ရန်ကုန် နိုဝင်ဘာ ၁၃ – ၂၀၁၈ သင်းသဒ္ဒါ သရုပ်ဆောင် နန်းခင်ဇေယျာကတော့ မိမိလက်ရှိနှာခေါင်း နဲ့ပတ်သက်ပြီး ယုံကြည်မှုသိပ်မရှိလို့ ကိုရီယားမှာ သွားပြီး ခွဲစိတ်ပြုပြင်လိုက်ပါတယ်လို့ ဆိုလာပါတယ်။ ”နန်းခင်ရဲ့ နှာခေါင်းက နဲနဲပြားတော့ မကြိုက်ဘူး။ဓာတ်ပုံရိုက်ရင်သိပ်မလှဘူးဖြစ်နေတယ်။ အပြင်ထွက်ရင် နှာတံဖော်ရတာ အလုပ်တစ်လုပ်ပေါ့။ ခုဆိုရင်နှာတံလည်း ဖော်စရာမလိုတော့ဘူးပေါ့။ အခုလို ခွဲစိတ်ပြုပြင်လိုက်တော့ ယုံကြည်မှုအပြည့်အဝရှိလာပါတယ်”လို့ ပြောပါတယ်။ နန်းခင်ဇေယျာ မျက်နှာပြင်ဖြစ်တာ အဓိကက ကိုရီးယားက ဆေးရုံက Ambassadorအနေနဲ့ လုပ်ဆောင်ဖြစ်တာပါ။ကိုယ့်မကြိုက်တဲ့ နှာခေါင်းကို ပြင်လိုက်တာပါ။ ဒါပေမယ့် ကိုရီးယားကဆေးရုံ နန်းခင်ရဲ့ မျက်ရစ်ကိုပါမကြိုက်လို့ ပြင်ပေးလိုက်တာပါ။ နန်းခင်က ခွဲစိတ်တာ တစ်ရက်ကိုမှ နေ့တစ်ဝက်ပဲ ဆေးရုံမှာနေရတယ်။ နန်းခင်ကို ပရိသတ်မှတ် မိပြီးသားရုပ်အတိုင်းလေးပဲ ဖြစ်ချင်တယ်။ ၃ လနေပြီရင်တော့ နန်းခင်ရဲ့ ပုံမှန်ရုပ်လေးရုပ်လုံးပေါ်လာမှာပါ။ နန်းခင်ဇေယျာကတော့ လက်ရှိမှာခွဲစိတ်ပြီး ၁၁ ရက်သာရှိသေးပြီးတော့ မျက်နှာမှာအရောင်တွေမကျသေးဘဲ…
Read MoreCategory: Lifestyle
ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့်ရအောင် ကြိုးစားထားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
ရန်ကုန် နိုဝင်ဘာ ၁၃- ၂၀၁၈ သင်းသဒ္ဒါ (VOM) အိမ်ထောင်ကျပြီးသော်လည်း ပရိသတ်အားပေးအခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ ကယားပြည်နယ်မှာ ရိုက်ထားတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားမှာတော့ ဝိဥာဉ်ဝင်ပူးတဲ့ ဇာတ်ဝင်ခန်းကို မလုပ်ဖူးပေမယ့် ရအောင်ကြိုးစားထားတယ်လို့ ဆိုပါတယ်။ အူဝဲလည်း တကယ်အပြင်မှာဝိဥာဉ်ဝင်ပူးတာ မခံရဘူးတော့ မသိဘူးလေနော်။ဒါပေမယ့်ကိုယ် ကြည့်ဖူးတဲ့ဟာတွေဆိုရင် နိုင်ငံခြားတွေမှာတွေ့ရတယ်။ ဝင်ပူးလိုက်တယ်ဆိုတဲ့ Affect ကို ပြရတာလည်းဖြစ်တယ်။ ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့် လည်း ဒီမုဒ်ကိုရအောင် ကြိုးစားပြီးတော့ လုပ်ဆောင်ထားပါတယ်”လို့ ပြောပါတယ်။ နှစ်ပေါင်း ၆၀ ဇာတ်ကားရိုက်ကူးမှုတွေမရှိခဲ့တဲ့ လွိုင်ကော်မြို့ရဲ့ အနီးတစ်ဝှိုက်က ရိုးရာယဉ်ကျေးမှုအလှအပတွေပါတွေ့ရမယ့် ” ကြတ်ဂူ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နဲ့ သရုပ်ဆောင်အနေနဲ့ လူမင်း ၊ မြင့်မြတ် ၊ကျော်ထက်အောင် ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို အနုပညာရှင်တွေအများကြီးနဲ့ သရုပ်ဆောင်ထားကြပါတယ်။…
Read Moreကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး၊ အခြားနိုင်ငံများသို့ ကူးစက်မှာကို စိုးရိမ်နေရ
ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင် နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။ ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ…
