ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ တိုကျို၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးကို ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ သင်္ဘောနှင့်လိုက်ပါလာသူတွေထဲမှာ ရောဂါကူးစက်ခံထားသူဦးရေ ၆၁ဦးထိရှိသွားပြီဖြစ်ပါတယ်။ လူပေါင်း၃၇၀၀လိုက်ပါလာတဲ့ ဒိုင်းမွန်းပရင့်စ်သင်္ဘောကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် ယိုကိုဟားမားမှာ သီတင်းနှစ်ပတ်ထက်မနည်း သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနှင်းခဲ့ဖူးသူ အသက်၈၀အရွယ် ဟောင်ကောင် အမျိုးသားတစ်ဦးဟာ ကိုရိုနာရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သင်္ဘောပေါ်ကလူတွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီ၂၀နေ့က ယိုကိုဟားမားရှိ အပျော်စီးသဘောၤကို လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ၂၅ရက်မှာ ဟောင်ကောင်ကို ရောက်ရှိချိန်မှာတော့ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒိုင်းမွန်းပရင့်စ်သင်္ဘောအပြင် အခြားသီးခြားခွဲထားတဲ့ အပျော်စီးသင်္ဘောကတော့ ဟောင်ကောင်မှာဖြစ်ပြီး World Dreamအမည်ရှိ သင်္ဘောပေါ်မှာ စီးနှင်းဖူးတဲ့ ခရီးသည်ရှစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် သီးခြားခွဲထားပြီး…
Read MoreCategory: ကျန်းမာရေး
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။ “ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်”…
Read Moreဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား
ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား မနီလာ၊ ဖေဖော်ဝါရီ -၂- ၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါကြောင့် ပထမဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။ သေဆုံးသွားသူဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အသက်၄၄နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံသို့မရောက်မီ ရောဂါကူးစက်ခံထားရပုံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ကျော်ရှိနေပြီး သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်မှဖြစ်ပြီး ရောဂါကူးစက်ထားရသူဦးရေး ၁၄၀၀၀ကျော်ရှိနေပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေအားလုံးကို အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်နဲ့ အီတလီနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုခရီးသွားလာတာကို တားမြစ်လိုက်တာဟာ သတင်းအချက်အလက်ရရှိမှုနဲ့ ဆေးဝါး ထောက်ပံ့ပေးပို့မှုကို နှောင့်နှေးစေပြီး အခြားကိစ္စရပ်တွေမှာပါ အခက်အခဲဖြစ်စေလို့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာရှိလိမ့်မယ်လို့ WHO ကပြောဆိုပါတယ်။…
Read Moreရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ရှိသူမတွေ့၊အပူချိန်လွန်ကဲလူနာတွေသာရှိ
Read MoreWHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ
WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ ရန်ကုန်၊ ဇန်နဝါရီ – ၃၁-၂၀၂၀ အောင်ထူးနိုင်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အချက်(၇)ချက် ပါဝင်တဲ့ သတင်းစကားကို တစ်နိုင်ငံလုံးကို ဖြန့်ဝေထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၃၁ ရက်နေ့က ပြောပါတယ်။ “key messages 2 အနေနဲ့ WHO က ကျန်းမာရေးအားနည်းတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောတာရှိပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ WHO DG ထံမှ ရရှိထားတဲ့ သတင်းစကားအရ အဆုတ်ရောင်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာသွားလာရေးတို့ကို အနှောက်အယှက်မဖြစ်လိုကြောင်း၊ ရွေ့ပြောင်းသွားလာကူးလူးဆက်ဆံခြင်း၊ ဖြတ်တောက်တာကို မထောက်ခံ ကြောင်း၊ နယ်မြေအားလုံးကိုလည်း ခိုင်လုံမှန်ကန်တဲ့ အချက်အလက်ကို အခြေခံပြီး စဉ်းစားကာ မှန်ကန်တာကို ဆောင်ရွက်လိုတဲ့အကြောင်းတွေလည်းပါဝသ်တယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။…
