မာန်အောင်ကမ်းခြေမှာ သင်္ဘောနစ်မြုပ်မှု လှေအခက်အခဲကြောင့် ကယ်ဆယ်ရေးမလုပ်နိုင်သေး

မာန်အောင်၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် တောင်ပိုင်း ပင်လယ်ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့နယ်အနီးမှာ ဒီကနေ့မနက်ပိုင်းကရာသီဥတုဆိုးရွား မှုကြောင့် သင်္ဘောတစ်စီးနစ်မြုပ်သွားခဲ့တာကြောင့် သင်္ဘောပေါ်မှာပါလာသူတွေ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ မာန်အောင်ကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး လဖက်ကျွန်းမီးပြတိုက်ကို ပြုပြင်ဖို့သွားတဲ့အချိန် နံနက် ၄ နာရီခွဲလောက်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ “မီးပြတိုက်ကိုပြင်ဖို့သွားတဲ့သင်္ဘောနစ်မြုပ်သွားတာဟုတ်ပါတယ်။ သင်္ဘောပေါ်မှာတော့ လူအကုန်လုံး ၂၅ ဦးပါသွားတယ်။ လောလောဆယ်တော့ အဲဒီနေရာကိုသွားဖို့အတွက် လှေမရှိလို့ ကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။ မထမသွားတဲ့လှေကလည်း ငါးဖမ်းလှေတွေဆိုတော့ လှိုင်းအနေအထားကြောင့် နောက်တစ်ခေါက်သွားလို့မရဖြစ်နေတယ်။”လို့ မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေကပြောပါတယ်။ ဒါ့အပြင် အဲဒီသင်္ဘောနစ်မြုပ်ရာမှာပါဝင်သူတွေထဲက ၇ ကိုတော့ ငါးဖမ်းလှေတွေကနေ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကာ ကျန်တဲ့အလောင်းတွေကိုတော့ ထပ်မံရှာဖွေမှုတွေပြုလုပ်နိုင်ဖို့ အခက်အခဲရှိနေသေးတာဖြစ်ပါတယ်။ “အဲဒီသင်္ဘောက ဆိပ်ကမ်းအာဏာပိုင်ကသင်္ဘောပါ။ အခုဆိပ်ကမ်းအားဏာပိုင်ကနေ သင်္ဘောနဲ့လာနေတယ်လို့ပြော တယ်။ ဖြစ်တာက မနက်ပိုင်းမှာ လှိုင်းကြီးပြီးတော့ အဲဒီလှိုင်းပုတ်တဲ့ဒဏ်နဲ့ သင်္ဘောမှန်ကွဲသွားတယ်။…

Read More

ပိုးသတ်ဆေးမသုံးဘဲ အမာရွတ်ပေါ်မှာ တက်တူးထိုးမယ်ဆိုရင် ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တယ်

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ TGH(VOM) နည်းစနစ်မကျတဲ့ နည်းလမ်းတွေနဲ့ အမာရွတ်ပေါ်မှာတက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက အသည်းရောင်အသားဝါ ၊ ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကပြောပါတယ်။ “သေချာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့လူမှထိုးမယ်။ စနစ်ကျတဲ့  နည်းလမ်းကိုသုံးမယ်။ တကယ့်တက်တူးဆေး ကိုမှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာကတော့ ဘုရားပွဲမှာလည်း ထိုးနေတာပဲ။ ပြောရမယ်ဆိုရင် နိုင်ငံခြားမှာသွားထိုးမယ်ဆိုရင် တက်တူးကလိုင်စင်ရဖို့ လိုတယ်။ လိုင်စင်ရှိဖို့လိုတယ်။ ဘာလို့လိုင်စင်ရှိဖို့လိုလဲဆိုတော့ ဘယ်လိုဆေးကိုသုံးမှာလဲ။ ထိုးတဲ့သူက အတွေ့အကြုံရှိလား ၊အဲဒါမျိုးတွေပေါ်မှာ ကြပ်မတ်ဖို့လိုင်စင်လုပ်တာ။ ဒီမှာက ဘုရားပွဲမှာ ထောင်ဂဏန်းနဲ့ရတယ်။ နောက်ပြီးခုဆို သင်္ဘောဆေးနဲ့ထိုးလို့ရနေတယ်။ ပိုတောင်လှသေးတယ်။ တက်တူးဆေးထက်စိုသေးတယ်။ ဒါပေမယ့်ပြန်ဖျက်ချင်ရင် ဖျက်လို့မရဘူး။ ဒါမြန်မာပြည်မှာပဲရှိတယ်။ ပြောချင်တာက အနည်းဆုံးတော့ပိုးသတ်ထားရမယ်။ ပိုးသတ်မထားဘူးဆိုရင် ပိုးဝင်နိုင်တယ်၊ နောက်တစ် ခါအပ်ကိုသေချာမလုပ်ပဲ ပြန်သုံးတာလည်း ရောဂါပိုးကူးနိုင်တယ်။ ကူးရမယ်လို့မဆိုလိုဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက…

Read More

ခြောက်လအတွင်း နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နှုတ်ထွက်တော့မည်

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉ မျိုးဆက်(VOM) ၁၉၈၇ ခုနှစ်က  ချုပ်ဆိုခဲ့သည့် တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းမျဉ်းတွေအပေါ် ချိုးဖောက်နေတာကို ရုရှားနိုင်ငံက မရပ်တန့်ဘူးဆိုရင်  အဆိုပါသဘောတူစာချုပ်ကနေ နှုတ်ထွက်သွားမယ်လို့  အမေရိကန်က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စာချုပ်ကို ဖောက်ဖျက်တာမရှိဘူးလို့  ငြင်းဆိုထားတဲ့ ရုရှားအနေနဲ့ ဥရောပမှာ မြေပြင်အခြေစိုက် တာတိုနဲ့ တာလတ်ပစ်ဒုံးပျံစခန်းများ ထားရှိတာကို နှစ်နိုင်ငံလုံးက တားမြစ်ပိတ်ပင်ထားတဲ့ သဘောတူညီချက်အပါအ၀င် စည်းမျဉ်းတွေကို လိုက်နာခဲ့ပါက စာချုပ်ကနေ နှုတ်ထွက်တာကို ပြန်စဉ်းစားမယ်လို့ ဆိုပါတယ်။ အမေရိကန်အနေနဲ့  ဖေဖော်ဝါရီ ၂ ရက်နေ့ကစကာ စာချုပ်ပါအချက်အလက်တွေကို လိုက်နာနေတာကနေ ကိုယ်တိုင်ရပ်စဲမှာဖြစ်ပြီး  စာချူပ်မှနှုတ်ထွက်ရတဲ့ ရည်ရွယ်ချက်ကို ရုရှားသို့အသိပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။ အမေရိကန်က ဒီလိုလုပ်ဆောင်မှုဟာ ခြောက်လအတွင်း စာချုပ်ပါစည်းကမ်းတွေကို ပြန်လည်လိုက်နာဖို့ ရုရှားနိုင်ငံအပေါ် ဖိအားပေးဖို့ ရည်ရွယ်ခြင်းဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမယ့် စာချုပ်ကနေ…

Read More

ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်

စစ်ကိုင်း၊ ဇန်နဝါရီ ၃၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကိုတော့ ကောင်းမှုတော်စေတီတော်ကြီးရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်းတော် ၊မောင်းတော် အနီးမှာ ယခုလ ၂၇  ရက်နေ့က စတင်ဆောက်လုပ်တယ်လို့ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်က ‘ဒီ စည်တော်ကြီးထားဖို့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော်တွေထားတဲ့ ပုံစံ အဆောက်အဦး ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့်နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။ ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကို  တပေါင်းလပြည့် မတိုင်မီ အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျမှာပါ။ အဆောက်အဦးရဲ့…

Read More

ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ကဏ္ဍအတွက် ဒေါ်လာ ၁.၄ မီလီယံ ရင်းနှီးမြှုပ်နှံမယ်

ရန်ကုန် ဇန်န၀ါရီ ၃၁-၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ထုပ်လုပ်တဲ့ကဏ္ဍအတွက် ယူကေအစိုးရကနေ ကန်ဒေါ်လာ ၁.၄ မီလီယံကို ၂၀၂၀ မှာ စတင်ရင်းနှီးမြုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ရဲ့ အကြီးအကဲ ဖြစ်သူ Dr Gail Marzetti က ပြောပါတယ်။   ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို  ယူကေ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID  ရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်တဲ့ DaNa Facility နဲ့ Pragma Ventures Myanmar၊ Pure Sense Organics Ltd တို့ကပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။   Pragma Ventures စီမံကိန်းဟာဆိုရင်  ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကအစ  ပိုးထည်ထုတ်လုပ် မှုအပိုင်း အချောသတ်အထိ  ဒီဇိုင်းပိုင်း ၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင်မှုအပိုင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ်။ဒါ့အပြင်…

Read More

ကာဒစ်ဖ်တိုက်စစ်မှူးပျောက်ဆုံးပြီးနောက် တွစ်တာမှာတင်တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို

လန်ဒန်၊ ဇန်န၀ါရီ-၂၃-၂၀၁၉ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ် အသင်းကနေ စာချုပ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာ ပျောက်ဆုံးပြီးနောက် မကြာမီအချိန်မှာဘဲ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ပြုံးရွှင်စွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို တွစ်တာမှာ တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကာဒစ်ဖ်အသင်းကနေ ပေါင်၁၅ သန်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူသစ်ဆာလာဟာ အင်္ဂလန်မြေကို လေယာဉ်မှူးတစ်ဦးနဲ့အတူ ဇန်န၀ါရီ ၂၂ ရက်က လာရောက်ရာမှာ ည ၈ နာရီ ခွဲမှာ လေယာဉ်ဟာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ တရားရုံးတစ်ခုက ပေါင် ၁၆ ဒသမ ၆သန်းဒါဏ်ငွေပေးဆောင်ဖို့အမိန့်ကို ဇန်န၀ါရီ ၂၂ ရက်မှာ လက်ခံပြီးနောက် အီတလီကိုပြန်လာတဲ့ ခရီးမှာ…

