မင်းပြားမြို့နယ် တိုင်းဗဟို(၉) အနီး တပ်နဲ့အေအေတိုက်ပွဲပြင်းထန်၊ လေးကြောင်းတိုက်ခိုက်မှုရှိ

မင်းပြားမြို့နယ် တိုင်းဗဟို(၉) အနီး တပ်နဲ့အေအေတိုက်ပွဲပြင်းထန်ခဲ့

မင်းပြား၊ မတ် ၂၃ – ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ တိုင်းဗဟို(၉) လေ့ကျင့်ရေးသင်တန်းကျောင်းအနီးကို ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက် အေအေအဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ပြီး တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်ဖက်ကလည်း လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ အနီးအနားက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဒီကနေ့မနက် မင်းပြားမြို့နယ်မှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေးကျောင်းကို အတင်းလာပြီးတိုက်တယ်၊ ခုခံတိုက်ခိုက်ခဲ့တယ်။ ၁၁နာရီလောက်မှာ အားလုံးအခြေအနေထိန်းနိုင်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်အကျအဆုံး အနည်းငယ်ရှိတယ်။ အေအေဘက်ကလည်း အလောင်း၊လက်နက်ရလိုက်တာရှိပါတယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးငယ်ပစ်ခတ်သံတွေကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲဖြစ်တာက မနက် (၅) နာရီကတည်းက ဖြစ်နေတာ။ အခုအချိန်ထိ လေယာဉ်တွေနဲ့ပစ်တုန်းပဲ။ ရဟတ်ယာဉ်နှစ်စီးနဲ့ တိုက်လေယာဉ်နှစ်စီး နဲ့ပစ်ခတ်နေတာကို တွေ့ရပါတယ်။ နောက်ထပ်အခြေအနေတွေက ဘယ်လိုဖြစ်နေလဲဆိုတာ အတိအကျမသိသေးဘူး။” လို့ မင်းပြားမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” တိုက်ပွဲဖစ်တာတော့ကြားတယ်။ အဲဒီ ကမ်းနီ(တိုင်းဗဟို (၉) နဲ့ဝေးတယ်။ ပစ်ခတ်သံတွေတော့ မကြားရဘူး။ ကျိန်းတောင်က လက်နက်ကြီးပစ်တာတော့ ရပ်သွားတယ်။” လို့ ပြောပါတယ်။

#VOM #voiceofmyanmar #မင်းပြား #တပ်မတော် #အေအေ #တိုက်ပွဲပြင်းထန်

Zawgyi

မင္းျပားၿမိဳ႕နယ္ တိုင္းဗဟို(၉) အနီး တပ္နဲ႔ေအေအတိုက္ပြဲျပင္းထန္ခဲ့

မင္းျပား၊ မတ္ ၂၃ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ တိုင္းဗဟို(၉) ေလ့က်င့္ေရးသင္တန္းေက်ာင္းအနီးကို ဒီကေန႔ မနက္ပိုင္း ၅ နာရီေလာက္ ေအေအအဖြဲ႔ကေန ဝင္ေရာက္တိုက္ခိုက္ၿပီး တပ္မေတာ္နဲ႔ တိုက္ပြဲျပင္းထန္းေနတယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။

တပ္မေတာ္ဖက္ကလည္း ေလေၾကာင္းကေန ရဟတ္ယာဥ္နဲ႔ ဂ်က္တိုက္ေလယာဥ္ေတြပါ အသံုးျပဳတိုက္ခိုက္ေနတယ္လုိ႔ အနီးအနားက ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

“ဒီကေန႔မနက္္ မင္းျပားၿမိဳ႕နယ္မွာရိွတဲ့ တပ္မေတာ္ေလ့က်င့္ေရးေက်ာင္းကို အတင္းလာၿပီးတိုက္တယ္၊ ခုခံတုိက္ခိုက္ခဲ့တယ္။ ၁၁နာရီေလာက္မွာ အားလံုးအေျခအေနထိန္းႏုိင္တယ္။ ကၽြန္ေတာ္တို႔ဘက္က ထိခိုက္အက်အဆံုး အနည္းငယ္ရိွတယ္။ ေအေအဘက္ကလည္း အေလာင္း၊လက္နက္ရလိုက္တာရိွပါတယ္”လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ေလေၾကာင္းပစ္ကူတိုက္ခိုက္မႈေတြနဲ႔ လက္နက္ႀကီးငယ္ပစ္ခတ္သံေတြၾကားေနရဆဲျဖစ္တယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။

” တိုက္ပြဲျဖစ္တာက မနက္ (၅) နာရီကတည္းက ျဖစ္ေနတာ။ အခုအခ်ိန္ထိ ေလယာဥ္ေတြနဲ႔ပစ္တုန္းပဲ။ ရဟတ္ယာဥ္ႏွစ္စီးနဲ႔ တိုက္ေလယာဥ္ႏွစ္စီး နဲ႔ပစ္ခတ္ေနတာကို ေတြ႔ရပါတယ္။ ေနာက္ထပ္အေျခအေနေတြက ဘယ္လိုျဖစ္ေနလဲဆိုတာ အတိအက်မသိေသးဘူး။” လို႔ မင္းျပားၿမိဳ႕ ေဒသခံတစ္ဦးကေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” တိုက္ပြဲဖစ္တာေတာ့ၾကားတယ္။ အဲဒီ ကမ္းနီ(တိုင္းဗဟို (၉) နဲ႔ေဝးတယ္။ ပစ္ခတ္သံေတြေတာ့ မၾကားရဘူး။ က်ိန္းေတာင္က လက္နက္ႀကီးပစ္တာေတာ့ ရပ္သြားတယ္။” လို႔ ေျပာပါတယ္။

#VOM #voiceofmyanmar #မင္းျပား #တပ္မေတာ္ #ေအေအ #တိုက္ပြဲျပင္းထန္

Related posts

Leave a Comment

VOM News

FREE
VIEW