အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိပ်စိတ်မ၀င်စားသေးဘူးဆိုတဲ့ ဖူးစုံ

ရန်ကုန် နိုဝင်ဘာ ၂၂ – ၂၀၁၈ သင်းသဒ္ဒါ ပရိသတ်နဲ့ အလှမ်းနည်းနည်းဝေးသွားပေမယ့်လည်း ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်ရိုက်နေတဲ့ သရုပ် ဆောင် ဖူးစုံ ကတော့ ” အစ်မ အိမ် ထောင်ရေး နဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်ရှိမှာ မဟုတ်ဘူး။ သိပ်စိတ် မ၀င်စားသေးဘူး”လို့ ဆိုပါတယ်။ “အိမ်မှာကျ တူမလေးရှိတော့ ပျော်တယ်။ အပျိုကြီးနဲ့ပဲနေမယ်။ အိမ်ထောင်မပြုဘူးလဲ ဖူးစုံဘ၀မှာ မရှိဘူး။ ယူမယ်။ ယူတော့မယ်။ ဒီအချိန်ကအသင့်တော်ဆုံးအချိန် ယူရတော့ မယ်ဆိုပြီး အိမ်ထောင် ရေးကို အင်တိုက်အားတိုက် စိတ်ဝင်စားနေတာမျိုးလဲမရှိဘူး။ ကြားထဲမှာတော့ သေချာတယ်”လို့ဆိုပါတယ်။ သူမကတော့ ပရိသတ်နဲ့ အဆက်အသွယ်မပျက်စေရန် နှင်းဆီအငြိမ့်နဲ့ တွဲဖက်ကာ အကတွေကနေ သလို ၊Canal + ရုပ်သံလိုင်းနဲ့ စာမျက်နှာသစ်ဇာတ်လမ်းတွဲတွေ နဲ့ အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်စတဲ့ ကားတွေလည်း ရိုက်ကူးထားတာလည်းရှိတယ်လို့ သိရပါတယ်။…

Read More

ထိပ်စီးပြောင်းတဲ့ အမှတ်တရအနေနဲ့ ဘုန်းကြီးဝတ်ဖို့ရှိတယ်ဆိုတဲ့ ပြေတီဦး

ရန်ကုန် နိုဝင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ ကာရိုက်တာပိုင်းမှာတော့ ချစ်ချစ်၊နုနု ၊ ကြမ်းကြမ်း စတဲ့ အမူအယာတွေကို ပီပြင်အောင်လုပ်ဆောင်နိုင် တဲ့ အကယ်ဒမီ ပြေတီဦးကတော့ နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်မယ့် မွေးနေ့နဲ့ ပတ်သက်ပြီးတော့ ” ဒီနှစ် ထိပ်စီးပြောင်းပြီးဆိုတော့ အသက် ၄၀ ဆိုတာ အမှတ်တရဖြစ်လို့ ကျွန်တော်ဘုန်ကြီး ၀တ်မလားလို့ စဉ်း စားနေ ပါတယ်။ ၃ ရက် လောက်တော့ ၀တ်မှာပါ။ ကျွန်တော် အရင်တုန်းကတော့ ဘုန်းကြီးတွေ ခဏခဏ ၀တ် ဖြစ် တယ်။ မင်းသား မဖြစ်ခင်ကပေါ့။ ဒီနှစ်မွေးနေ့ကတော့ အမှတ်တရပေါ့။ မဖြစ်ဖြစ်အောင် ဘုန်းကြီးဝတ်မယ်” လို့ ဆိုပါတယ်။ လက်ရှိ နိုဝင်ဘာ ၂၃ ရက်မှာ ရုံတင်ပြသမယ့် မိသားစုမေတ္တာ အချစ်ဟာသပုံစံဖြစ်တဲ့ “မင်္ဂလာ ရက်မြတ်”…

Read More

သီရိလင်္ကာမှာ လူ ၂၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်မြုပ်နှံထားတဲ့ သင်္ချိုင်းတွေ့ရှိ

ကိုလံဘို၊ နိုဝင်ဘာ-၂၂-၂၀၁၈ မျိုးဆက် (VOM) သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်း မန်နာမြို့မှာ  ယခုနှစ်အစောပိုင်းက တွေ့ရှိခဲ့တဲ့ အလောင်းတွေကို   အစုလိုက်အပြုံလိုက်မြုပ်နှံထားသော သင်္ချိုင်းဟာ  သတ်ဖြတ်ခံရသူတွေကို မြုပ်နှံထားတဲ့  နိုင်ငံရဲ့အကြီးဆုံး သင်္ချိုင်းဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ပြောဆိုပါတယ်။ သီရိလင်္ကာမှာ ယခင်ကစစ်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသရှိ ကျင်းတစ်ကျင်းထဲမှာ သြဂုတ်လက အရိုးစု ၉၀ ကျော်တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့  အရိုးစု ၂၃၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အဆုံးသတ်သွားတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ကာလရှည်ပြည်တွင်းစစ်ပွဲကာလအတွင်းက လူပေါင်း နှစ်သောင်းကျော်ဟာ ပျောက်ဆုံးခဲ့တယ်လို့  လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပါတယ်။ စစ်သားတွေနဲ့ ခွဲထွက်ရေးသမား တမီးသူပုန်တွေအကြား ၂၆ နှစ်ကြာစစ်ပွဲအတွင်း  လူတစ်သိန်းထက်မနည်း သေဆုံးခဲ့ပါတယ်။ တွေ့ရှိခဲ့သည့် အလောင်းများမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ယခုနှစ်အစောပိုင်းက အဆောက်အဦသစ်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းများတူးဖော်တဲ့ အလုပ်သမားတွေက လူသေရုပ်ကြွင်းတွေကိုတွေ့ရှိခဲ့ပြီးနောက် အဓိကဘတ်စ်ကားဂိတ်အနီးရှိ သိုလှောင်ရုံဟောင်းတစ်ခုကို အသေးစိတ်ပြန်လည်တူးဖော်ဖို့ တရားရုံးတစ်ရုံးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW