သီရိလင်္ကာမှာ လူ ၂၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်မြုပ်နှံထားတဲ့ သင်္ချိုင်းတွေ့ရှိ

ကိုလံဘို၊ နိုဝင်ဘာ-၂၂-၂၀၁၈

မျိုးဆက် (VOM)

သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်း မန်နာမြို့မှာ  ယခုနှစ်အစောပိုင်းက တွေ့ရှိခဲ့တဲ့ အလောင်းတွေကို   အစုလိုက်အပြုံလိုက်မြုပ်နှံထားသော သင်္ချိုင်းဟာ  သတ်ဖြတ်ခံရသူတွေကို မြုပ်နှံထားတဲ့  နိုင်ငံရဲ့အကြီးဆုံး သင်္ချိုင်းဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ပြောဆိုပါတယ်။

သီရိလင်္ကာမှာ ယခင်ကစစ်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသရှိ ကျင်းတစ်ကျင်းထဲမှာ သြဂုတ်လက အရိုးစု ၉၀ ကျော်တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့  အရိုးစု ၂၃၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်အဆုံးသတ်သွားတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ကာလရှည်ပြည်တွင်းစစ်ပွဲကာလအတွင်းက လူပေါင်း နှစ်သောင်းကျော်ဟာ ပျောက်ဆုံးခဲ့တယ်လို့  လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပါတယ်။

စစ်သားတွေနဲ့ ခွဲထွက်ရေးသမား တမီးသူပုန်တွေအကြား ၂၆ နှစ်ကြာစစ်ပွဲအတွင်း  လူတစ်သိန်းထက်မနည်း သေဆုံးခဲ့ပါတယ်။ တွေ့ရှိခဲ့သည့် အလောင်းများမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။

ယခုနှစ်အစောပိုင်းက အဆောက်အဦသစ်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းများတူးဖော်တဲ့ အလုပ်သမားတွေက လူသေရုပ်ကြွင်းတွေကိုတွေ့ရှိခဲ့ပြီးနောက် အဓိကဘတ်စ်ကားဂိတ်အနီးရှိ သိုလှောင်ရုံဟောင်းတစ်ခုကို အသေးစိတ်ပြန်လည်တူးဖော်ဖို့ တရားရုံးတစ်ရုံးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

Photo : Reuter

#voiceofmyanmar #သိရိလင်္ကာသချိုင်္င်း

Related posts

VOM News

FREE
VIEW