ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်​ဦး​ရှိပြီး တစ်ဦးသေဆုံး

ပဲခူး၊ ဇူလိုင်​ ၄ -၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းမှာ  H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   “ပဲခူးတိုင်းအတွင်း ​ဆေးရုံ၊ ဆေးခန်း​တွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်​။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။   အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့…

Read More

ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ

ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။   “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။     ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…

Read More

ဇီးကုန်း ပြည်​သူ့​ဆေးရုံမှာ သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​နိုင်တဲ့ အဘိတ်​​ဆေး လိုအပ်​​နေ

ဇီးကုန်း၊ ဇွန်​ ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံမှာ ​သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​ဖို့ ခြင်​လောက်​လန်း​သေနိုင်​မယ့်​ အဘိတ်​​ဆေး​တွေ လိုအပ်​​နေတယ်​လို့ အဲဒီဆေးရုံက သိရပါတယ်။   “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။   ပဲခူးတိုင်းအတွင်း ​သွေးလွန်​တုပ်​​ကွေး​ရောဂါ အဖြစ်​များဆုံးမြို့နယ်​ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်​ဖြစ်​ပြီး ဒီနှစ်မှာတော့ သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွား​နေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အ​သေအ​ပျောက်​​ တော့မရှိ​သေးဘူးလို့ သိရပါတယ်​။   ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်​က သွေးလွန်​တုပ်​​ကွေး​ရောဂါကြောင့်​ က​လေး…

Read More

မန္တလေးမှာ H1N1ရောဂါကူးစက်မှုမရှိပေမယ့် ကာကွယ်ဆေးတွေ ပစ္စည်းပြတ်

မန္တလေး၊ဇွန် ၂၆-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။   H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။   ” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။   ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1…

Read More

မလေးရှားမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း လေးရာကျော် ပိတ်ထားရ

ကွာလာလမ်ပူ၊ ဇွန်-၂၅-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်မှာ  ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အသက်ရှူခက်ခဲခြင်းနဲ့ အော့အန်တာတွေ ဖြစ်ပွားပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၀၀ ကျော်ကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။   ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာ ပါဆာဂူဒန် စက်မှုဇုန်ဒေသရှိ စာသင်ကျောင်းတွေကို ဇွန် ၂၇ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။   မတ်လအတွင်းကလည်း မြစ်အတွင်းကို ဓါတုဗေဒစွန့်ပစ်ပစ္စည်းတွေ တရားမ၀င်စွန့်ပစ်ခဲ့လို့ ကလေးငယ်အများစုအပါအ၀င် လူလေးထောင်ခန့် ဖျားနာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ ဆက်နွယ်မှုမရှိဘူးလို့  အာဏာပိုင်တွေက ပြောပါတယ်။   ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာသင်ကျောင်းတွေထဲမှာ ပုဂ္ဂလိက မူကြိုကျောင်း ၃၀၀ နဲ့  မူလတန်း၊…

Read More

ကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ

ကံမ၊ ဇွန် ၂၂ -၂၀၁၉ ဂျန်ကိုးလ် (VON)   မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။   အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။   ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ…

Read More

ပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့

ပြည်၊ ဇွန် – ၂၂ -၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာ H1N1 Positive ရောဂါပိုး သံသယရှိသူများ တွေ့ရှိကြောင်း ပြည် ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးက သိရပါတယ်။   “လူနာတစ်ယောက် ဗိုက်အောင့်လို့ဆိုပြီး လာတက်တယ်။ သူကခွဲစိတ်ဆောင်ဘက်မှာ တက်တာ။ ခွဲစိတ်ဆောင်က ဆရာဝန်က ကြည့်ပြီးတော့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေရှိတယ်ဆိုပြီး သမားတော်ပြတယ်။ ဒီနေ့မနက်မှာ RDT နဲ့စစ်လိုက်တဲ့အခါ Positive တွေ့တယ်။ ” လို့ ပြည်မြို့ ကုတင် ၅၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က မနေ့က ဟြေပါတယ် ။   လူနာဟာ အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်မြို့ ရွာဘဲရပ်ကွက်နေသူ ဖြစ်ပါတယ်။ သူမဟာ ဇွန် ၂၀…

