးသုံးဦးမှာ နှစ်ဦးက ရောဂါပိုးရှိသူနှင့်ထိတွေ့မှု ပျောက်ဆုံး နေတာကြောင့် စုံစမ်းနေတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဒုတိယ ကျန်းမာရေးဦးစီးမှူးဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ “သုံးဦး သတင်းထွက်နေတာ မဟုတ်ပါဘူး။ နှစ်ယောက်ကတော့ ကွန်တက်ပါစင် ပျောက်နေတယ်။ လက်တလောတော့ အဲဒီ ၃ယောက်နဲ့ထိတွေ့မိသူ၃၀ကျော်ကို စောင့်ကြည့်စခန်းတွေမှာ ပို့ထားပြီးဖြစ်ပါတယ်” လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်တွေအရ မော်လမြိုင်မြို့နယ်ရွှေတောင်ရပ်မှ အမျိုးသမီးတစ်ဦး၊ စစ်ကဲကုန်းရပ်နေ အမျိုးသမီး နှစ်ဦးဖြစ်ပြီးတစ်ဦးမှာ ရောဂါပို‌းတွေ့လူနာတစ်ဦးနဲ့အိမ်နီးချင်း ဖြစ်ပေမယ့် ကျန်နှစ်ဦးက ပိုးတွေ့လူနာနဲ့ထိတွေမှု မရှိဘူးလို့သိရပါတယ်။ အဲဒီအမျိုးသမီးသုံးဦးဟာ မော်လမြိုင်မြို့နယ်…
Read More
Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?
Covid and election
Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?     မန္တလေး၊စက်တင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM)   ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးမှ Quarantine ဝင်ရခဲ့သည်ရှိသော် ရောဂါပိုးတွေ့ရှိခဲ့သော် ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာ သေချာထည့်သွင်းမထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနိုင်တာမို့ စိုးရိမ်မှုတွေရှိနေပါတယ်။   ဒီလို   စိုးရိမ်မှုတွေဖြေဖျောက်ဖို့ လူတိုင်မဲပေးခွင့် မဆုံးရှုံးအောင်Qurantine ဝင်နေတဲ့သူတွေနဲ့Positive လူနာတွေမဲပေးခွင့်ရအောင် ဘယ်လိုတွေစီစဉ်ထားသလဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကို  VOM က ဆက်သွယ်မေးမြန်းရာမှာတော့ “ Quarntine ဝင်နေတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးအောင်သက်ဆိုင်ရာQurantine Center ကအဖွဲ့တွေ၊ရွေးကောက်ပွဲကော်မရှင်ကအဖွဲ့တွေ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတွေအောက်ကနေအန္တရာယ်မဖြစ်အောင်မဲပေးနိုင်ဖို့စီးစဥ်ထားပြီဖြစ်ပေမယ့်Positive လူနာတွေပါမဲပေူခွင့်မဆုံးရှုံရအောင်အသေးစိတ် ညှိနှိုင်းနေပြီဖြစ်တယ်” လို့ ဖြေပါတယ်။   လာမယ့်ရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဲပေးခွင့်မဆုံးရှုံးဘဲနဲ့အန္တရာယ်ကင်းစွာမဲပေးနိုင်ဖို့၊မဲပေးတဲ့ဖြစ်စဥ်ကြောင့်ရောဂါကူးဆက်ပြန့်ပွားမှုပိုမိုမဆိုးရွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေဟာကျမတို့အဓိကရည်ရွက်ချက်၂ခုဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကထည့်သွင်းပြောကြားပါတယ်။ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ” ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကာလမှာQurantine ဝင်နေသူတွေကတော့ပုံစံ၃(က) နဲ့မဲပေးနိုင်မှာဖြစ်ပြီးPositive လူနာတွေအတွက်ကတော့မဲပေးနိုင်ဖို့မစီစဥ်ရသေးဘူး” လို့  VOM ကိုပြောပါတယ်။…
Read More
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ
#covid
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ ဝါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ မြင့်တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်းဟာ ရှစ်သိန်းနီးပါးထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ နာရီကြာတိုင်း ပျမ်းမျှ လူ ၅၉၀၀ နီးပါးသေဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က စတင်ပြီး သြဂုတ် ၂၁ ရက်ထိရရှိထားတဲ့ အချက်အလက်အလက်တွေအခြေခံတွက်ချက်မှုကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တစ်နာရီကြာတိုင်း လူ ၂၄၆ ဦးသေဆုံးနေပြီး ဒါမှမဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်းသေဆုံးနေပါတယ်။ သေဆုံးသူအရေအတွက် ခြောက်သိန်းကနေ ခုနှစ်သိန်းထိရောက်ရှိဖို့ ၁၇ ရက်သာကြာမြင့်ခဲ့ပြီး ခုနှစ်သိန်းကနေ ရှစ်သိန်းထိကိုလည်း ၁၇ ရက်သာကြာမြင့်ခဲ့ပါတယ်။ သြဂုတ်…
Read More
ရခိုင်ကနေဧရာ၀တီကိုလာရင်၂၁ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိမည်
Read More
မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ
မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ နေပြည်တော်၊ဩဂုတ်၂၃-၂၀၂၀ ကောင်းလက်ျာ( VOM) ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားမြို့ နယ်အချို့မှာ ကိုရိုနှာဗိုင်းရပ်စ်‌ေရာဂါ ပိုးပြည်တွင်း ကူးစက်မှုနူန်းပြန်လည် မြင့်တက်လာခဲ့ပြီးနောက် အဲဒီဒေသတွေကို မိမိဆန္ဒအလျောက်တာဝန်ထမ်းဆောင်မယ့်ကျန်းမာရေးဝန်ထမ်းတွေဟာ ဩဂုတ်လ၂၃ နံနက် ၈ နာရီခန့်က စစ်တွေလေဆိပ်ကို ရောက်ရှိလာခဲ့တယ် လို့ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာ ဇော်လွင်က ပြောပါတယ်။ “စုစုပေါင်း ဆရာဝန်ကြီးတွေ အထူးကုဆရာဝန်တွေနဲ့သူနာပြု၂၄ ယောက်ပါလာပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး စစ်တွေမြို့ မှာ တာ ဝန်ထမ်းဆောင်မှာပါ “လို့ ဆက်ပြောပြ ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တစ်လကြာတာဝန်ထမ်းဆောင်ကြမယ့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လက်အောက် ကျန်းမာရေးဦးစီးဌာနမှဒုတိယ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနမှူး ၁ ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအ ထူးကု) ၃…
Read More
ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ
ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ ဝါရှင်တန်၊ သြဂုတ်-၅-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုတို့မှာ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူဦးရေမြင့် တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်း ခုနှစ်သိန်းကျော်ထိရှိလာပြီဖြစ်ပါတယ်။ ရောဂါကြောင့် ၂၄ နာရီတိုင်း လူ ၅၉၀၀ နီးပါးပျှမ်းမျှသေဆုံးနေတယ်လို့ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းက အချက်အလက်တွေကို အခြေခံပြီး ရိုက်တာသတင်းဌာနရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နာရီကြာတိုင်း လူ ၂၄၇ ဦးသေဆုံး သို့မဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ လက်တင်အမေရိကတို့ဟာ ကပ်ရောဂါဖြစ်ပွားရာ ဗဟိုချက်သစ်တွေဖြစ်နေပြီး နှစ်နိုင်ငံစလုံးဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။ လူဦးရေသန်း ၆၄၀ ကျော်နေထိုင်တဲ့ လက်တင်အမေရိကမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကနဦးနှေးကွေးခဲ့ပေမယ့် ဒေသအတွင်း ဆင်းရဲမွဲတေမှုနဲ့ မြို့တွေမျာ လူဦးရေထူထပ်စွာနေထိုင်ကြတာတွေကြောင့်…
Read More
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ ဝါရှင်တန်၊ မေ-၁၉-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်ဆေးကုမ္ပဏီတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုရဲ့ အစောပိုင်းရလဒ်တွေကို ထုတ်ဖော်ကြေညာလိုက်ပြီး အဲဒီဆေးဟာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ မတ်လကတည်းက စမ်းသပ်ခဲ့ရလဒ်တွေကို Moderna ကုမ္ပဏီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆေးဟာစမ်းသပ်ခံခဲ့တဲ့လူတွေမှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားစနစ်ထုတ်လုပ်ပေးတယ်လို့ ပြောပါတယ်။ ပထမအဆင့် စမ်းသပ်မှုအရ ကာကွယ်ဆေးထိုးပေးခဲ့တဲ့လူတွေမှာ ထွက်ရှိလာတဲ့ကိုယ်ခံအားစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ပြန်လည်ကျန်းမာလာသူတွေမှာ တွေ့ရှိရတဲ့ ကိုယ်ခံအားစနစ်လိုမျိုး ဖြစ်တယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်အကြား စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ပမာဏအမျိုးမျိုးပေးပြီး စမ်းသပ်ခဲ့တာဖြစ်ကာ အဲဒီအထဲက ရှစ်ဦးမှာ ဗိုင်းရပ်စ်ကိုတုံ့ပြန်နိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်ဖို့များစွာကျန်ရှိနေသေးပေမယ့် Moderna…
Read More
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ ကလေး၊ ဧပြီ ၂၉၊ ၂၀၂၀ ငြိမ်းသူမင်း (VOM) ကိုဗစ်၁၉ ပြန့်နှံ့မှု ကာကွယ်ရေးအတွက် lockdown ချထားတဲ့၊ ပထမဆုံး ကိုဗစ်၁၉ လူနာ တွေ့ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lockdown ဖြည်ရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။ ဝန်ကြီးက “ခု ပြည်ထောင်စုကို သဘောထား တင်ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် အတိုင်းပဲ ဆက်လုပ်ဖို့ပေါ့နော်။ Lockdown ချ ထားတာ တစ်လကျော်လာပြီ ဆိုတော့ ဖြေသင့်ပြီလို့ သုံးသပ်တယ်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးဌာနရဲ့ အကြံပြုချက် တောင်းထားပါတယ်။ လောလောဆယ် မှာတော့…
Read More
✕
VOM News
FREE
VIEW