ခြောက်လအတွင်း အကောင့်တု ၁ ဒသမ ၅ ဘီလီယံ ပိတ်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်

နယူးယောက်၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈

မျိုးဆက် (VOM)

ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ဖေ့စ်ဘွတ်ခ် အကောင့်တု ၁ ဒသမ ၅ ဘီလီယံကို စီစစ်မှုတွေလုပ်ပြီး ဖျက်ချနိုင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ Community Standards အစီရင်ခံစာမှာဒီလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ၀တ်လစ်စလစ်ပုံတွေ၊ အမုန်းစကား၊ အကြမ်းဖက်စေရန် ၀ါဒဖြန့်ခြင်း၊ ကြည့်ရှုဖို့မသင့်တဲ့ သွေးထွက်သံယိုကိစ္စတွေဖြန့်ဝေတဲ့ အကောင့်တွေနဲ့ အကောင့်တုတွေကို ဖျက်ချခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကြည့်ရှုဖို့ မသင့်တဲ့ သွေးထွက်သံယို ပို့စ်တွေကိုတော့ တိုင်ကြားခြင်းမပြုမီကတည်းက ၉၅ ဒသမ ၉ ရာခိုင်နှုန်းကို စောင့်ကြည့်ကိုင်တွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သတင်းတုတိုက်ဖျက်ရေး အဖွဲ့တစ်ဖွဲ့ကိုလည်း ဖေ့စ်ဘွတ်ခ်က သီးသန့်ထားပြီး ရွေးကောက်ပွဲကာလတွေမှာ အထူးစောင့်ကြည့် ထိန်းချုပ်သွားမယ်လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက အကောင့်တုတွေနဲ့ ရွေးကောက်ပွဲကို ၀င်ရောက်စွက်ဖက်ခဲ့ပြီးနောက်ပိုင်းမှာ အကောင့်တုတွေ၊ ၀ါဒဖြန့်တာတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်က သတိကြီးကြီးနဲ့ တားဆီးပိတ်ပင်မှုတွေ လုပ်ဆောင်နေပါတယ်။

ဒါအပြင် သုံးစွဲသူ သန်း ၅၀ နီးပါးရဲ့ အချက်အလက်တွေ ခိုးယူခံရတာနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်အနေနဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ အပြင် စုံစမ်းစစ်ဆေးမှုတွေပါ ခံခဲ့ရပါတယ်။

Ref: The Verge

Photo: Facebook

Related posts

Leave a Comment

VOM News

FREE
VIEW