Read More

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 နဲ့ နှစ်ဦးသေ

ရန်ကုန်၊ ဇွန် ၁၉ – ၂၀၁၉ သူရိန်(VOM)   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီရက်ပိုင်းအတွင်း H1N1 ကူးစက်ရောဂါနဲ့  လူနာနှစ်ဦးသေဆုံးသွားတယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်က အမျိုးသမီးတစ်ဦး H1 N1, PD M 09 ရောဂါနဲ့ အခုလ ၁၄ ရက်က သေဆုံးခဲ့သလို ၁၈ ရက်ညကလည်း အမျိုးသားတစ်ဦး H1 N1 နဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာH1N1နဲ့ သေဆုံးသူတွေ ထပ်မံရှိလာတယ်လို့ ပြောဆိုသံတွေထွက်ပေါ်လာခဲ့တာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိတဲ့အတွက် အတည်ပြုဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်ကို မနေ့က မေးမြန်းခဲ့ရာမှာ ” အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နေပြည်တော်ကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။…

Read More

၂၀၁၈မှာ အရက်ကြောင့်သေဆုံးခဲ့သူ ၆၀၀၀ နီးပါးရှိခဲ့

ရန်ကုန် ၊ မေ ၁၃ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အရက်ကြောင့် သေဆုံးခဲ့သူပေါင်း ၆၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယတစ်နှစ်တာ ကာလ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။   “အရက်က ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၈ ထိဆိုရင် အရက်ကြောင့် ဖြစ်တဲ့ရောဂါ၊ ပြဿနာတွေက ၂ ဆခွဲလောက်ထိ ဖြစ်လာတယ်။ အရက်သောက်ပြီး ကားမောင်း မတော်တဆမှုဖြစ်၊ ပိုက်ဆံတွေကုန် ၊ လူထိခိုက် ၊ ပိုက်ဆံတွေမကုန်သင့်ပဲ ကုန်တာဖြစ်တယ်၊ ဒီလိုတွေမဖြစ်ဘူးဆိုရင် ပိုက်ဆံတွေလည်း ပိုထွက်မယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ခုတော့ အရက်ကိစ္စက စိတ်မကောင်းစရာပါ။ တိုင်းပြည်ရဲ့ပြဿနာလည်းဖြစ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။   မြန်မာနိုင်ငံမှာ …

Read More

ကောလင်းမြို့နယ်မှာ ကားစီးရင်မမူးတဲ့ ဆေး သောက်ရာက သေဆုံး

ကောလင်း မေ ၅၊၂၀၁၉ မိုင်ချယ်ရီ ( VOM) စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ  ကားစီးရင် မမူးဖို့ ဆေးသောက်ရာက လူသေဆုံးတဲ့ ဖြစ်စဉ်တခု မေလ ၄ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့မရဲစခန်း ကနေ သိရပါတယ်။ ကောလင်းမြို့နယ် စွယ်ရကျေးရွာမှာနေထိုင်တဲ့ မအိချောမွန် (၁၇) နှစ် ဟာဆိုရင် မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းကား နဲ့ ကောလင်းမြို့ကနေ မန္တလေးမြို့ကို သူ့ရဲ အမေဖြစ်သူ နဲ့ သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒီလို စီစဉ်ထားတာကြောင့် မနက် ၆ နာရီ အချိန်ခန့်က သားအမိ နှစ်ဦး ဟာဆိုရင် Stugeron တံဆိပ်ပါတဲ့ ကားမူပျောက်ဆေး တစ်ဦးကို တစ်ပြား သောက်သုံးခဲ့ပါတယ်။ အဲ့ဒီဆေး သောက်ပြီး ခဏအကြာ မှာ မချောအိမွန်…

Read More
VOM News

FREE
VIEW