စစ်ကိုင်း ဖေဖော်ဝါရီ ၂၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံရေးအတွက် လူထု ထောက်ခံပွဲ ပြုလုပ်ရာမှာ စစ်ကိုင်းမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ မြို့မဘောလုံးကွင်းကို လူ ၅၀၀ခန့် ချီတက်လမ်းလျှောက်ခဲ့ပြီး မြို့မ ဘောလုံးကွင်း မှာ စာရေးဆရာ ထင်လင်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
NLD ၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို (ရုပ်သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ TGH (VOM) NLD ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးမင်းဆွေဟာ အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့…
Read Moreဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ မီးနင်းပွဲ
စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း(၂၄)ကြိမ်မြောက် မီးနင်းပွဲ ကျင်းပ မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် ၇၇လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြား မှာ တည်ထားကိုးကွယ်တဲ့ စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းရှေ့မှာ ဒီကနေ့ ညနေပိုင်းက ရိုးရာမီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ကျန်းမာရေးမကောင်းဘူးဆိုရင် ကျန်းမာရေးကောင်းရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ကျန်းမာရေးကောင်းသွားရင် မီးကိုနင်းရတာ အဓိဋ္ဌာန်အောင်သွားပြီဆိုတဲ့သဘောနဲ့ နင်းရတာပေါ့၊ စီးပွားရေးဆိုလည်း အဲ့လိုပဲ စီးပွားရေးမှာ အောင်မြင်ရင် အဲ့လို မီးနင်းတယ်၊ အစတည်းက မယ်တော်ကြီးဆီလာပြီး အဓိဋ္ဌာန်ထားလိုက်တာ အောင်မြင်သွားတိုင်း ခုလို မီးလာနင်းရတယ် ” လို့ မဟာပိန္နဲဘုရားကျောင်း နဲ့ စရီမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးNအပါဦး (ခ) ဦးမောင်မောင်လွင် က ပြောပါတယ်။ ခုလို မီးနင်းပွဲတော်ကျင်းပလာတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး…
Read Moreပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ
ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉ လမင်း (VOM) ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။ တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။ ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး…
Read Moreစစ်ကိုင်းမြို့က ဘဲဥထုပွဲတော်
စစ်ကိုင်း ဖေဖော်ဝါရီ ၁၉-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိတဲ့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာရိုးရာ အစဉ် အလာမပြတ်ထည့်သွင်းကျင်းပလာတဲ့ဘဲဥ ထုပွဲတော်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ VOM ရဲ့ စစ်ကိုင်းသတင်းထောက် စောပြည့်ချမ်းသာက ရိုက်ကူးတင်ဆက်ထားပါတယ်။ စစ်ကိုင်း#voiceofmyanmar#ဘဲဥထုပွဲ
Read More၂၀၀၈အခြေခံဥပဒေထဲက တိုင်းရင်းသားပြည်သူတွေကို အကျိုးရှိစေမယ့် ပုဒ်မတွေကို ပြင်မယ်လို့ ပြည်ခိုင်ဖြိုး ပြော
မန္တလေး၊ ဖေဖေါ်ဝါရီ ၁၆-၂၀၁၉ ဟိန်းကို(VOM) “တိုင်းရင်းသားပြည်သူတွေ အမှန်တကယ်လိုလားတောင်းတနေတဲ့ ပုဒ်မ ၂၆၁ ကို ဦးစွာပြင်ဆင်ရေးဆွဲထားပြီးတဲ့အခါမှာ ကျွန်တော်တို့က နောက်ထပ်အလားတူသော တိုင်းရင်းသားပြည်သူလူထုကို အကျိုးဖြစ်မယ့် ပုဒ်မတွေကို ဆက်လက်ပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။
