တိုက်စစ်မှူး ဟီဂူအင်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်တဲ့ ချယ်ဆီး

  လန်ဒန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉ ရန်နိုင်ထွန်း(VOM) စီးရီးအေကလပ် ဂျူဗင်တပ် မှ အေစီမီလန် အသင်းသို့ အငှားဖြင့်သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ချယ်ဆီးအသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဟာ ယခင်က နာပိုလီအသင်းမှာ ကစားခဲ့ချိန်က နည်းပြဖြစ်သူ လက်ရှိချယ်ဆီးနည်းပြ ဆာရီနဲ့ ပြန်လည်လက်တွဲဖို့ ဇန်န၀ါရီ ၁၈ ရက်မှာ လန်ဒန်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဟီဂူအင်ကို တစ်ပတ်ကို ပေါင် ၁၇၀၀၀၀ ပေးချေရမှာဖြစ်ပြီး ရာသီကုန်အထိ ခြောက်လစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ကာ ၎င်းရဲ့ ဂိုးသွင်းနှုန်းနဲ့ စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီး နောက်ထပ်တစ်နှစ် ထပ်မံငှားရမ်းနိုင်မှာဖြစ်ပါတယ်။ ၎င်းအနေနဲ့ လာမယ့်အပတ်မှာ စပါးအသင်းနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပြီး ပထမအကျော့မှာတော့ ချယ်ဆီးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့…

Read More

ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်

ရသေ့တောင်၊ ဇန်န၀ါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးတာဝန်ယူထားကြတဲ့ အုပ်ချုပ်ရေးမှူး ၃၀ တို့ဟာ လက်ရှိတာဝန်ကနေအနားယူနိုင်ရေးအတွက် နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုလိုမျိုး လက်ရှိတာဝန်ကအနားယူနိုင်ရေးအတွက် နှုတ်ထွက်ဖို့ပြင်ဆင်ခဲ့ ကြတာဟာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လတ်တလောအခြေအနေတွေကြောင့် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်ဆီးပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ (၂) တို့နဲ့ အရေးယူမှုတွေပြုလုပ်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ “အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက မထွက်ကြဖို့ တားမြစ်တယ်။ ပြီတော့ သူတို့ရဲ့အခက်အခဲတွေကိုလည်း အထက်ကိုတင်ပြပေးမယ်လို့ ပြောထားတဲ့အတွက် လောလောဆယ်မှာတော့ မထွက်သေးဘူး။”လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်ကနေ စတင်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ AA အဖွဲ့နဲ့ဆက်သွယ်မှုတွေ ပြုလုပ်တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ “ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုတာက…

Read More

စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု တောင်သမန်အင်းတစ်ဝိုက် စမ်းသပ်လေ့ကျင့်

 မန္တ​လေး၊ ဇန်​နဝါရီ ၁၇-၂၀၁၉ လင်းလင်း(VOM) မြန်မာနိုင်ငံ​​လေထီးခုန်အဖွဲ့ ချူ ပ်​​​​ရဲ့ အစီအစဉ်​နဲ့ စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု စမ်းသပ်လေ့ကျင့်ခြင်းကို ဒီကနေ့ တောင်သမန်အင်း နဲ့ ရှမ်းလေးကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တောင်သမန်အင်းတစ်ဝိုက်မှာ အုပ်စုလိုက် အလှပြပျံသန်းမူ​တွေ ပြုလုပ်မှာဖြစ်ပြီး ရှမ်းကလေးကျွန်းမှာ ဆင်းသက်ကာ ရှမ်းကလေးကျွန်းမူလတန်းကျောင်းမှာ စာအုပ်၊စာရေးကိရိယာနှင့် အားကစားပစ္စည်း​တွေကို လှူဒါန်းသွားမှာ ဖြစ်​ပါတယ်​။ ၁၉ရက်​​နေ့မှာ ပြင်​ဦးလွင်​​ဒေသတဝိုက်​ပျံသန်းခြင်း နဲ့ မူလတန်းကျောင်းတွေမှာ လှူ ဒါန်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ၂၀ရက်​​နေ့မှာ ဂုတ်​ထိပ်​တံတားကြီးကို ကမ္ဘာကပိုမိုသိရှိလာ​စေဖို့ ရည်ရွယ်ပြီး ဂုတ်​ထိပ်​တံတားကြီး​ပေါ်မှာ ပျံသန်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံလေထီးခုန် အဖွဲ့ချုပ်ကနေ သိရပါတယ်။ #voiceofmyanmar#မန္တ​လေး#စက်​တပ်​​လေထီးစမ်းသပ်​​လေ့ကျင့်​#