Read Moreချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်
စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။ နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့…
Read More“ စသိသိချင်း “ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ
ရန်ကုန် နိုဝင်ဘာ ၁၁ သင်းသဒ္ဒါ ( VOM) ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ အလှမယ်လောကနေ တဆင့် အနုပညာသရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာပြီးတော့ ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ “စသိသိချင်း” ဇာတ်ကားကြီးကို ကာရိုက်တာမရင်းနှီးပဲ ရိုက်ရတော့ အခက်အခဲ တော့ရှိတာ ပေါ့။ ညီမအတွက် တကယ်လို့ ဗန့်ကာရိုက်တာဆိုရင်လည်း အဖြည်လေးတော့ပါစေချင်တယ်လေ။ မလွဲမသာ ဒီလိုကာရိုက်တာမျိုးက ကြုံလာမှာပဲဆိုတော့ အကောင်းဆုံး ဖြစ်အောင် ကာရိုက်တာတစ်ခုကို လုပ် ဆောင်ပါတယ်”လို့ဆိုပါတယ်။ ဒါ့ပြင် သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ “အကြင်နာမြစ်ဖျား”မှာ ပါဝင်သရုပ် ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ သူ့မ…
Read Moreမုန်းစွဲဇာတ်ကားမှာ ပါဝင်တဲ့ ညီဖြစ်သူ မင်းသွေးအကြောင်း ပြောလာတဲ့ နေတိုး
ရန်ကုန် နိုဝင်ဘာ ၁၀ ၂၀၁၈ သင်းသဒ္ဒါ (VOM) ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ပုံဖော်ရိုက်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသွေးလည်းပါပါတယ်။ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်ပြီးတော့ နေတိုးက ” ကျွန်တော်အတွက် ကြီးမားတဲ့ အမှတ် တရ ကတော့ မင်းသွေးမရှိတော့တာပါပဲ။ ဒီဇာတ်ကားကို ပြန်ပြီးလည်း မကြည့်ခဲ့ရဘူး။အကြိမ် ကြိမ်ပြန်ကြည့်ဖို့ ချိန်းခဲ့ပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူးပေါ့။သူ့ ဒီ ဇာတ်ကားကို အ ရမ်းလည်း ကြိုးစားထားတယ်။ကျွန်တော်ထက်တောင် စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။သူ့ ဘ၀အတွက်လည်း တကယ်အမှတ်တရတွေဖြစ်ခဲ့ပါတယ်။သေခြင်းတရားပေါ်မှာ သူကိုယ်တိုင်အစွဲဖြတ်နိုင်အောင် အသိတရားနဲ့ လမ်းပြပေးခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြောပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၅၉ခုနှစ်ဝန်းကျင်က…
Read Moreရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆွမ်းကပ်လှူပွဲ
မှော်ဘီ နိုဝင်ဘာ၉ ၊ ၂၀၁၈ သင်းသဒ္ဒါ အဆိုတော် ရွှေထူးနှင့် သရုပ်ဆောင် ရွှေမှုံရတီတို့၏ မင်္ဂလာဆွမ်းကျွေးအလှူ မင်္ဂလာပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါတယ် ရွှေထူးနှင့် ရွှေမှုံရတီ တို့က အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်ရှိတဲ့ Novotel Hotel မှာလက်မှတ်ထိုးခဲ့ကြပြီးတော့ နိုဝင်ဘာ ၁၁ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ညစာစား ပွဲကျင်းပသွားမှာဖြစ်ပါတယ် #voiceofmyanmar #ရွှေမှုံရတီနဲ့ရွှေထူးမင်္ဂလာဆွမ်းကျွေး …
Read More