Read More

အာဆင်နယ်နောက်ခံလူ ဘယ်လာရင် ဒူးဒါဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည်

လန်ဒန်၊ ဇန်န၀ါရီ-၂၂ ရန်နိုင်ထွန်း (VOM) အာဆင်နယ်အသင်းက စပိန်ညာနောက်ခံကစားသမာ ဘယ်လာရင်ဟာ ချယ်ဆီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒါဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ ဒူးဒါဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်ဆေးစစ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အခြေအနေက သိပ်တော့မကောင်းဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အနည်းဆုံ ကိုးလလောက်အထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ ဇန်န၀ါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၇၀ မိနစ်မှာ ချယ်ဆီးကွင်းလယ်လူ ရို့ဘာကလေကြောင့် ၎င်းရဲ့ဒူးမှာ ဒါဏ်ရာရရှိပြီး လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်တော့မှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းနေရာ ရာသီကုန်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ဘယ်လာရင်အစား အိန်စလေကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: The…

Read More

ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့  ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။ အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ်…

Read More

လက်ရှိ ထီဈေးကွက်ကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီ ထပ်မံထုတ်ဝေသင့်

ရန်ကုန် ဇန်နဝါရီ ၂၂-၂၀၁၉ TGH (VOM) လက်ရှိ ထီဈေးကွက်တွင် ဖြစ်ပေါ်နေသော အစိုးရသတ်မှတ်ဈေးနူန်း ၅၀၀ ကျပ်တန်ထီကို  ၇၀၀ ကျပ် ၊ ၈၀၀ ကျပ် အထိ ဈေးနှုန်းမြှင့်တင်ရောင်းချနေသည့်အခြေနေကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီလက်မှတ်များအား ပြည်သူများထံသို့ ထုတ်ဝေဖြန့်ချီပေးသင့်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုအချို့ရှိနေပါတယ်။ ၁၀၀၀ ကျပ်တန် ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲမက  တရားဝင်ကြေငြာထုတ်ပြန်ထားပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးနောက်ပိုင်း  ပြည်သူများအကြား ပြောဆိုဝေဖန်မှုတွေရှိလာတာပါ။ “ လူတွေရဲ့သဘောက အသစ်အဆန်းဆို စမ်းချင်ကြတယ် ဆိုတော့ စရောင်းတဲ့လကတော့ ရောင်းအားကောင်းနိုင်မယ်။ခုဖြစ်နေတာက  ပြန်ရောင်းဖို့ ပင်ရင်းလက်ကားထီဆိုင်မှာတောင် တစ်စောင်ကို ၅၈၀ ပေါက်နေတယ်။ဒီတော့ ဈေးကွက်မှာဘယ်လိုလုပ်မလဲ။လက်ရှိဖြစ်နေတဲ့ ၅၀၀ တန်ထီဈေးကွက်ကိုမထိန်းချုပ်ပဲ နောက်ထပ်တစ်ထောင်တန်ထပ်ထုတ်တာကတော့ ဖောင်းပွမှုကိုပိုဖြစ်စေမယ်။”ဟု …

Read More

ချယ်ဆီးကိုရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးသတ်သွားမယ်လို့ အာဆင်နယ်အသင်းသားတွေကို နည်းပြအမ်မရီ သတိပေး

လန်ဒန်၊ ဇန်န၀ါရီ-၁၉-၂၀၁၉ ရန်နိုင်ထွန်း (VOM) ချယ်ဆီးအသင်းနဲ့ ဇန်န၀ါရီ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်လေးအတွင်းရပ်တည်နိုင်ဖို့ အဆုံးသတ်သွားမယ်လို့ အာဆင်နယ် အသင်းသားတွေကို နည်းပြဖြစ်သူ အူနိုင်းအမ်မရီက သတိပေးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းအမ်မရိတ်မှာ လက်ခံကစားရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အဆင့်လေးနေရာက ချယ်ဆီးအသင်းနဲ့ ကိုးမှတ်အထိကွာဟာသွားမှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ပွဲ ၂၂ ပြီးချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ တစ်ကယ်လို့ဒီနေ့အစောပိုင်းမှာ ကစားမယ့် မန်ယူနဲ့ ဘရိုက်တန်ပွဲစဉ်မှာ မန်ယူအသင်းကသာ ရလဒ်ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်အသင်းဟာ အဆင့်ခြောက်နေရာကို ရောက်ရှိသွား နိုင်ပါတယ်။ စနေနေ့မှာ ကစားရမယ့် ချယ်ဆီးနဲ့ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ရင်တော့ အဆင့်လေးနေရာဝင်ဖို့ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းကိုလိုက်မှီဖို့ အခွင့်အလမ်း တွေရှိနေပါတယ်။ ပရီးမီးယားလိဂ် ၃၈…

Read More
VOM News

FREE
VIEW