ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချောင်းသာကမ်းခြေကိုပိတ်ပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချောင်းသာကမ်းခြေကိုပိတ်ပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆို

ပုသိမ်၊ မတ် ၂၃-၂၀၂၀
ကိုအောင်(VOM)

ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာနေထိုင်တဲ့ ဒေသခံတွေဟာ ကမ်းခြေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပိတ်သိမ်းပေးဖို့ ဒီကနေ့မနက်ပိုင်းက တိုင်းအစိုးရအဖွဲ့ဆီကို လာရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့ဖြစ်ပွားနေချိန် ချောင်းသာကမ်းခြေကို ခရီးသွားတွေဝင်ရောက်မူတွေ အတွက်စိုးရိမ်နေပြီး ကမ်းခြေကိုပိတ်ပေးဖို့ နဲ့ မပိတ်ရင်လဲ ကျန်းမာရေးစောင့်ရှောက်မူ အပြည့်အဝပေးဖို့ တိုင်းအစိုးရကိုလာရောက်တင်ပြကြတာလဲဖြစ်တယ်လို့ သိရပါတယ်။

“ကျောင်းတွေပိတ်တော့ ခရီးသွားတွေများလာပြီ၊ ကိုရိုနာကူးစက်တဲ့လူပါလာရင် ဘယ်လိုလုပ်မလဲ၊ မပိတ်ရင်လဲ ချောင်းသာဆေးရုံမှာ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မူမရှိဘူး။ ဒါကြောင့် လာပြီးတင်ပြတာပါ”လို့တောင်းဆိုမှုကို ဦးဆောင်ပြုလုပ်တဲ့ ချောင်းသာဒေသခံ ဦးကျော်လွင်က ပြောပါတယ်။

ချောင်းသာဒေသခံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်တဲ့အတွက် အိမ်ထောင်စု (၁၇၀၀)နီးပါးနဲ့ လူဦးရေ ၂သောင်းနီးပါးက လတ်မှတ်ရေးထိုးပြီး လာရောက်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

“ပိတ်ဖို့ဆိုတာက ကျွန်တော်တို့က ဗဟိုအစိုးရကိုတင်ပြရမှာပါ။ မြန်မာနိင်ငံက ဟိုတယ်ဇုန်တွေ ပိတ်ဖို့ညွန်ကြားရင်တော့ ပိတ်ပေးပါ့မယ်၊ ခုလဲ ဧည့်သည်တွေကို ပုသိမ်ကြိုးတံတားဂိတ်နဲ့ ချောင်းသာမြို့ဝင်တွေမှာ စစ်ဆေးပေးနေပါတယ်”လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်ကပြောပါတယ်။

ချောင်းသာကမ်းခြေကို မတ်လ၂၃ရက်နေ့အထိ ခရီးသွားဝင်ရောက်မူ ပြည်တွင်းပြည်ပခရီးသွား ၅ထောင်နီးပါး ဝင်ရောက်မူရှိနေခဲ့ပြီး ဧရာဝတီတိုင်း၊ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတွေမှာ ဟိုတယ်(၇၂)လုံးနဲ့ တည်ခိုခန်း(၁၀၅)လုံးရှိတယ် လို့ တိုင်းအစိုးရရုံးကနေ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ချောင်းသာကမ်းခြေ #ပိတ်ပေးဖို့ #ဒေသခံတွေတောင်းဆို

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေခ်ာင္းသာကမ္းေျခကိုပိတ္ေပးဖို႔ ေဒသခံေတြက အစိုးရကိုေတာင္းဆို

ပုသိမ္၊ မတ္ ၂၃-၂၀၂၀
ကိုေအာင္(VOM)

ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာကမ္းေျခမွာေနထိုင္တဲ့ ေဒသခံေတြဟာ ကမ္းေျခကို ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ေၾကာင့္ ပိတ္သိမ္းေပးဖို႔ ဒီကေန႔မနက္ပိုင္းက တိုင္းအစိုးရအဖြဲ႔ဆီကို လာေရာက္ေတြ႕ဆုံၿပီး ေတာင္းဆိုခဲ့ၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻအႏွံ႔ျဖစ္ပြားေနခ်ိန္ ေခ်ာင္းသာကမ္းေျခကို ခရီးသြားေတြ၀င္ေရာက္မူေတြ အတြက္စိုးရိမ္ေနၿပီး ကမ္းေျခကိုပိတ္ေပးဖို႔ နဲ႔ မပိတ္ရင္လဲ က်န္းမာေရးေစာင့္ေရွာက္မူ အျပည့္အ၀ေပးဖို႔ တိုင္းအစိုးရကိုလာေရာက္တင္ျပၾကတာလဲျဖစ္တယ္လုိ႔ သိရပါတယ္။

“ေက်ာင္းေတြပိတ္ေတာ့ ခရီးသြားေတြမ်ားလာၿပီ၊ ကို႐ိုနာကူးစက္တဲ့လူပါလာရင္ ဘယ္လိုလုပ္မလဲ၊ မပိတ္ရင္လဲ ေခ်ာင္းသာေဆး႐ုံမွာ ထိေရာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မူမရွိဘူး။ ဒါေၾကာင့္ လာၿပီးတင္ျပတာပါ”လို႔ေတာင္းဆုိမွဳကို ဦးေဆာင္ျပဳလုပ္တဲ့ ေခ်ာင္းသာေဒသခံ ဦးေက်ာ္လြင္က ေျပာပါတယ္။

ေခ်ာင္းသာေဒသခံေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို စိုးရိမ္တဲ့အတြက္ အိမ္ေထာင္စု (၁၇၀၀)နီးပါးနဲ႔ လူဦးေရ ၂ေသာင္းနီးပါးက လတ္မွတ္ေရးထိုးၿပီး လာေရာက္တင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

“ပိတ္ဖို႔ဆိုတာက ကြၽန္ေတာ္တို႔က ဗဟိုအစိုးရကိုတင္ျပရမွာပါ။ ျမန္မာနိင္ငံက ဟိုတယ္ဇုန္ေတြ ပိတ္ဖို႔ၫြန္ၾကားရင္ေတာ့ ပိတ္ေပးပါ့မယ္၊ ခုလဲ ဧည့္သည္ေတြကို ပုသိမ္ႀကိဳးတံတားဂိတ္နဲ႔ ေခ်ာင္းသာၿမိဳ႕၀င္ေတြမွာ စစ္ေဆးေပးေနပါတယ္”လုိ႔ ဧရာ၀တီတိုင္းအစိုးရအဖြဲ႕ စည္ပင္၀န္ႀကီးဦးေက်ာ္ျမင့္ကေျပာပါတယ္။

ေခ်ာင္းသာကမ္းေျခကို မတ္လ၂၃ရက္ေန႔အထိ ခရီးသြား၀င္ေရာက္မူ ျပည္တြင္းျပည္ပခရီးသြား ၅ေထာင္နီးပါး ၀င္ေရာက္မူရွိေနခဲ့ၿပီး ဧရာ၀တီတိုင္း၊ ေခ်ာင္းသာနဲ႔ေငြေဆာင္ကမ္းေျခေတြမွာ ဟိုတယ္(၇၂)လုံးနဲ႔ တည္ခိုခန္း(၁၀၅)လုံးရွိတယ္ လို႔ တုိင္းအစိုးရရံုးကေန သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ေခ်ာင္းသာကမ္းေျခ #ပိတ္ေပးဖို႔ #ေဒသခံေတြေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW