တရားမဝင်ကျောက်စိမ်းတူးနေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို ဖမ်းဆီးအရေးယူ

တရားမဝင်ကျောက်စိမ်းတူးနေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို ဖမ်းဆီးအရေးယူ

ဖားကန့်၊ မတ်၂၃-၂ဝ၂ဝ
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-လုံးခင်းရတနာနယ်မြေမှာ မနေ့မတ်လ ၂၂ နေ့က တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္မဏီကို မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ် ။

ဖမ်းဆီးခံခဲ့ရတဲ့ ကုမ္မဏီဟာ ဖားကန့်-လုံးခင်းရတနာနယ်မြေ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး လုပ်ကွက်အမှတ် သ/မ (၃၇၅) လုပ်ကွက်မှာ တရားမဝင် ကျောက်စိမ်းတူးဖော်နေခဲ့တယ်လို့ သိရပါတယ်။

” ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်တယ်ဆိုတာ ကျနော်တို့ရွာသားတွေအကုန်လုံးသိတာပဲ။ သက်တမ်းကုန်လို့ အရင်တူးတဲ့ကုမ္မဏီက ထွက်သွားပြီလေ ။ နောက်ဘယ်ကုမ္မဏီလား ဘာလားမသိဘူး လာတူးနေတာလေ။ ညညဆို ပွဲတော်ကျနေတာပဲ။ ဘယ်ရဲ ဘယ်စစ်တပ်မှ လာဖမ်းတာ မတွေ့ဘူး ” လို့ မက်လင်ချောင် ကျေးရွာသားတဦးကပြောပါတယ် ။

အဲ့ဒီလုပ်ကွက်ဟာ အရင်က နေလပွင့် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီရဲ့ လုပ်ကွက်ဖြစ်ပြီး ၂ဝ၂ဝခုနှစ် မတ်လ ၅ ရက်နေ့မှာ လုပ်ကွက်သက်တမ်း ကုန်ဆုံးခဲ့တာလို့ ရဲမှတ်တမ်းအရသိရပါတယ်။

သက်တမ်းကုန်တဲ့လုပ်ကွက်ပေါ်မှာ ကျောက်စိမ်းသစ်ရွက် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီမှ ကြီးကြပ်သူအပါအဝင် အမျိုးသား(၅)ဦးဟာ ဘက်ဟိုး(၂)စီး ၊ မြေသယ်ယဉ် (၂)စီးနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့အတွက် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ ရဲတပ်ဖွဲ့အင်အား (၃ဝ) ဖမ်းဆီးခဲ့တယ်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ် ။

တရားမဝင်ကျောက်စိမ်းတူးတဲ့ ကုမ္မဏီဝန်ထမ်း (၅)ဦးနဲ့ စက်ယန္တယားတွေကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅ဝ(ခ) နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဖားကန့်-လုံးခင်းရတနာနယ်မြေအတွင်းမှာ ကျောက်စိမ်းလုပ်ကွက်တွေကို ၂ဝ၁၆ ဧပြီလကတည်းက သက်တမ်းတိုးပေးတာတွေ ၊ လုပ်ကွက်လိုင်စင် အသစ်ချထားပေးတာတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

၂ဝ၂ဝခုနှစ်၊ မတ်လအထိ သက်တမ်းရှိတဲ့ ကျောက်မျက်လုပ်ကွက်အနည်းငယ်သာ ကျန်ရှိနေတာ ဖြစ်ပြီး ကျောက်မျက်လုပ်ကွက်အများစုဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပေမယ့်လည်း ကျောက်စိမ်းတူးဖော်မှုတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောဆိုနေကြပါတယ် ။

တရားမဝင်ကျောက်စိမ်းတူးဖော်တွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းလွန်းနေတဲ့အကြောင်းကို NLD ပါတီဝင် လူငယ်တစ်ဦးက “ခိုးတူးတာတွေက မှော်တိုင်းမှာ လက်ညိုးထိုးမလွဲဘူး ဗျ ၊ ဖမ်းတာက မဖြစ်စလောက်ပဲဖမ်းတာဆိုတော့ ခိုးတူးတာက ဘယ်လိုမှ မပျောက်နိုင်ဘူး ” လို့ ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်တာတွေနဲ့ပတ်သက်ပြီး ၂ဝ၂ဝခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့ကလည်း ဘက်ဟိုး (၁ဝ)စီး၊ မြေသယ်ယဉ် (၅)စီးနဲ့ လူ(၁၆)ယောက် ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅ဝ(ခ) နဲ့ ပထမအကြိမ် အမှုဖွင့်အရေးယူခဲ့မှု တစ်ကြိမ်သာရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ဖားကန့် #တရားမဝင်ကျောက်စိမ်းတူး #ကုမ္ပဏီကိုအရေးယူ

Zawgyi

တရားမဝင္ေက်ာက္စိမ္းတူးေနတဲ့ ေက်ာက္စိမ္းသစ္႐ြက္ကုမၼဏီကို ဖမ္းဆီးအေရးယူ

ဖားကန႔္၊ မတ္၂၃-၂ဝ၂ဝ
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဖားကန႔္-လုံးခင္းရတနာနယ္ေျမမွာ မေန႔မတ္လ ၂၂ ေန႔က တရားမဝင္ေက်ာက္စိမ္းတူးေဖာ္ေနတဲ့ ေက်ာက္စိမ္းသစ္႐ြက္ကုမၼဏီကို မိုးညႇင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉးဦးေဆာင္တဲ့အဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္ ။