Read More

အိန္ဒိယရှိ ကျောက်မီးသွေးတွင်းထဲ တစ်လကျော် ပိတ်မိနေသူတွေရဲ့ ရုပ်အလောင်း စတင်တွေ့ရှိ

ဒေလီ၊ ဇန်န၀ါရီ-၁၇ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ မက်ဟာလာယာ ပြည်နယ်အရှေ့မြောက်ပိုင်းရှိ  ရေလွှမ်းသွားတဲ့ ကျောက်မီးသွေးတွင်း တစ်ခုမှာ အလုပ်သမား ၁၅ ဦးဟာ တစ်လကျော်ကြာပိတ်မိနေခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးရဲ့ရုပ်အလောင်းကို အိန္ဒိယရေတပ် ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိပြီဖြစ်ပါတယ်။ အလုပ်သမားတွေဟာ  ဒီဇင်ဘာ ၁၃ ရက်က ကြွက်တွင်းလို့ အမည်ရတဲ့ ကျောက်မီးသွေးတွင်းထဲသို့ တရားမ၀င် ၀င်ရောက်ခဲ့တာဖြစ်ပြီး အနီးနားရှိ မြစ်တစ်စင်း ရေကြီးလာပြီး တွင်းထဲကိုရေတွေဝင်ချိန်မှာတော့ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ရေအောက်သွားလာရေးယာဉ်က သေဆုံးသူတစ်ဦးရဲ့  ရုပ်အလောင်းကို အနက် ၄၈ မီတာမှာ မထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။ ပိတ်မိနေတဲ့  အခြားမိုင်းအလုပ်သမားတွေရဲ့ ကံကြမ္မာကိုမူ မသိရသေးဘူးလို့ဆိုပါတယ်။ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို ဆရာဝန်တွေရဲ့ ကြီးကြမ်မှုနဲ့ အပြင်သို့သယ်ထုတ်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါကျောက်မီးသွေးတွင်းမှာ  ကယ်ဆယ်ရေးလုပ်သား ၂၀၀ ဖြန့်ကြက်ထားပြီး ရေတွေကိုထုတ်ဖို့  ကြိုးစားနေကြပါတယ်။ ပိတ်မိနေတဲ့…

Read More

စပါးတိုက်စစ်မှူး ဟာရီကိန်း ခြေကျင်းဝတ်ဒါဏ်ရာကြောင့် မတ်လအထိ အသင်းပွဲစဉ်တွေ လွဲချော်တော့မည်

  လန်ဒန်၊ ဇန်န၀ါရီ-၁၆-၂၀၁၉ ရန်နိုင်ထွန်း(VOM) စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကတော့ ဇန်န၀ါရီ ၁၃ ရက်က ကစားခဲ့တဲ့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒါဏ်ရာရသွားတဲ့အတွက် မတ်လအထိ အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ဇန်န၀ါရီ ၁၅ ရက်မှ စပါးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ကနဦး ဆေးစစ်မှုတွေအရ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ဘယ်ဘက်ခြေကျင်းဝတ်အရွတ် ပျက်စီးသွားတယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ စပါးအသင်းက ထုတ်ပြန်ပါတယ်။ ၎င်းကို အသင်းရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒါဏ်ရာနဲ့ ပတ်သက်ပြီး ပြန်လည်ကြံ့ခိုင်မှုရှိအောင် အနီးကပ်စောင့်ကြည့် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး မတ်လအစောပိုင်းမှသာ လေ့ကျင့်ခန်းပြန်လည်ဆင်း နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းဟာ ဒါဏ်ရာကြောင့် ချယ်ဆီးအသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပြီး ပထမအကျော့မှာတော့ စပါးအသင်းက ချယ်ဆီးကို အနိုင်ယူထားပါတယ်။ ဒါ့အပြင် အသင်းမှာ လူးကပ်မိုရာလည်း ဒါဏ်ရာရရှိနေပြီး တိုက်စစ်မှူး…

