တရုတ်ကို တင်ပို့နေတဲ့ ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်အေး

မန္တလေး ဇန်နဝါရီ ၆-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြို့ကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ နှမ်းပေါင်းစုံနဲ့ ပဲအမျိုးမျိုးဈေးကွက်ဟာ အခုရက်ပိုင်းမှာ အရောင်းအဝယ်အေးနေပြီး တရုတ်နှစ်သစ်ကူးပြီးမှသာ ပုံမှန်ပြန်ဖြစ်နိုင်မယ်လို့ မန္တလေးမြို့ ပဲ၊ နှမ်းကုန်သည်တွေက သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနီးလာတာအပြင် တရုတ်ငွေဈေးကျတဲ့အတွက် တရုတ်ဝယ်လက်ကုန်သည်တွေကလည်း ဈေးဆစ်မှုများသလို ပြည်တွင်းကုန်သည်တွေကလည်း ဆစ်သလောက်ရောင်းချမပေးနိုင်တဲ့အတွက် အရောင်းအဝယ်အေးနေတာလို့ သိရပါတယ်။

“နှစ်ကူးနီးလာရင် ခါတိုင်းနှစ်တွေကလည်း ကျနေကျဖြစ်ပေမယ့် ဒီနှစ်ကတော့ တော်တော်လေးဈေးအေးတဲ့သဘော၊ အဓိကကတော့ ငွေဈေးဂယက်တွေကြောင့်ပေါ့။”လို့ မန္တလေး၊ မူဆယ် ကုန်စည်ပို့ဆောင်နေတဲ့ ပဲ၊ နှမ်းကုန်သည် ကိုစိုးကပြောပါတယ်။

တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၂၁၁ ကျပ်နှုန်းနဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိရှိခဲ့ရာကနေ တဖြည်းဖြည်းကျဆင်းလာပြီး အခုနှစ် ဇန်နဝါရီ ၆ ရက်မှာတော့၂၀၇ ကျပ်အထိကျဆင်းနေပြီဖြစ်ပါတယ်။

လတ်တလောမှာတော့ အော်ဒါရှိပြီးသားကုန်တွေလောက်သာ ပို့နေရပြီး ကုန်သည်တွေအနေနဲ့ကလည်း ချိန်ဆရောင်းဝယ်နေတယ်လို့ မန္တလေးမြို့က ပဲ၊နှမ်းကုန်သည်အချို့က ပြောဆိုနေကြတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၁၁ လပိုင်း၊ ၁၂ လပိုင်းလောက်ကလို မသွက်ပေမယ့် သွားတော့သွားနေပါတယ်။ နှစ်သစ်ကူးနီးလာပြီဆိုရင် ရောင်းတဲ့သူတွေကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ လာမယ့်နှစ်သစ်ကူးကို ထည့်တွက်ပြီးတော့ ချိန်ဆပိုင်းခြားပြီး ရောင်းလာတာဆိုတော့ ကုန်စည်ဖလှယ်နေတာက မျှတပါတယ်။”လို့ မန္တလေးပဲနှမ်းကုန်သည် ဦးမောင်ဦးကပြောပါတယ်။

အခုလ ၂၄၊ ၂၅ ရက်ဟာ တရုတ်နှစ်သစ်ကူးကာလဖြစ်ပြီး နှစ်သစ်ကူးနီးလာတာနဲ့အမျှ တရုတ်လူမျိုးတွေအနေနဲ့ နေရပ်ပြန်ကြတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေတင်ပို့နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်နားလေ့ရှိသလို အရောင်းအဝယ်လည်းအေးလေ့ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ပဲ၊နှမ်းဈေးကွက် #အရောင်းအ၀ယ်အေး

