သံသယရှိသူတရားခံကို မြွေနဲ့ခြိမ်းခြောက် စစ်ဆေးခဲ့လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ တောင်းပန်

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၂ မျိုးဆက် (VOM) အွန်လိုင်းပေါ်မှာ ရုပ်သံမှတ်တမ်း ထွက်ပေါ်ပြီးနောက် သံသယရှိသူ သူခိုးတစ်ဦးကို ခြောက်လှန့်ဖို့ မြွေတစ်ကောင်ကို အသုံးပြုခဲ့တဲ့အတွက် အင်ဒိုနီးရှားရဲတပ်ဖွဲ့က တောင်းပန်လိုက်ပါတယ်။ ပါပူအာအရှေ့ပိုင်းမှာနေထိုင်တဲ့ သံသယရှိသူအမျိုးသားကို လက်ထိတ်ခတ်ထားပြီး စစ်ဆေးသူတစ်ဦးက မြွေနဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားချိန်မှာ ရုပ်သံမှတ်တမ်းတွင်ပါဝင်တဲ့ တာဝန်ရှိသူတွေက ရယ်မောနေကြပါတယ်။ သံသယရှိသူဟာ မိုလ်ဘိုင်းဖုန်းတွေကို ခိုးယူခဲ့တယ်လို့ ယူဆရပါတယ်။ ရုပ်သံမှတ်တမ်းမှတော့ သံသယရှိသူရဲ့ ပါးစပ်နဲ့  ၎င်းရဲ့ဘာင်းဘီအတွင်းကို မြွေကိုထည့်မယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခြိမ်းခြောက်ထားတဲ့ အသံလည်းပါဝင်နေပါတယ်။ ယင်းသို့လုပ်ဆောင်ခြင်းဟာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်နဲ့ လျော်ညီခြင်းမရှိပေမယ့် မြွေဟာ လူနဲ့ယဉ်ပါးပြီး အဆိပ်မရှိဘူးလို့ ပြောဆိုကာ အဆိုပါလုပ်ရပ်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ အနန်ဒါဆွာဒရာက ကာကွယ်ပြောဆိုခဲ့ပါတယ် ဒီလိုမျိုး သံသယရှိသူတရားခံကို မြွေနဲ့ ခြောက်လှန့်ခဲ့သူတွေကို အရေးယူပြီးဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ သံသယရှိသူအမျိုးသားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းမပြုခဲ့ဘူးလို့ ၎င်းက ကြေညာချက်မှာပြောဆိုပါတယ်။ …

Read More
VOM News

FREE
VIEW