ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချောင်းသာကမ်းခြေကိုပိတ်ပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချောင်းသာကမ်းခြေကိုပိတ်ပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆို ပုသိမ်၊ မတ် ၂၃-၂၀၂၀ ကိုအောင်(VOM) ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာနေထိုင်တဲ့ ဒေသခံတွေဟာ ကမ်းခြေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပိတ်သိမ်းပေးဖို့ ဒီကနေ့မနက်ပိုင်းက တိုင်းအစိုးရအဖွဲ့ဆီကို လာရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့ဖြစ်ပွားနေချိန် ချောင်းသာကမ်းခြေကို ခရီးသွားတွေဝင်ရောက်မူတွေ အတွက်စိုးရိမ်နေပြီး ကမ်းခြေကိုပိတ်ပေးဖို့ နဲ့ မပိတ်ရင်လဲ ကျန်းမာရေးစောင့်ရှောက်မူ အပြည့်အဝပေးဖို့ တိုင်းအစိုးရကိုလာရောက်တင်ပြကြတာလဲဖြစ်တယ်လို့ သိရပါတယ်။ “ကျောင်းတွေပိတ်တော့ ခရီးသွားတွေများလာပြီ၊ ကိုရိုနာကူးစက်တဲ့လူပါလာရင် ဘယ်လိုလုပ်မလဲ၊ မပိတ်ရင်လဲ ချောင်းသာဆေးရုံမှာ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မူမရှိဘူး။ ဒါကြောင့် လာပြီးတင်ပြတာပါ”လို့တောင်းဆိုမှုကို ဦးဆောင်ပြုလုပ်တဲ့ ချောင်းသာဒေသခံ ဦးကျော်လွင်က ပြောပါတယ်။ ချောင်းသာဒေသခံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်တဲ့အတွက် အိမ်ထောင်စု (၁၇၀၀)နီးပါးနဲ့ လူဦးရေ ၂သောင်းနီးပါးက လတ်မှတ်ရေးထိုးပြီး လာရောက်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ “ပိတ်ဖို့ဆိုတာက ကျွန်တော်တို့က ဗဟိုအစိုးရကိုတင်ပြရမှာပါ။ မြန်မာနိင်ငံက ဟိုတယ်ဇုန်တွေ ပိတ်ဖို့ညွန်ကြားရင်တော့…

Read More

မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ(၆)နာရီကစပြီး ဝင်ထွက်ခွင့်ပိတ်မယ်

မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ(၆)နာရီကစပြီး ဝင်ထွက်ခွင့်ပိတ်မယ် မြဝတီ၊ မတ် ၂၃-၂၀၂၀ သူရိန်(VOM) မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ (၆)နာရီကနေစတင်ပြီး မြန်မာလူမျိုးများနဲ့ မည်သူ့ကိုမှ ဝင်ထွက်ခွင့်ပိတ်တော့မှာဖြစ်တယ်လို့ မဲဆောက်အလုပ်သမားသံအရာရှိကပြောပါတယ်။ မြန်မာ – ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး တံတားအမှတ် (၂ )ကနေ ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း စက်ရုံများပိတ်သိမ်းမှုနဲ့ သင်္ကြန်ပိတ်ရက်များအတွက် နေရပ်ပြန်လုပ်သားများ အလုံးအရင်းနဲ့ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။ အခုလိုဝင်ေရောက်လာတဲ့အတွက် နယ်စပ်ဝင်ပေါက်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) တွင် ယာဉ်မောင်းတစ်ဦးပါတဲ့ ကုန်တင်ယာဉ် (၁)စီးကိုသာ ဖြတ်သန်းခွင့်ပေးမှာဖြစ်ပြီး အခြားမည်သည့်ယာဉ်ကိုမှ ဖြတ်သန်းခွင့်ပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ချစ်ကြည်ရေးတံတားကနေ ရွေ့ပြောင်းမြန်မာလုပ်သားတွေကို တစ်ဦးကို သုံးပေအကွာကနေ စနစ်တကျတန်းစီးပြီး လိုအပ်တဲ့စစ်ဆေးမှု‌တွေကို ပြုလုပ်ပေးနေသလို ကိုယ်ရေးအချက်အလက်တွေ တောင်းခံပြီး သက်ဆိုင်ရာဒေသကို ပြန်လည်ရောက်ရှိပါကလည်း ကျန်းမာရေးကောင်းမွန်တာမရှိလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးတွေကို…

Read More

ဗိုင်းရပ်စ်သံသယကြောင့် ဂျာမနီဝန်ကြီးချုပ် သီးခြားနေထိုင်၊ လူနှစ်ယောက်ထက်ပိုပြီး မစုဝေးဖို့ အမိန့်ထုတ်