Read More

အာဆင်နယ်ဂိုးသမား ပီတာချက် ကစားသမားဘဝက အနားယူတော့မည်

လန်ဒန်၊ ဇန်န၀ါရီ-၁၆ ရန်နိုင်ထွန်း (VOM) လက်ရှိပရီးမီးယားလိဂ်ရာသီကုန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မှာဖြစ်တယ်လို့ အဆင်နယ်အသင်း ဂိုးသမား ပီတာချက်က ဇန်န၀ါရီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ အများဆုံးရရှိအောင် စံချိန်တင်နိုင်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ၀ါရင့်ဂိုးသမား ပီတာချက်ကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နှစ် ၂၀ ကြာဖြစ်သန်းပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ နှစ်တိုင်ကစားခဲ့တဲ့ ပီတာချက်အနေနဲ့ အသင်းဟောင်းချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား လေးကြိမ်နဲ့ လိဂ်ဖလား သုံးကြိမ်ရရှိခဲ့ပြီး အင်္ဂလန်မြေမှာ လာရောက်ကစားတဲ့အချိန်တွေအတွင်း ဆုဖလား ၁၈ ခုအထိရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုရာသည်ဟာ မိမိအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၂၀ ရာသီမြောက်ဖြစ်ပြီး ဒီရာသီကုန်ရင် ကစားသမားဘ၀အနားယူဖို့ သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ ရယူချင်ခဲ့တဲ့ ဆုဖလားအားလုံး ရယူနိုင်ခဲ့လို့ ရည်မှန်းချက်တွေအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါလို့ ပီတာချက်ကပြောပါတယ်။ ကစားသမားဘ၀ကနေအနားယူတော့မယ့်…

Read More

ယိုချောင်းအထက်ပိုင်းက စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းသွားပေးတဲ့အဖွဲ့တွေကို တပ်မတော်က ပြန်လွှတ်

ကျောက်တော်၊ ဒီဇင်ဘာ-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို လူမှုအဖွဲ့အစည်းတွေက လိုအပ်တဲ့ရိက္ခာနဲ့တခြားအကူအညီတွေကို ထောက်ပံ့ပေးအပ်ဖို့ ဒီကနေ့သွားရောက်ခဲ့ကြတဲ့ အဖွဲ့တွေကို တပ်မတော်က သွားလာခွင့်ပိတ်ထားလိုက်တဲ့အတွက် ပြန်လာခဲ့ကြရတယ်လို့ ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့ကပြောပါတယ်။ အဲဒီအဖွဲ့တွေဟာ စစ်တွေကနေသွားရောက်ထောက်ပံ့တဲ့ အနာက်တံခါးကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ ကျောက်တော်မြို့ပေါ် လူငယ်အဖွဲ့တို့ဖြစ်ပြီး ယိုးချောင်းအထက်ပိုင်းက သလူချောင်းကျေးရွာနဲ့ ငစရိုင်းကိုင်းကျေးရွာတွေကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ “ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာက စစ်ဘေးရှောင်တွေကို ဆန်နဲ့စောင်တွေ၊ အင်္ကျီတွေ၊တခြား စားစရာတွေသွားပေးတာပါ။ တောင်မင်းကုလားရွာမှာချထားတဲ့ စစ်တပ်စခန်းကနေ ကျွန်တ်ာတို့ကိုစစ်ဆေးပြီးတော့ သွားခွင့်မပြုလို့ အခုပြန်လာရပါတယ်။ ကျွန်တော်တို့နဲ့အတူ စစ်တွေကအဖွဲ့တစ်ဖွဲ့လည်း ပြန်လာခဲ့ရပါတယ်။”ဟု ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့က ပြောပါတယ်။ အခုရိက္ခာပို့ဆောင်ခွင့်ပိတ်ထားလိုက်တဲ့ ကျေးရွာတွေကတော့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး အဲဒီကျေးရွာတွေကို တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပညာဝ ကျေးရွာအနီးဝန်းကျင်က ဒေသခံ မြိုလူမျိုး ၂၀၀ ကျော် ရောက်ရှိနေတာဖြစ်ပါတယ်။ “ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေရောက်ရှိနေတဲ့နေရာက လေးနေရာရှိပါတယ်။ ကန်ဇောက်ရွာ၊ တောင်မင်းကလုလားရွာ၊ သလူချောင်းနဲ့…

Read More

နုပျိုနေတဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောလာတဲ့ ခိုင်သင်းကြည်

