ဇူလိုင် ၃၀၊ ၂၀၁၉ VOM နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊ ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…
Read MoreCategory: Lifestyle
သရေခေတ္တရာရှေးဟောင်းဇုံမှာ မိုးများလို့ မြို့ရိုးဟောင်းအပိုင်းအစတွေ ပြိုကျ
ပြည် ဇူလိုင်၃၀-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့ကမ္ကာ့အမွေအနှစ်စာရင်းဝင် သခေတ္တရာပျူမြို့ဟောင်းအတွင်းက မြို့ရိုးအပိုင်းအစတခုဟာ မိုးသည်းစွာရွာလို့ ဇူလိုင်၃၀မနက်ကပြိုကျသွားတယ်လို့သတင်းရရှိပါတယ်။ ဒီမြို့ရိုးဟောင်းဟာ အရှေ့ဘက်နန်းမြို့ရိုး ဖြစ်ပြီးပေသုံးဆယ်ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတာဖြစ်ပါတယ်။ “မနေ့က မိုးတအားရွာတယ် တစ်ညလုံးရွာတယ် ဒီရှေးဟောင်းဇုံထဲမှာလည်းရွာတယ်။ အဲလိုရွာတဲ့အခါမှာ မနက် လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုး ပေသုံးဆယ်လောက် ကွာကျသွားတယ်။ မကွာခင်မှာလည်း ဒါကြီးက ဖောင်းနေတယ် ဒီဟာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက် တင်တောင်းထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တောင်းထားတာပေါ့နော်။ ဘတ်ဂျက်က မကျသေးဘူး မကျသေးခင်မှာလည်း ဒီလိုဖြစ်သွားတာပါ”လို့ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပြပါတယ်။ ဒီမြို့ရိုးဟာအရှေ့ဘက်နန်မြို့ရိုးမှာ အမြင့် ၇ ပေခန့်မြင့်မားပြီး အရှည်ပေ ၅၀၀ခန့်ရှိကြောင်းနဲ့ယခုမိုးရာသီတွင် ထပ်မံ၍ မိုးရက်ဆက်ရွာသွန်းရင်…
Read Moreပဲခူးပြည်သူ့ဆေးရုံမှာ H1N1 လူနာတစ်ဦး စတင်တွေ့ရှိ
ပဲခူး၊ ဇူလိုင် ၂၅- ၂၀၁၉ မိုးယံ(VOM) ပဲခူးပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါ လူနာတစ်ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်မတ်ကုသပေးနေတယ်လို့ ဇူလိုင် ၂၄ ရက် နေ့လည် ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။ “လူနာက ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ထန်းတပင်ကျေးရွာက အသက်၂၆ နှစ်ရှိ အမျိုးသားတစ်ဦး ပါ။ လူနာကို စနစ်တကျကုနေတယ်၊ ရိုးရိုးလူနာတွေနဲ့ မထားဘဲ သီးသန့်အခန်းနဲ့ထားပြီး စောင့်ရှောက်နေတယ်။ အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အဖွဲ့လိုက် ကုသနေပြီးတော့ လက်ရှိကတော့ စိုးရိမ်နေရပါတယ်။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…
Read Moreပဲခူးတိုင်း အနောက်ခြမ်းမှာ H1N1 လူနာတစ်ဦးသေဆုံး
မိုးညို၊ ဇူလိုင် ၂၄ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တောကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်ကြာ ခံစားနေရလို့ ဇူလိုင် ၂၀ ရက်ညနေပိုင်းမှာတော့ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသစေခဲ့ပြီး အဲဒီကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “ ဆေးရုံကိုသွားပြတော့ အဆုတ်ပွပြီး H1N1 လက္ခဏာတွေ့တယ်၊ စိုးရိမ်ရကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ချက်ချင်း ပြသဖို့လိုအပ်ကြောင်း ညွှန်ကြားလို့…
Read Moreမြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစီအစဉ်တွေ အပြီးသတ်ရေးစွဲနေ
ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉ သူရိန် (VOM) ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲနေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ “ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်။” လို့…
Read Moreပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပြီး တစ်ဦးသေဆုံး
ပဲခူး၊ ဇူလိုင် ၄ -၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ “ပဲခူးတိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းတွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။ အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့…
Read Moreပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ
ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။ “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…
Read Moreဇီးကုန်း ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်တဲ့ အဘိတ်ဆေး လိုအပ်နေ
ဇီးကုန်း၊ ဇွန် ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဖို့ ခြင်လောက်လန်းသေနိုင်မယ့် အဘိတ်ဆေးတွေ လိုအပ်နေတယ်လို့ အဲဒီဆေးရုံက သိရပါတယ်။ “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။ ပဲခူးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံးမြို့နယ်ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အသေအပျောက် တော့မရှိသေးဘူးလို့ သိရပါတယ်။ ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေး…
Read Moreလက်ပံတန်းမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် ခိုးယူခံရ
လက်ပံတန်း၊ ဇွန် ၂၆ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။ “ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။ ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တို့က စိန်ဖူးတော်တွေ တစ်နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း…
Read Moreမန္တလေးမှာ H1N1ရောဂါကူးစက်မှုမရှိပေမယ့် ကာကွယ်ဆေးတွေ ပစ္စည်းပြတ်
မန္တလေး၊ဇွန် ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။ ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1…
Read More