ရသေ့တောင်မြို့ပေါ်မှာ တိုက်ပွဲရှောင်ဦးရေ (၇) ထောင်နီးပါးအထိရှိလာ

ရသေ့တောင်မြို့ပေါ်မှာ တိုက်ပွဲရှောင်ဦးရေ (၇) ထောင်နီးပါးအထိရှိလာ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၃- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်မှာ ခုတစ်ပတ်အတွင်း တပ်မတော်နဲ့အေအေတို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်ဦးရေ ၇ ထောင်နီပါးထိ ရှိလာပြီး တိုက်ပွဲရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

အစိုးရကထောက်ပံ့တာတွေရှိပေမယ့် လုံလောက်မှုမရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

” ကျမတို့ ရသေ့တောင်မြို့ပေါ်မှာကလေ စစ်ဘေးရှောင်တွေက တော်တော်များနေပြီ။ ရသေ့တောင် သမီးလှ၊ ရက်ခုန်တိုင်ဖက်က စစ်ပွဲရှောင်တွေ ရွာထဲကို စစ်ကြောင်းတွေဝင်လာလို့ ပြေးလာတာတွေရေ၊ လက်နက်ကြီးတွေကြောင့် ပြေးလာတာတွေ အများကြီးရှိတယ်။ စားဝတ်နေရေးက အခက်အခဲ အများကြီးရှိတယ်။ အစိုးရက ထောက်ပံ့မှုတွေလည်း နည်းတယ်။” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်က တိုက်ပွဲရှောင်ပြည်သူတွေအတွက် အစိုးရကနေ ဆန်ရိက္ခာတွေ လစဉ်ထောက်ပံ့ ပေနေတယ်ပြီး အဆက်မပြတ်ဆိုသလို ထောက်ပံ့တာတွေရှိကြောင်း ရသေ့တောင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူ း ဦးမောင်မောင်ချိုက VOM ကိုပြောပါတယ်။

” သူတို့က နေမြေအေးချမ်းရင်ပြန်သွားတယ်။ မအေးချမ်းဘူးဆိုရင် ပြန်လာတယ်။ ဒါပဲရှိတယ်။ ဒီမှာ ကျနော်တို့ အစိုးရကနေ လစဉ်မပြတ် ဆန်ရိက္ခတွေပေးနေတာတွေရှိတယ်။ ရိက္ခမပြတ်ခင် တစ်ပတ်အလိုလောက်က ပေးတာတွေရှိတယ်။” လို့ ရသေ့တောင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးမှာ တိုက်ပွဲရှောင်ဦးရေ ၁၃၀၀၀ ကျော်ရှိကြောင်းနဲ့ အဲ့ဒီတိုက်ပွဲရှောင်တွေဟာ ရသေ့တောင်မြို့၊ စေတီပြင်၊ အောင်စည်ကုန်း၊ ဆင်ခုန်းတိုင် အပြင် အခြားရွာတိုင်းမှာ ရှိကြောင်းနဲ့ ရသေ့တောင်မြို့ပေါ်မှာ တရားဝင်စစ်ဘေးရှောင်စခန်းတွေရှိပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်ထားတာဖြစ်ကြောင်း သိရပါတယ်။

” ရသေ့တောင်မှာက တရားဝင် ဘုန်းကြီးကျောင်းမှာနေတာတွေ၊ ဖွင့်ထားတာတွေရှိတယ်။ ဆွေမျိုးအသိတွေအိမ်မှာနေတာတွေလည်းရှိတယ်။ နောက်ထပ် စေတီပြင်၊ ဆင်ခုန်းတိုင်၊ အောင်စည်ကုန်းနဲ့ နီးစပ်ရာရွာတွေမှာ နေတာတွေလည်းရှိတယ်။ ဒါတွေကတော့ အတည်တကျမရှိဘူး။ တစ်နေရာမှာတိုက်ပွဲဖစ်ရင် တစ်နေရာကိုပြေးတယ်။ ပြန်လာတယ်။” လို့ ဒေါခင်စောဝေက ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်သို့ လာရောက်ခိုလံှုတဲ့ တိုက်ပွဲရှောင်အများစုဟာ လက်ရှိရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ သမီးလှရွာဟောင်း၊ သမီးလှရွာသစ်၊ အမျှက်တောင် စတဲ့ကျေးရွာတွေဖက်က လာရောက်ခိုလုံကြတာဖြစ်ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင်ဦးရေဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်နယ်တွင်းမှာ ၁သိန်း နှစ်သောင်းကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်ခင်စောဝေက ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ တိုက်ပွဲရှောင်ဦးရေ ၇ ထောင်ကျော်ထဲမှာ ရသေ့တောင်မြို့နယ်တစ်ခုတည်းက လာရောက်ခိုလံှုတာမျိုးမဟုတ်ဘဲ ဘူးသီးတောင်မြို့နယ်ရဲ့ ကျေးရွာတချို့က လာရောက်ခိုလုံတာတွေရှိကြောင်းနဲ့ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
#voiceofmyanmar #VOM #ရသေ့တောင် #ရခိုင်စစ်ဘေးရှောင်

Zawgyi

ရေသ့ေတာင္ၿမိဳ႕ေပၚမွာ တိုက္ပြဲေ႐ွာင္ဦးေရ (၇) ေထာင္နီးပါးအထိ႐ွိလာ

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၁၃- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ခုတစ္ပတ္အတြင္း တပ္မေတာ္နဲ႔ေအေအတို႔ရဲ႕ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ တိုက္ပြဲေ႐ွာင္ဦးေရ ၇ ေထာင္နီပါးထိ ႐ွိလာၿပီး တိုက္ပြဲေ႐ွာင္ေတြဟာ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ၾကံဳေတြ႕ရင္ဆိုင္ေနရပါတယ္။