Read Moreတရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ် ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ် သံသယလူနာဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံမှာ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်နေပြီး လက်ရှိတော့ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ “ဝေဘာဂီမှာရောက်နေတဲ့လူနာကိုတော့စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။အခြေအနေကောင်းပါတယ်။ လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နေပါတယ်။ လူနာရဲ့အခြေအနေကတော့သိပ်ပြီးဆိုးဆိုးရွားရွားမရှိပါဘူး။ ရောဂါပိုးရှိမရှိ မရှိတော့ စစ်ဆေးမှုတွေပြီးမှ သေချာမှပြောနိုင်ပါတယ်။ သံသယလူနာတိုင်းက ကွန်ဖမ်းလူနာမဟုတ်ပါဘူး။ ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့်စမ်းသပ်ပြီး စမ်းသပ်ချက်တွေ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါကွန်ဖမ်းလို့၊လေယာဉ်ပေါ်သူနဲ့ အတူထိုင်သူတွေ မှာတော့ရှေ့ နောက်မှာ သံသယဖြစ်ဖွယ်မတွေ့ရဘူး။ လိုအပ်ရင်တော့ စောင့်ကြည့်မှုလုပ်ရပါမယ်။”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ရောဂါပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ လိုအပ်တဲ့ဓာတ်ခွဲအတည်ပြုမှုတွေအတွက် ထိုင်းနိုင်ငံကိုပို့ဆောင်ဖို့စီစဉ်သွားမယ်လို့သိရပါမယ်။ ဒါ့အပြင် သံသယလူနာစီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသားနှစ်ယောက်ကိုသာခေါ်ထားပြီး ကျန်ခရီးသည်အကုန်လုံးကို အဲ့ဒီလေယာဉ်နဲ့ပြန်လွှတ်မှာဖြစ်ပါတယ်။ခေါ်ယူထားမယ့် မြန်မာ့ ၂ ဦးကိုလည်း…
Read Moreကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်က ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဂျီနီဗာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်မှာ ကူးစက်ပျံ့နှံ့လို့နေပါတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် လတ်တလောသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ခရီးသွားလာတာမျိုးနဲ့ ကုန်သွယ်မှုဆိုင်ရာတွေကို ကန့်သတ်ဖို့ အဖွဲ့အနေနဲ့ အကြံပြုမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေကို ကူးစက်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ Tedros Adhanom Ghebreyesus ကပြောပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမယ်လို့လည်း…
Read Moreမူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့
မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့ မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀ ပြည့်စုံ(VOM) ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကိုမြန်မာနိုင်ငံသို့လွှဲ ပြောင်းပေးခဲ့ရာ အပူချိန်လွန်ကဲ လူနာအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရွှေလီရဲဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွတ်ရေးဌာနခွဲ ဒုဌာနမှူး မစ္စတာ ရန်တာဖူးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ပြန်လည်လွှဲပြောင်းခဲ့ရာ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော် ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးဒုဌာနခွဲ (မူဆယ် )နှင့် ပူးပေါင်းအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလွှဲပြောင်းလက်ခံခဲ့ရာမှာ မူဆယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ ဒေါက်တာစိုင်းလောဝ်ခေး ဦးစီးအဖွဲ့မှ တစ်ဦးချင်း ကျန်းမာရေး စီစစ်မှုပြုလုပ်ခဲ့ရာ မောင်လီကျိန်ဆိုက်ဆိုသူတွင် အပူချိန် ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တွေ့ရှိခဲ့သဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍စောင့်ကြည့်ကြပ်မတ် ကုသပေး လျက်ရှိပါတယ်။ ဇန်နဝါရီလ…
Read Moreတရုတ်အစိုးရခွင့်ပြုရင် မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်
တရုတ်အစိုးရခွင့်ပြုရင် မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ် မန္တလေး၊ဇန်နဝါရီ၃၀-၂၀၂၀ Voice Of Myanmar တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟူပေပြည်နယ် ၊ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူ(၆၃)ဦးကိုဟူနန်ပြည်နယ်ချန်းရှမြို့ကနေမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးအနေနဲ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ဌာန၊သက်ဆိုင်ရာပြည်နယ်နိုင်ငံခြားရေးရုံးများနဲ့ချိတ်ဆက်ညှိနှိုင်းနေတယ်ဒီကနေ့ရက်စွဲနဲ့ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးကနေထုတ်ပြန်ချက်တစ်စောင်ထုတ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာသက်ဆိုင်ရာဒေသန္တရကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရထိုကဲ့သို့ဆောင်ရွက်ရာတွင်ကြာမြင့်ချိန်(၁)လခန့်ကြာမြင့်မည်ဖြစ်ပါသဖြင့်အထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်မြန်မာသံရုံးအနေဖြင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံဆက်သွယ်၍အချိန်နှင့်တစ်ပြေးညီညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်လို့ရေးသားဖော်ပြထားပါတယ်။ အဲ့ဒီလိုဆောင်ရွက်ချက်တွေအရဟူပေပြည်နယ်ဝူဟန်မြို့မှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူတွေကိုအထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်ဆောင်ရွက်နိုင်ခဲ့ပြီးမြန်မာသံရုံးအနေဖြင့်အထူးလေယာဉ်(CharterFlight)နဲ့ခေါ်ယူနိုင်ရေးလုပ်ငန်းအစီအစဉ်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကာလက်ရှိအချိန်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိကြောင်းအသိပေးဖော်ပြအပ်ပါတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အလားတူဝူဟန်ကမြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီကနေမနက်မှာတရားဝင်ထုတ်ပြန်ထားပါသေးတယ်။ လတ်တလောCorona Virus ဖြစ်ပွားနေတဲ့တရုတ်နိုင်ငံ၊ဟူပေပြည်နယ်၊ဝူဟန်မြို့၌ပညာသင်ကြားလျက်ရှိကြသောမြန်မာကျောင်းသား၆၃ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်အထူးလေယာဉ်စေလွှတ်ခေါ်ယူနိုင်ဖို့အစိုးရကခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လေယာဉ်ဖြတ်ကျော်ပျံသန်းခွင့်နဲ့ဆင်းသက်ခွင့်ရရှိရေး၊ကျောင်းသားတွေပြန်လည်ခေါ်ယူနိုင်ရေးအတွက်တရုတ်နိုင်ငံအစိုးရနှင့်သံတမန်လမ်းကြောင်းကနေဆက်သွယ်ဆောင်ရွက်နေတယ်လို့ဖော်ပြပါရှိပါတယ်။ မြန်မာနိုင်ငံကိုရောက်ရင်ကျောင်းသူ၊ ကျောင်းသားတွေCorona Virus ကူးစက်မှုရှိ၊မရှိ ကျန်းမာရေးအရစောင့်ကြပ်စစ်ဆေးမှုကိုစနစ်တကျပြုလုပ်သွားဖို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှစီစဉ်ဆောင်ရွက်ထားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံမှာအလုပ်သင်ရင်ပညာဆည်းပူးနေတဲ့ ဒေါက်တာခင်သီရီသန့်စင်ကထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး သူမရဲ့အကောင့်မှာ ထပ်ပြီးစောင့်ပေဦးပေါ့လို့ ရေးထားပြီး မနေ့ကတော့ သူခံစားချက်တွေကို အများပြည်သူသိအောင် ခုလိုရေးသားထားပါတယ်။ “(We are MYAMMAR citizens too ! Please help us come out ! Please let us come back) ၊အရင်ပြောတော့တရုတ်ကခွင့်မပြုလို့ပြန်မခေါ်နိုင်တာပါလေယာဉ်ကအဆင်သင့်၊ဆေးရုံကအဆင်သင့်၊အခုခွင့်ပြုပြန်တော့လဲလေယာဉ်လွှတ်ဖို့အခုမှစာတင်ပီးလေယာဉ်လွှတ်ဖို့မေးထားပါတယ်တဲ့၊ရက်စက်လိုက်ကြတာ၊ဒီလိုအခြေနေဆိုးနေတဲ့အချိန်မှာသူများနိုင်ငံကအခုပဲခေါ်နေပြီ၊လေယာဉ်ကိုဆရာဝန်၂ယောက်နဲ့stanbyစောင့်နေတဲ့အချိန်၊ကိုယ်တွေကတော့အခုမှစာတင်ရတုန်းဆိုတော့ဘယ်တော့မှပြန်ရမှာလဲရှင်၊ငိုရလွန်းလို့လဲခေါင်းတွေလဲကိုက်နေပြီ၊ညလဲအိပ်မပျော်၊ဂျာနယ်ထဲမှာတော့အစားအသောက်တပတ်စာပေးထားပါတယ်တဲ့၊အဲ့တာလဲခုထိလက်ထဲရောက်မလာလမ်းမှာပျောက်၊မပြန်ရတော့ဘူးဆိုလဲတခွန်းပဲပြောပေးပါ၊ပြန်ရမယ်ဆိုလဲမြန်မြန်လာခေါ်ပေးကြပါလို့ …
Read Moreတရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင်
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင် ပေကျင်း၊ ဇန်နဝါရီ-၂၄-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားခဲ့သည့် ဟူဘေးပြည်နယ်ရှိ မြို့များကို ဝင်ထွက်ခွင့် ထပ်မံပိတ်ဆို့လိုက်ပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထိမြင့်တက်လာသည်။ လူဦရေ သန်း ၆၀ ကျော်နေထိုင်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ထက်မနည်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဟူဘေးပြည်နယ်အနီးက ဒေသတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦး ဇန်နဝါရီ ၂၃ ရက်က သေဆုံးခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားတဲ့ ပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သေဆုံးမှုတစ်ခုကတော့ ဟီလောင်ဂျင်ပြည်နယ် အရှေ့မြောက်ပိုင်းမှာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ဝူဟန်မြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ကွာဝေးပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံထားရသူ…
Read More