ဖမ္းဆီးခံခဲ့ရတဲ့ ကုမၼဏီဟာ ဖားကန႔္-လုံးခင္းရတနာနယ္ေျမ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု နမ့္ေမွာ္ေက်း႐ြာအနီး လုပ္ကြက္အမွတ္ သ/မ (၃၇၅) လုပ္ကြက္မွာ တရားမဝင္ ေက်ာက္စိမ္းတူးေဖာ္ေနခဲ့တယ္လို႔ သိရပါတယ္။

” ဘယ္လုပ္ကြက္ေတြ သက္တမ္းကုန္တယ္ဆိုတာ က်ေနာ္တို႔႐ြာသားေတြအကုန္လုံးသိတာပဲ။ သက္တမ္းကုန္လို႔ အရင္တူးတဲ့ကုမၼဏီက ထြက္သြားၿပီေလ ။ ေနာက္ဘယ္ကုမၼဏီလား ဘာလားမသိဘူး လာတူးေနတာေလ။ ညညဆို ပြဲေတာ္က်ေနတာပဲ။ ဘယ္ရဲ ဘယ္စစ္တပ္မွ လာဖမ္းတာ မေတြ႕ဘူး ” လို႔ မက္လင္ေခ်ာင္ ေက်း႐ြာသားတဦးကေျပာပါတယ္ ။

အဲ့ဒီလုပ္ကြက္ဟာ အရင္က ေနလပြင့္ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၼဏီရဲ႕ လုပ္ကြက္ျဖစ္ၿပီး ၂ဝ၂ဝခုႏွစ္ မတ္လ ၅ ရက္ေန႔မွာ လုပ္ကြက္သက္တမ္း ကုန္ဆုံးခဲ့တာလို႔ ရဲမွတ္တမ္းအရသိရပါတယ္။

သက္တမ္းကုန္တဲ့လုပ္ကြက္ေပၚမွာ ေက်ာက္စိမ္းသစ္႐ြက္ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၼဏီမွ ႀကီးၾကပ္သူအပါအဝင္ အမ်ိဳးသား(၅)ဦးဟာ ဘက္ဟိုး(၂)စီး ၊ ေျမသယ္ယဥ္ (၂)စီးနဲ႔ တရားမဝင္ေက်ာက္စိမ္းတူးေဖာ္ေနတဲ့အတြက္ မိုးညႇင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉးဦးစီးတဲ့ ရဲတပ္ဖြဲ႕အင္အား (၃ဝ) ဖမ္းဆီးခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္ ။

တရားမဝင္ေက်ာက္စိမ္းတူးတဲ့ ကုမၼဏီဝန္ထမ္း (၅)ဦးနဲ႔ စက္ယႏၲယားေတြကို ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒပုဒ္မ ၅ဝ(ခ) နဲ႔ ဖားကန႔္ၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ထားတာျဖစ္ပါတယ္။

ဖားကန႔္-လုံးခင္းရတနာနယ္ေျမအတြင္းမွာ ေက်ာက္စိမ္းလုပ္ကြက္ေတြကို ၂ဝ၁၆ ဧၿပီလကတည္းက သက္တမ္းတိုးေပးတာေတြ ၊ လုပ္ကြက္လိုင္စင္ အသစ္ခ်ထားေပးတာေတြကို ရပ္ဆိုင္းခဲ့တာ ျဖစ္ပါတယ္။

၂ဝ၂ဝခုႏွစ္၊ မတ္လအထိ သက္တမ္းရွိတဲ့ ေက်ာက္မ်က္လုပ္ကြက္အနည္းငယ္သာ က်န္ရွိေနတာ ျဖစ္ၿပီး ေက်ာက္မ်က္လုပ္ကြက္အမ်ားစုဟာ သက္တမ္းကုန္ဆုံးေနၿပီျဖစ္ေပမယ့္လည္း ေက်ာက္စိမ္းတူးေဖာ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနၾကတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူ ေဒသခံေတြက ေျပာဆိုေနၾကပါတယ္ ။

တရားမဝင္ေက်ာက္စိမ္းတူးေဖာ္ေတြနဲ႔ပတ္သက္ၿပီး အေရးယူမႈေတြ အားနည္းလြန္းေနတဲ့အေၾကာင္းကို NLD ပါတီဝင္ လူငယ္တစ္ဦးက “ခိုးတူးတာေတြက ေမွာ္တိုင္းမွာ လက္ညိဳးထိုးမလြဲဘူး ဗ် ၊ ဖမ္းတာက မျဖစ္စေလာက္ပဲဖမ္းတာဆိုေတာ့ ခိုးတူးတာက ဘယ္လိုမွ မေပ်ာက္ႏိုင္ဘူး ” လို႔ ေျပာပါတယ္။

တရားမဝင္ေက်ာက္စိမ္းတူးေဖာ္တာေတြနဲ႔ပတ္သက္ၿပီး ၂ဝ၂ဝခုႏွစ္၊ ဇန္နဝါရီ ၁ရက္ေန႔ကလည္း ဘက္ဟိုး (၁ဝ)စီး၊ ေျမသယ္ယဥ္ (၅)စီးနဲ႔ လူ(၁၆)ေယာက္ ကို ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒ ပုဒ္မ ၅ဝ(ခ) နဲ႔ ပထမအႀကိမ္ အမႈဖြင့္အေရးယူခဲ့မႈ တစ္ႀကိမ္သာရွိခဲ့ပါတယ္။

#VOM #voiceofmyanmar #ဖားကန႔္ #တရားမဝင္ေက်ာက္စိမ္းတူး #ကုမၸဏီကိုအေရးယူ

Related posts

Leave a Comment

VOM News

FREE
VIEW