အစိုးရကေထာက္ပံ႔တာေတြ႐ွိေပမယ္႔ လံုေလာက္မႈမ႐ွိေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

” က်မတို႔ ရေသ့ေတာင္ၿမိဳ႕ေပၚမွာကေလ စစ္ေဘးေ႐ွာင္ေတြက ေတာ္ေတာ္မ်ားေနၿပီ။ ရေသ့ေတာင္ သမီးလွ၊ ရက္ခုန္တိုင္ဖက္က စစ္ပြဲေ႐ွာင္ေတြ ရြာထဲကို စစ္ေၾကာင္းေတြဝင္လာလို႔ ေျပးလာတာေတြေရ၊ လက္နက္ႀကီးေတြေၾကာင့္ ေျပးလာတာေတြ အမ်ားႀကီး႐ွိတယ္။ စားဝတ္ေနေရးက အခက္အခဲ အမ်ားႀကီး႐ွိတယ္။ အစိုးရက ေထာက္ပံ႔မႈေတြလည္း နည္းတယ္။” လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕ေပၚက တိုက္ပြဲေ႐ွာင္ျပည္သူေတြအတြက္ အစိုးရကေန ဆန္ရိကၡာေတြ လစဥ္ေထာက္ပံ႔ ေပေနတယ္ၿပီး အဆက္မျပတ္ဆိုသလို ေထာက္ပံ႔တာေတြ႐ွိေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ း ဦးေမာင္ေမာင္ခ်ိဳက VOM ကိုေျပာပါတယ္။

” သူတို႔က ေနေျမေအးခ်မ္းရင္ျပန္သြားတယ္။ မေအးခ်မ္းဘူးဆိုရင္ ျပန္လာတယ္။ ဒါပဲ႐ွိတယ္။ ဒီမွာ က်ေနာ္တို႔ အစိုးရကေန လစဥ္မျပတ္ ဆန္ရိကၡေတြေပးေနတာေတြ႐ွိတယ္။ ရိကၡမျပတ္ခင္ တစ္ပတ္အလိုေလာက္က ေပးတာေတြ႐ွိတယ္။” လို႔ ရေသ့ေတာင္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္တစ္ခုလံုးမွာ တိုက္ပြဲေ႐ွာင္ဦးေရ ၁၃၀၀၀ ေက်ာ္႐ွိေၾကာင္းနဲ႔ အဲ႔ဒီတိုက္ပြဲေ႐ွာင္ေတြဟာ ရေသ့ေတာင္ၿမိဳ႕၊ ေစတီျပင္၊ ေအာင္စည္ကုန္း၊ ဆင္ခုန္းတိုင္ အျပင္ အျခားရြာတိုင္းမွာ ႐ွိေၾကာင္းနဲ႔ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ တရားဝင္စစ္ေဘးေ႐ွာင္စခန္းေတြ႐ွိၿပီး ဘုန္းေတာ္ၾကီးေက်ာင္းေတြမွာ ဖြင့္ထားတာျဖစ္ေၾကာင္း သိရပါတယ္။

” ရေသ့ေတာင္မွာက တရားဝင္ ဘုန္းႀကီးေက်ာင္းမွာေနတာေတြ၊ ဖြင့္ထားတာေတြ႐ွိတယ္။ ေဆြမ်ိဳးအသိေတြအိမ္မွာေနတာေတြလည္း႐ွိတယ္။ ေနာက္ထပ္ ေစတီျပင္၊ ဆင္ခုန္းတိုင္၊ ေအာင္စည္ကုန္းနဲ႔ နီးစပ္ရာရြာေတြမွာ ေနတာေတြလည္း႐ွိတယ္။ ဒါေတြကေတာ့ အတည္တက်မ႐ွိဘူး။ တစ္ေနရာမွာတိုက္ပြဲဖစ္ရင္ တစ္ေနရာကိုေျပးတယ္။ ျပန္လာတယ္။” လို႔ ေဒါခင္ေစာေဝက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ လာေရာက္ခိုလံွဳတဲ႔ တိုက္ပြဲေ႐ွာင္အမ်ားစုဟာ လက္႐ွိရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျပင္းထန္ေနတဲ႔ သမီးလွရြာေဟာင္း၊ သမီးလွရြာသစ္၊ အမ်ွက္ေတာင္ စတဲ႔ေက်းရြာေတြဖက္က လာေရာက္ခိုလံုၾကတာျဖစ္ေၾကာင္း ေဒသခံျပည္သူေတြက ေျပာပါတယ္။

လက္႐ွိရခိုင္ျပည္နယ္မွာ တိုက္ပြဲေ႐ွာင္ဦးေရဟာ ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ ျပည္နယ္တြင္းမွာ ၁သိန္း ႏွစ္ေသာင္းေက်ာ္႐ွိတယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေဒၚခင္ေစာေဝက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕ေပၚမွာ႐ွိတဲ႔ တိုက္ပြဲေ႐ွာင္ဦးေရ ၇ ေထာင္ေက်ာ္ထဲမွာ ရေသ့ေတာင္ၿမိဳ႕နယ္တစ္ခုတည္းက လာေရာက္ခိုလံွဳတာမ်ိဳးမဟုတ္ဘဲ ဘူးသီးေတာင္ၿမိဳ႕နယ္ရဲ႕ ေက်းရြာတခ်ိဳ႕က လာေရာက္ခိုလံုတာေတြ႐ွိေၾကာင္းနဲ႔ အခက္အခဲအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။
#voiceofmyanmar #VOM #ရေသ႕ေတာင္ #ရခိုင္စစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW