တမူး မတ် ၁၁-၂၀၁၉ သစ်တော် (VOM) တမူးမြို့မှာ ၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေကို အလိုမရှိဘူးဆိုပြီး ကူကီးလူငယ်ကွန်ရက်ကနေဦးဆောင်ကာကျေးရွာနေပြည်သူတွေက ဒီနေ့ မနက် ၇ နာရီက စတင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ တမူးမြို့နယ်အထက်ပိုင်း ကူကီးတိုင်းရင်းသားတွေနေထိုင်တဲ့ ဖိုင်လင်းရွာ၊ နန်းအောင်မော်ရွာ၊ အောင်ဇေယျရွာ ၊ စေတီရွာ မန်တော်ရွာ၊ တုံကျော်ရွာ ၊ ကျွန်းပင်သာရွာ ၊ ဝက်ရှူရွာ နောင်ကစ်ရွာစတဲ့ ၁၁ရွာက ကျေးရွာနေပြည်သူ အယောက် ၄၀၀ ကျော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဘာတွေတောင်းဆိုကြသလဲဆိုတာ ဗီအိုအမ် သတင်းထောက် သစ်တော်က သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#တမူး #မြေလွတ်မြေလပ်မြေရိုင်း #ဘိုးဘွားပိုင် #ရိုးရာဓလေ့#ကူကီး
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေး တပ်မတော်စစ်ကြောင်းတွေ ကျေးရွာနဲ့လွတ်ကင်းရာကို ဆုတ်ခွာပေးဖို့ဒေသခံတွေလိုလား
မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဒီကနေ့ မတ်လ ၉ ရက်နေ့အထိဆိုရင် နေရပ်စွန့်ခွာနေကြရတဲ့ ဒေသခံတိုင်းရင်းသားအရေ အတွက်ဟာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ စာရင်းတွေအရသိရပါတယ်။ ဒါ့အပြင် အခုလိုမျိုးတိုက်ပွဲတွေအတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ထိခိုက်မှုတွေရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း များပြားလာနေတာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေလျော့ကျစေရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးတို့အတွက် ကျေးရွာအတွင်းမှာတပ်စွဲနေကြတဲ့ တပ်မတော်စစ်ကြောင်းတွေကို လူတွေနဲ့ဝေးသို့ ဆုတ်ခွာပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်ပါတယ်။ #voiceofmyanmar #မြောက်ဦး #စစ်ဘေးရှောင် #တပ်မတော်စစ်ကြောင်း
Read Moreနည်းပညာတက္ကသိုလ်(မန္တလေး) ရဲ့ ကျောင်းတွင်းသင်္ကြန်
မန္တလေး၊ မတ် ၇-၂၀၁၉ ဟိန်းကို(VOM) နည်ပညာတက္ကသိုလ်(မန္တလေး) TUM ရဲ့ တတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်ကျင်းပတာကို ယနေ့နေ့လယ်ပိုင်းက TUMကျောင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသောမြို့တွေက တက္ကသိုလ်တွေမှာ ခုလို ကျောင်းတွင်းသင်္ကြန်ကျင်းပရင်း ခိုက်ရန်ဖြစ်ပွားတာတွေဖြစ်ခဲ့တာကြောင့် နည်းပညာတက္ကသိုလ်(မန္တလေး)ရဲ့ ကျောင်းတွင်းသင်္ကြန်ကျင်းပရာမှာလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။ ဟိန်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar# နည်ပညာတက္ကသိုလ်(မန္တလေး)# TUM
Read Moreကျမ္မာရေးမှူးတွေကို စွမ်းရည်မြှင့်ပေးမယ့်စီမံကိန်း စတော့မည်
ရန်ကုန် ၊ မတ် ၃ -၂၀၁၉ TGH (VOM) သိန်းပေါင်း ၇၀၀၀ ၀န်းကျင်လောက်ကုန်ကျမယ့် ၅ နှစ်စာမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဒီကနေ့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို လာမယ့် ဇွန်လမှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ကျန်းမာရေးမှူးတွေရဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၊ ဒီထဲမှာ တီဗီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ရေနဲ့သန့်ရှင်းရေး စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ပေါင်း ၃၀၇ ခုမှာ အသင်းဖွဲတွေစည်းထားကြောင်းနဲ့ ခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်အပြင် နိုင်ငံတကာအလှူရှင်အဖွဲ့ ၆ ဖွဲ့ ၊ မိတ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိနေပြီလို့သိရပါတယ်။ အဲဒီအသင်းဟာဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို စီမံချက်ရေးဆွဲလုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ #voiceofmyanmar #ကျမ္မာရေးမှူး
Read Moreကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်
ဂန့်ဂေါ မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။ “ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်…
Read Moreဆက်သွယ်ရေးပုဒ်မနဲ့ တရာစွဲခံရတဲ့ ဦးသောဘိတအမှု တရားလိုတပ်မတော်အရာရှိ လာရောက်စစ်ဆေးခံ