ဗိုင်းရပ်စ်သံသယကြောင့် ဂျာမနီဝန်ကြီးချုပ် သီးခြားနေထိုင်၊ လူနှစ်ယောက်ထက်ပိုပြီး မစုဝေးဖို့ အမိန့်ထုတ် ဘာလင်၊ မတ် ၂၃-၂၀၂၀ မျိုးဆက် (VOM) ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးမှုကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် လူမှုရေးဆိုင်ရာ အပြန်အလှန်တွေ့ဆုံမှုတွေမှာ လူနှစ်ဦးထက် ပိုမိုမစုဝေးကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ မိမိတို့ရဲ့ အပြုအမူလုပ်ရပ်တွေဟာ ရောဂါကူးစက်မှုနှုန်း လျော့ကျစေဖို့အတွက် ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်အိန်ဂျလာမာကယ်က ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောကြားပါတယ်။ အခြားတားမြစ်ကန့်သတ်ချက်တွေမှာတော့ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်နဲ့ အနှိပ်ခန်းတွေ ပိတ်ပစ်ဖို့ပါဝင်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဈေးဆိုင်တွေကိုပါ ပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ ဝန်ကြီးချုပ်မာကယ်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သူမကိုယ်တိုင် သီးခြားခွဲနေမယ်လို့ ပြောဆိုပြီးနောက်ပိုင်းအချိန်မှာ နိုင်ငံအတွင်း တင်းကြပ်တဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သူမကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တစ်ဦးဟာ မတ်၂၀ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အသက်၆၅နှစ်အရွယ် ဝန်ကြီးချုပ်မာကယ်ဟာ လာမည့်ရက်အနည်းငယ်အတွင်း ပုံမှန်ဆေးစစ်မှုတွေပြုလုပ်သွားမှာဖြစ်တဲ့အပြင် အလုပ်ကိုလည်း နေအိမ်မှာပဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူမရဲ့ပြောရေးဆိုခွင့်ရှိသူက…

Read More

မင်းပြားမြို့နယ် တိုင်းဗဟို(၉) အနီး တပ်နဲ့အေအေတိုက်ပွဲပြင်းထန်၊ လေးကြောင်းတိုက်ခိုက်မှုရှိ

မင်းပြားမြို့နယ် တိုင်းဗဟို(၉) အနီး တပ်နဲ့အေအေတိုက်ပွဲပြင်းထန်ခဲ့ မင်းပြား၊ မတ် ၂၃ – ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ တိုင်းဗဟို(၉) လေ့ကျင့်ရေးသင်တန်းကျောင်းအနီးကို ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက် အေအေအဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ပြီး တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တပ်မတော်ဖက်ကလည်း လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ အနီးအနားက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “ဒီကနေ့မနက် မင်းပြားမြို့နယ်မှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေးကျောင်းကို အတင်းလာပြီးတိုက်တယ်၊ ခုခံတိုက်ခိုက်ခဲ့တယ်။ ၁၁နာရီလောက်မှာ အားလုံးအခြေအနေထိန်းနိုင်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်အကျအဆုံး အနည်းငယ်ရှိတယ်။ အေအေဘက်ကလည်း အလောင်း၊လက်နက်ရလိုက်တာရှိပါတယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးငယ်ပစ်ခတ်သံတွေကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” တိုက်ပွဲဖြစ်တာက မနက် (၅) နာရီကတည်းက ဖြစ်နေတာ။ အခုအချိန်ထိ လေယာဉ်တွေနဲ့ပစ်တုန်းပဲ။ ရဟတ်ယာဉ်နှစ်စီးနဲ့…

Read More

တရားမဝင်ကျောက်စိမ်းတူးနေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို ဖမ်းဆီးအရေးယူ

တရားမဝင်ကျောက်စိမ်းတူးနေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို ဖမ်းဆီးအရေးယူ ဖားကန့်၊ မတ်၂၃-၂ဝ၂ဝ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-လုံးခင်းရတနာနယ်မြေမှာ မနေ့မတ်လ ၂၂ နေ့က တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ် ။ ဖမ်းဆီးခံခဲ့ရတဲ့ ကုမ္မဏီဟာ ဖားကန့်-လုံးခင်းရတနာနယ်မြေ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး လုပ်ကွက်အမှတ် သ/မ (၃၇၅) လုပ်ကွက်မှာ တရားမဝင် ကျောက်စိမ်းတူးဖော်နေခဲ့တယ်လို့ သိရပါတယ်။ ” ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်တယ်ဆိုတာ ကျနော်တို့ရွာသားတွေအကုန်လုံးသိတာပဲ။ သက်တမ်းကုန်လို့ အရင်တူးတဲ့ကုမ္မဏီက ထွက်သွားပြီလေ ။ နောက်ဘယ်ကုမ္မဏီလား ဘာလားမသိဘူး လာတူးနေတာလေ။ ညညဆို ပွဲတော်ကျနေတာပဲ။ ဘယ်ရဲ ဘယ်စစ်တပ်မှ လာဖမ်းတာ မတွေ့ဘူး ” လို့ မက်လင်ချောင် ကျေးရွာသားတဦးကပြောပါတယ် ။ အဲ့ဒီလုပ်ကွက်ဟာ အရင်က နေလပွင့် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီရဲ့ လုပ်ကွက်ဖြစ်ပြီး ၂ဝ၂ဝခုနှစ်…

Read More
VOM News

FREE
VIEW