Read Moreနိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း နိုင်လွန်ကတ္တရာလမ်း လှူ ဒါန်းမှုပြုလုပ် မန္တလေး၊ ဖေဖေါ်ဝါရီ ၁၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း နိုင်လွန်ကတ္တရာလမ်းလှူဒါန်းခြင်း အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက မဟာဂန္ဓာရုံဘုန်းကြီးကျောင်းဝန်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းတိုက်အတွင်း အလျား၁၀၀၆ပေ အနံ ၁၄ပေ ရှိ နိုင်လွန်ကတ္တရာလမ်းကို ကျပ်သိန်းပေါင်း ၁၅၇ သိန်းကျော် အကုန်ကျခံကာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် မိသားစုက လှူ ဒါန်းမှုပြုလုပ်ခဲ့တာပါ။ နိုင်လွန်ကတ္တရာလှူဒါန်းတဲ့ အခမ်းအနားကို မန္တလေးတိုင်း ဝန်ကြီးချုပ်(ငြိမ်း) ဦးရဲမြင့် နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအကြီးအကဲတွေလည်း တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar#ဦးသိန်းစိန်#သမ္မတ(ငြိမ်း)
Read Moreတရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု စီရင်ချက်ချဖွယ်ရှိ
အင်းစိန် ဖေဖေါ်ဝါရီ ၁၅- ၂၀၁၉ TGH(VOM) တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်သတ်တဲ့ ကြည်လင်းနဲ့အပေါင်းပါတွေရဲ့အမှုကို ဒီကနေ့အပြီးသတ်စီရင်ချက်ချတော့မှာမို့ စိတ်ဝင်စားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံခြားသံတမန်တွေဟာ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရောက်ရှိနေကြပါတယ်။ အင်းစိန်ထောင်ကနေ ကြည်လင်းတို့ကိုရုံးထုတ်လာတဲ့ကားရောက်ရှိပြီမို့ စီရင်ချက်ဟာ မကြာခင်သိရတော့မှာဖြစ်ပါတယ်။ VOM သတင်းထောက် သင်္ဂီထွန်းက ရိုက်ကူးပေးပို့ထားပါတယ်။ #voiceofmyanmar#ကြည်လင်း#ဦးကိုနီ
Read Moreပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ ရဲ့အမှု တရားရုံးကလက်ခံ
မန္တလေး ၊ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ ဟိန်းကို(VOM) လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော် နဲ့ တပ်မတော်သားတွေအပေါ် သိက္ခာကျဆင်းစေမယ့် ပုတ်ခတ်ရေးသားတယ်လို့ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့အမှု အမရပူရတရားရုံးက အမှုစတင်လက်ခံခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်းမရှိသေးဘဲ တရားရုံးက ဆရာတော်ဦးသောဘိတကို အာမခံပေးခဲ့ပြီး ဖေဖေါ်ဝါရီ ၂၈ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုခဲ့ပါတယ်။ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ၂၀၁၈ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့က တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်မှာ ခြေအတု တပ်ဆင်ထားတဲ့ စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ထားတဲ့ပုံပေါ်မှာ တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နို့စားနွားမွေးမြူရေးခြံစစ်ဆေးနေတဲ့ပုံတင်ပြီး နွားခြံထဲ နွားဝင်နေတယ်လို့ရေးသားတာတွေအပြင် ပြည်သူတွေအပေါ်စေတနာရှိရင် ပြည်သူမပေးတဲ့တာဝန်တွေမယူပဲ စစ်တန်းလျားပြန်ပါ…
Read Moreသေနတ်သံတွေကြားထဲ အိုးပစ်အိမ်ပစ်ပြေးခဲ့ရတဲ့ ချောင်းတူကျေးရွာသားတွေရဲ့ အခြေအနေ
ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ချောင်းတူကျေးရွာသားတွေဟာ သေနတ်သံတွေကြားမှာ အိုးမစစ်အိမ်မစစ်နိုင်ဘဲ ထွက်ပြေးလာခဲ့ကြရပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကိုထွက်ပြေးခဲ့ကြရပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ အများစုခိုလှုံနေကြပြီးတော့ ကျေးရွာကိုပြန်လည်သွားရောက်ချင်ကြပေမယ့် ပြန်ဖို့အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ။ VOM သတင်းထောက် ခိုင်လင်းစံရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar#ပုဏ္ဏားကျွန်း#စစ်ဘေးရှောင်
Read More