မန္တလေး၊ ဖေဖေါ်ဝါရီ ၂၈-၂၀၁၉ ဟိန်းကို(VOM) လူမှုကွန်ယက်ပေါ်မှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့နံနက်ပိုင်းက အမှုကို စတင်စစ်ဆေးခဲ့တာမှာ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။ #voiceofmyanmar#ဘဝအလင်း#အလင်္ကာကြယ်#ဦးသောဘိတ
Read Moreသက်တမ်းကုန်နေတဲ့ ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမပေးတော့
နေပြည်တော် ဖေဖေါ်ဝါရီ ၂၈-၂၀၁၉ မြတ်မင်းခန့် (VOM) သူရဦးရွှေမန်း ဦးဆောင်နေတဲ့ “ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြရာ၊ မဲခွဲ ဆုံးဖြတ်ပြီး ပယ်ချ လိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တာမှာ မဲပေးခွင့်ရှိသူ ၆၀၈ ယောက်ရှိတဲ့အနက် ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၅၅၅ ၊ ကြားနေ ၁၀ မဲ နဲ့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကန့်ကွက်မဲများလို့ ကော်မရှင်ကို မကြာခင် ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။ #voiceofmyanmar#ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်#သူရရွှေမန်း#ပြည်ထောင်စုလွှတ်တော်#နေပြည်တော်
Read Moreမန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ စတင်ဖွဲ့စည်း
မန္တလေး၊ ဖေဖေါ်ဝါရီ ၂၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင်ရှိသူများနဲ့ မန္တလေးအခြေစိုက်သတင်းမီဒီယာတွေ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအတွင်းက အစည်းအဝေးခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟိန်းကိုရိုက်ကူးပေးပို့ထားပါတယ်။ #voiceofmyanmar#usdp#ပြည်ခိုင်ဖြိုးပါတီ
Read Moreကျောက်ဆည် မဟာရွှေသိမ်တော်ကို လာရောက်အဓိဌာန်ပြုဆုတောင်းသူ ဘာလို့များနေလဲ
ကျောက်ဆည် ဖေဖော်ဝါရီ ၂၇ စောပြည့်ချမ်းသာ(VOM) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ သင်တောင်ကြီးကျေးရွာရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားသို့ ယခုရက်ပိုင်းမှာလာရောက် အဓိဋ္ဌာန်ပြုဆုတောင်းတာများလာတယ်လို့ မဟာရွှေသိမ်တော် မြတ်စွာဘုရားဂေါပက အဖွဲ့ကနေသိရပါတယ်။ ယခုရက်ပိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုတော့မယ့် ကျောင်းသား၊ကျောင်းသူတွေ လာရောက် အဓိဋ္ဌာန်ပြုဆုတောင်းမှုဟာ အများဆုံးဖြစ်နေပါတယ်။ ‘ဆယ်တန်း စာမေးပွဲကို နှစ်ခြင်းပေါက် အောင်မြင်ဖို့နဲ့ အောင်မြင်တဲ့အခါမှာ ဂုဏ်ထူးတွေနဲ့ အမှတ်ကောင်းကောင်းရဖို့ ကန့်တော့ပွဲ ပေးပြီး ဆုတောင်းခဲ့ပါတယ် “ဟု ကျောက်ဆည်မြို့မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောပါတယ်။ လာရောက် သစ္စာအဓိဌာန်ဝင်တဲ့ သာသနာပွဲပေးသူတွေကို ဘုရားဂေါပကအဖွဲ့ကဆုတောင်းပေးမှုများပြုလုပ်ဆောင်ရွက်ပေးပြီး သာသနာပွဲများကို ညပိုင်းမှာဘုရားဂေါပက အဖွဲ့က ငှက်ပျောသုံးဖီးပါ ကန်တော့ပွဲ တပွဲကို ငွေကျပ် ၅၀၀ နဲ့ လေလံတင်ရောင်းချပြီး ဘုန်းတော်ကြီး ကျောင်းများနဲ့ပရဟိတ အသင်းများကို ပြန်လည်လှူဒါန်းပေးတယ်လို့…
Read More၂၁ရာစု ပင်လုံညီလာခံ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလူထု စိတ်ပါဝင်စားအောင် တစ်ကိုယ်လမ်းလျှောက်
မန္တလေး၊ ဖေဖေါ်ဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) သံတွဲမြို့မှာနေထိုင်တဲ့ ဦးစိုးဝေ ဆိုသူဟာ ၂၁ရာစု ပင်လုံညီလာခံ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလူထု စိတ်ပါဝင်စားလာစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း ပြည်မြို့ကနေ့ တစ်ကိုယ်တော်လမ်းလျှောက်လာပြီး ယနေ့ညနေပိုင်းက မန္တလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။ ရောက်ခဲ့တာက ကော့သောင်း၊ မြဝတီ၊ လွိုင်ကော်၊ တောင်ကြ်ီး၊ မောင်တောမြို့တွေကို ရောက်ခဲ့ပြီးပြီ ၊ အခက်အခဲတွေတော့ရှိတယ်၊ အဲ့တာတွေကို အထွေအထူးမပြောတော့ဘူး၊ ဘာတွေရှိရှိ ကျွန်တော်က သည်းခံစိတ်ထားပါတယ်၊ ကျွန်တော်တို့ ၂၁ရာစု ပင်လုံညီလာခံ နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဟာလည်း သည်းခံစိတ်မေတ္တာစိတ်နဲ့ ကျော်ဖြတ်မှ အောင်မြင်မှာ ဖြစ်တယ်” လို့ တစ်ကိုယ်တော်လမ်းလျှောက်သူ ဦးစိုးဝေ က ပြောပါတယ်။ ခုလို တစ်ကိုယ်တော်လမ်းလျှောက်တာကို ၂၀၁၇ခုနှစ် သြဂုတ်(၇)ရက်နေ့ မြန်မာလို ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ၊ ဂေါတမဘုရားရှင် ငြိမ်းချမ်းရေးတရားဟောတဲ့နေ့ ကနေ စတင်လမ်းလျှောက်ခဲ့ပြီး…
Read More