အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိပ်စိတ်မ၀င်စားသေးဘူးဆိုတဲ့ ဖူးစုံ

ရန်ကုန် နိုဝင်ဘာ ၂၂ – ၂၀၁၈

သင်းသဒ္ဒါ

ပရိသတ်နဲ့ အလှမ်းနည်းနည်းဝေးသွားပေမယ့်လည်း ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်ရိုက်နေတဲ့ သရုပ် ဆောင် ဖူးစုံ ကတော့ ” အစ်မ အိမ် ထောင်ရေး နဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်ရှိမှာ မဟုတ်ဘူး။ သိပ်စိတ် မ၀င်စားသေးဘူး”လို့ ဆိုပါတယ်။

“အိမ်မှာကျ တူမလေးရှိတော့ ပျော်တယ်။ အပျိုကြီးနဲ့ပဲနေမယ်။ အိမ်ထောင်မပြုဘူးလဲ ဖူးစုံဘ၀မှာ မရှိဘူး။ ယူမယ်။ ယူတော့မယ်။ ဒီအချိန်ကအသင့်တော်ဆုံးအချိန် ယူရတော့ မယ်ဆိုပြီး အိမ်ထောင် ရေးကို အင်တိုက်အားတိုက် စိတ်ဝင်စားနေတာမျိုးလဲမရှိဘူး။ ကြားထဲမှာတော့ သေချာတယ်”လို့ဆိုပါတယ်။

သူမကတော့ ပရိသတ်နဲ့ အဆက်အသွယ်မပျက်စေရန် နှင်းဆီအငြိမ့်နဲ့ တွဲဖက်ကာ အကတွေကနေ သလို ၊Canal + ရုပ်သံလိုင်းနဲ့ စာမျက်နှာသစ်ဇာတ်လမ်းတွဲတွေ နဲ့ အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်စတဲ့ ကားတွေလည်း ရိုက်ကူးထားတာလည်းရှိတယ်လို့ သိရပါတယ်။

 

သူမရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီးတော့ “အသက်ကြီးလာတဲ့အခါကျတော့ ပျော်ရွှင်စရာတွေက လဲ ပါးလာတယ်။ အရင်တုန်းကလို မဟုတ် တော့ဘူး။ အခုအချိန်မှာ အစ်မတို့တွဲဖြစ်တယ်ဆိုတာက စိတ်ချင်းလဲတူတယ်။ ၀ါသနာချင်းလဲတူတယ်။ အကျင့်ချင်းလဲ တူတယ်။ သူငယ်ချင်းကိုးယောက်မှာ အိမ်ထောင် မကျသေးတာ လေးယောက်ရှိတယ်။ ဒီလေးယောက် ကလဲ အိမ်ထောင်သည်တွေနဲ့စုလိုက်တဲ့အခါမှာ တစ်သားတည်းဖြစ်တယ်။ သူတို့ကလဲ တစ်ခုခု ရင်ဖွင့်စရာ ရှိရင် ကိုယ်တွေကိုရင်ဖွင့်တယ်။ ထွေထွေထူးထူး ညှိယူစရာမလိုဘူး။ သွားမယ်ဆိုလဲသွားမယ်။ စားမယ်ဆိုလဲ စားမယ်ပေါ့။ အဲ့ဒါကြောင့်နောက်ပိုင်းမှာ တောက် လျှောက် တွဲဖြစ်တယ်။ တစ်စုတစ်စည်းတည်းလဲဖြစ်တယ်။ အိမ် ထောင်သည်တွေက မယူခိုင်းဘူး။ နင်တို့ကျ ယူပြီး ငါတို့ကျမယူနဲ့ဆိုပြီးပြောတယ်ပေါ့။ ကိုးယောက်ထဲမှာ တစ်ယောက်တစ်ခုခုဖြစ်ပြီဆိုရင် ကောင်းတဲ့ဖက် ကိုပဲ ၀ိုင်းစဉ်းစားပေးကြတယ်။ အိမ်ထောင်ပြုတဲ့အပိုင်းဆိုလဲ သူတို့ကအရမ်းစဉ်းစားခိုင်းတယ်။ ဒါပေမဲ့ကိုယ် တွေကလဲ စဉ်းစားစရာကိုမရှိတဲ့အတွက် ဘာမှကို သူတို့ ပြောဖို့အချိန် မရှိသေးဘူး။ အိမ်ထောင် ရေးနဲ့ တ်သက်ရင်သူတို့ကတော်တော်လေးကို အကြံပေးနိုင် တယ်။ ဖူးစုံကအလုပ်လဲလုပ်တယ်။ သူငယ်ချင်းတွေနဲ့လည်း အပြင်ထွက်တယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ – ဖူးစုံ facebook

#voiceofmyanmar #ဖူးစုံ

Related posts

Leave a Comment

VOM News

FREE
VIEW