Zawgyi

တ႐ုတ္ကို တင္ပို႔ေနတဲ့ ပဲ၊ ႏွမ္းေဈးကြက္ အေရာင္းအဝယ္ေအး

မႏၲေလး ဇန္နဝါရီ ၆-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕ကေန တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနတဲ့ ႏွမ္းေပါင္းစုံနဲ႔ ပဲအမ်ိဳးမ်ိဳးေဈးကြက္ဟာ အခုရက္ပိုင္းမွာ အေရာင္းအဝယ္ေအးေနၿပီး တ႐ုတ္ႏွစ္သစ္ကူးၿပီးမွသာ ပုံမွန္ျပန္ျဖစ္ႏိုင္မယ္လို႔ မႏၲေလးၿမိဳ႕ ပဲ၊ ႏွမ္းကုန္သည္ေတြက သုံးသပ္ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးနီးလာတာအျပင္ တ႐ုတ္ေငြေဈးက်တဲ့အတြက္ တ႐ုတ္ဝယ္လက္ကုန္သည္ေတြကလည္း ေဈးဆစ္မႈမ်ားသလို ျပည္တြင္းကုန္သည္ေတြကလည္း ဆစ္သေလာက္ေရာင္းခ်မေပးႏိုင္တဲ့အတြက္ အေရာင္းအဝယ္ေအးေနတာလို႔ သိရပါတယ္။

“ႏွစ္ကူးနီးလာရင္ ခါတိုင္းႏွစ္ေတြကလည္း က်ေနက်ျဖစ္ေပမယ့္ ဒီႏွစ္ကေတာ့ ေတာ္ေတာ္ေလးေဈးေအးတဲ့သေဘာ၊ အဓိကကေတာ့ ေငြေဈးဂယက္ေတြေၾကာင့္ေပါ့။”လို႔ မႏၲေလး၊ မူဆယ္ ကုန္စည္ပို႔ေဆာင္ေနတဲ့ ပဲ၊ ႏွမ္းကုန္သည္ ကိုစိုးကေျပာပါတယ္။

တ႐ုတ္ေငြတစ္ယြမ္ကို ျမန္မာေငြ ၂၁၁ က်ပ္ႏႈန္းနဲ႔ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၆ ရက္ေန႔အထိရွိခဲ့ရာကေန တျဖည္းျဖည္းက်ဆင္းလာၿပီး အခုႏွစ္ ဇန္နဝါရီ ၆ ရက္မွာေတာ့၂၀၇ က်ပ္အထိက်ဆင္းေနၿပီျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေအာ္ဒါရွိၿပီးသားကုန္ေတြေလာက္သာ ပို႔ေနရၿပီး ကုန္သည္ေတြအေနနဲ႔ကလည္း ခ်ိန္ဆေရာင္းဝယ္ေနတယ္လို႔ မႏၲေလးၿမိဳ႕က ပဲ၊ႏွမ္းကုန္သည္အခ်ိဳ႕က ေျပာဆိုေနၾကတာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ ၁၁ လပိုင္း၊ ၁၂ လပိုင္းေလာက္ကလို မသြက္ေပမယ့္ သြားေတာ့သြားေနပါတယ္။ ႏွစ္သစ္ကူးနီးလာၿပီဆိုရင္ ေရာင္းတဲ့သူေတြကလည္း ထိန္းထိန္းသိမ္းသိမ္းနဲ႔ လာမယ့္ႏွစ္သစ္ကူးကို ထည့္တြက္ၿပီးေတာ့ ခ်ိန္ဆပိုင္းျခားၿပီး ေရာင္းလာတာဆိုေတာ့ ကုန္စည္ဖလွယ္ေနတာက မွ်တပါတယ္။”လို႔ မႏၲေလးပဲႏွမ္းကုန္သည္ ဦးေမာင္ဦးကေျပာပါတယ္။

အခုလ ၂၄၊ ၂၅ ရက္ဟာ တ႐ုတ္ႏွစ္သစ္ကူးကာလျဖစ္ၿပီး ႏွစ္သစ္ကူးနီးလာတာနဲ႔အမွ် တ႐ုတ္လူမ်ိဳးေတြအေနနဲ႔ ေနရပ္ျပန္ၾကတာေၾကာင့္ မူဆယ္နယ္စပ္ကုန္သြယ္ေရးကေနတင္ပို႔ေနတဲ့ ကုန္စည္စီးဆင္းမႈေတြ ရပ္နားေလ့ရွိသလို အေရာင္းအဝယ္လည္းေအးေလ့ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ပဲ၊ႏွမ္းေဈးကြက္ #အေရာင္းအ၀ယ္ေအး

Related posts

Leave a Comment

VOM News

FREE
VIEW