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) သမီးဖြစ်သူနဲ့ အပြိုင်လှနေတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ နုပျိုနေတဲ့လျှို့ဝှက်ချက်ကို  ဖွင့်ပြောလာပါတယ်။ ခုချိန်ထိနုပျိုနေတဲ့ လျှို့ဝှက်ချင်ကရော “မခိုင်လေးက အဓိကဘ၀မှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတဲ့အတွက်ပဲထင်ပါတယ်၊ဘာဆေးမှလည်း မစားဘူး၊ဘာဆေးမှလည်း မထိုးပါဘူး၊ဘာမှလည်း မသောက်ပါဘူး၊အသားဖြူဆေးတို့၊ ဘာနုဆေးတို့ပေါ့၊ ဘာလို့လဲဆိုတော့ ကြောက်လို့လေ၊ကိုယ့်က အသက်အရွယ်လည်း ကြီးလာပြီးလေ၊ဆေးတွေက အိုဗာများသွားရင်ရောဂါဖြစ်မှာကြောက်တယ်၊ လူတစ်ယောက်က ကျန်းမာရေး ကအဓိကပဲလေ၊ ကင်ဆာရောဂါတွေလည်း ကြောက်တယ်၊ခန္ဓာကိုယ်မှာ မလိုအပ်တာတွေ ထည့်ရမှာလည်း ကြောက်တယ်၊ အဓိကပျော်ပျော်နေတတ်အရာလေးပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ စိန်ဂေါ်လီမ ယောက်ျားဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးနဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဆုအိမ့်စံ၊ သူရိယ စတဲ့အနုပညာအတူ ဟာသပုံစံလေး ရိုက်ကူးနေထားတယ်လို့ သိရပါတယ်။   ဒီ”စိန်ဂေါ်လီမ ယောက်ျား” ရုပ်ရှင်မှာတော့ ရိုးသားတဲ့ တောသူ၊ မိန်းမ နောက်ပိုးပုံစံနဲ့ ပါဝင် သရုပ်ဆောင်ဖို့ ရှိပါတယ်။…

Read More

ဒေါက်တာအေးမောင်တို့အမှုမှာ စာရေးဆရာဝေဟင်အောင်ဘက်က အမှုခြေဖျက်ဖို့ လျှောက်လဲချက်ပေး

စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ခိုင်လင်းစံ (VOM) နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုနဲ့တရားစွဲဆိုခံခဲ့ရပြီး ၁၁ လအကြာ အမှုရင်ဆိုင်နေခဲ့ရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ စွဲဆိုထားတဲ့ပုဒ်မတွေကို ခြေဖျက်ပေးဖို့ စာရေးဆရာဝေဟင်အောင်ဘက်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲမှုတွေရှိနေ ပြီး သက်သေခံပစ္စည်းတွေအဖြစ် တင်သွင်းထားတာတွေဟာလည်း အစစ်အမှန်မဟုတ်တဲ့အတွက် အကြောင်းခြင်းရာနဲ့ ဥပဒေပိုင်းမှာ ကိုက်ညီမှုမရှိတဲ့အတွက် ကျန်ရှိနေတဲ့ပုဒ်မနှစ်ခုစလုံးကို ပါယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ “တစ်နေ့တည်းတစ်ချိန်တည်းမှာ လူတစ်ယောက်တည်းက ဟောပြောခဲ့တဲ့ အကြောင်းခြင်းရာတစ်ခုတည်းကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုခဲ့တယ်၊ တစ်မှုကတော့ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့တယ်၊ နှစ်မှုကျန်နေတယ်၊ အဲဒီဟာကိုနှစ်က နိုင်ငံသားတစ်ဦးရဲ့ ခံစားပိုင်ခွင့်တွေဆုံးရှုံးနေတာဖြစ်တယ်၊ ဥပဒေအရမှားယွင်းမှုဖြစ်တယ်၊ တရားစီရင်ရေးတိမ်းစောင်း နေတယ်။ ဒါကြောင့် အမှုကို ပါယ်ဖျက်ပေးဖို့အတွက် လျှောက်လဲချက်ပေးခဲ့တာပါ ”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ ရှေ့နေ…

Read More

စည်တောင်ကျေးရွာမှ စစ်ဘေးရှောင်များယနေ့နေ့လည်က နေရပ်ပြန်

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၃-၂၀၁၈ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ် မြေက်ပိုင်းဒေသအတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အတွက် မြို့နယ်နှစ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုခဲ့ကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသားတွေ ဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ယာယီတိမ်းရှောင်းခဲ့ကြတာဖြစ်ပါတယ်။ “ဒီနေ့တော့ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်က စည်တောင်ကျေးရွာကို ရောက်ရှိနေသူတွေ နေရပ်ကိုပြန်နေကြပါပြီ၊ အခုပြန်နေတုန်းပါပဲ၊ မနက်ထမင်းစားပြီးတဲ့အချိန်ကနေ စပြန်ကြတာပါ၊ လောလောဆယ်တော့ တည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရှိမှာ တည်ငြိမ်နေပြီဖြစ်ကာ အဲဒီကျေးရွာသားတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “အဲဒီလူတွေက စည်တောင်ကျေးရွာအုပ်စု ကံပြင်ကျေးရွာသားတွေဖြစ်ပါတယ်၊ တစ်ရွာတည်းက ထွက်ပြေးလာခဲ့ကြ တာပါ၊…

Read More
VOM News

FREE
VIEW