ALP တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွား

ALP တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွား

တောင်ကုတ်၊ ဇွန် ၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွားတယ်လို့ ALPပြောခွင့်ရသူ ဗိုလ်မှူးကြီး ခိုင်စိုးမြကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်မှာနေထိုင်တဲ့ ALP တပ်ဖွဲ့ဝင် ခိုင်ဝင်းလှိုင်ကို ဖမ်းဆီးသွားပြီး မေလ ၂၃ ရက်နေ့မှာတော့ ပေါက်တောမြို့နယ် ရဗက်ချိုင်ကျေးရွာက ALP တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကို AAအဖွဲ့ဝင် ၁၅ ဦးလောက်က လာရောက်ဖမ်းဆီးသွားကြောင်း ALP ကပြောပါတယ်။

AA အဖွဲ့က ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လည်လွှတ်မြောက်ရေးအတွက် ကြားခံလူကနေတဆင့် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပေမယ့် ယခုအချိန်ထိ အရာမထင်ခဲ့ဘူးလို့ ALP ကပြောပါတယ်။

ALP သတင်းနဲ့ပြန်ကြားရေးက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြပြောပြတာက” အေအေက တပ်မှူးတစ်ယောက်ရယ်၊ အခြား တပ်သား ၁၀ ယောက်လောက်နဲ့ ရဗက်ချိုင်ရွာက ၅ ယောက် အားလုံး ၁၅ ယောက်လောက်က ကျနော်တို့ ALP တပ်ဖွဲ့ဝင်နှစ်ယောက်ကို မေလ ၂၃ ရက်ကနေ လာပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ အဲ့ဒီလိုဖမ်းသွားတော့ ကြားခံလူကနေတဆင့် ကျနော်တို့ကြိုးစားပါတယ်။ ဒါပေမယ့် ဒီနေ့ထိ ကျနော်တို့ရဲဘော်တွေ မလွှတ်မြောက်နိုင်သေးဘူး။ ၃၀ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်မှာ ကျနော်တို့ရဲ့ပါတီဝင်ခိုင်ဝင်းလှိုင်ကို ဆက်တိုက်ဖမ်းတယ်ဆိုတော့ ကျနော်တို့ရဲ့ ကြိုးစားမှုက အောင်မြင်မှုမရှိဘူး။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း ALPက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီ ကြေညာချက်ကို ထုတ်ပြန်ရတာဟာလည်း အခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ALPဖက်က ကြေညာချက်ထုတ်သင့်မထုတ်သင့်ကို အများကြီးစဉ်စားခဲ့တယ်လို့ ALP ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

ပေါက်တောမြို့နယ်၊ ရဗက်ချိုင်ကျေးရွာဖက်ဟာ အေအေရဲ့ အုပ်ချုပ်ရေးနယ်မြေဆိုပြီး အေအေဖက်က ပြောလာကြောင်းနဲ့ အခုလို တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးတာဟာ အေအေအဖွဲ့ရဲ့ အုပ်ချုပ်ရေးနယ်မြေမှာ ALP တပ်ဖွဲ့ဝင်တွေ လာရောက်နေထိုင်တာကို မနှစ်မြို့တဲ့အတွက်ကြောင့် အေအေဖက်က ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ALP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက” အေအေဖက်က ပြောတာကတော့ သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ALP တပ်ဖွဲ့ဝင်တွေလာနေတာကို သဘောမကျတဲ့ပုံစံမျိုး ပြောပါတယ်။ ကျနော်တို့ကတော့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့အချင်းချင်း အခုလိုမဖြစ်သင့်ဘူးလို့ရှုမြင်ပါတယ်။ ပြီးတော့ ကျနော်တို့ပြောချင်တာက အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီးတော့ သွားသင့်တယ်။ ပါတီ စိတ်ဓာတ်ကိုအခြေမခံသင့်ဘူး။ သူ့ပါတီဟိုဟာဖြစ်ရေး၊ ကိုယ့်ပါတီ ဟိုဟာဖြစ်ရေး ဆိုတာထက် အမျိုးသားရေးကိုရှေးရှုပြီးသွား သင့်တယ်။ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေလွှတ်မြောက်ရေးအတွက် တောင်းဆိုထားတယ်၊ လွှတ်ပေးရေး မလွှတ်ပေးရေးက အေအေ အပေါ်မှာပဲမူတည်နေ” လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် ALP ပါတီဝင် ခိုင်ဝင်းလှိုင်နဲ့ ပတ်သက်ပြီးလည်း ဆိုင်ကယ်ခြောက်စီးနဲ့ လူ ၆ ယောက်က ဗမာစကားပြောပြီး အိမ်ပေါ်ကဆင်းဖို့၊ စစ်ဆေးစရာရှိတယ်လို့ ပြောကြောင်းနဲ့ ခိုင်ဝင်းလှိုင်အိမ်ပေါ်က ဆင်းလာတဲ့အခါ ရခိုင်စကားပြောပြီး စစ်ဆေးမေးမြန်းစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားကြောင်း ခိုင်ဝင်းလှိုင်ရဲ့ ဇနီးဖြစ်သူ ပြောပြတဲ့စကားကို ကိုးကားပြီး ဗိုလ်မှူးကြီး စိုးမြခိုင်က VOM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းဆိုတဲ့ အဖွဲ့တစ်ခုကကြေညာချက်မှာတော့ အများအကျိုးကို နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ခိုင်ဝင်းလှိုင်ကို အဲ့ဒီ နေ့ညနေပိုင်း ခေါင်းရောင်း၊ ခေါင်းဝယ်စနစ်နဲ့ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အေအေနဲ့ ALP ရဲ့ အခုလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုး ပြောပြတာကတော့ ” ကျနော်တို့ မြန်မာနိုင်ငံမှာက တိုင်းရင်းသားလက်နက်ကိုင်းအချင်းချင်း အခုလိုမျိုးဖြစ်တာ အခုမှမဟုတ်ပါဘူး။ အရင်တုန်းကလည်း ဗကပ နဲ့ အလံနီတွေနဲ့ဖြစ်တာရှိတယ်။ တိုင်းရင်သားအချင်းချင်းလည်း မောက်မယ်တို့၊ ဆီဆိုင်တို့ဖက်မှာ ဖြစ်တာတွေရှိတယ်။ ရခိုင်မှာဆိုရင်လည်း ဒီအေအေနဲ့ ALP ရဲ့ပြဿနာက အခုမှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ALP ရဲ့ဌာနချုပ်ကို အေအေက ဝင်သိမ်းတယ်ဆိုပြီး သတင်းတွေထွက်တယ်။ ဒါတွေကတော့ အထူးဆန်းမဟုတ်ပါဘူး။ ညှိနှိုင်းရင်အဆင်ပြေသွားမှာပါ။” လို့ ပြောပါတယ်။

အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က စတင်တည်ထောင်တာဖြစ်ပြီး ၂၀၁၆ ခုနှစ်နှောင်းပိုင်းကနေစတင်ကာ တပ်မတော်နဲ့ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်ပွားခဲ့တဲ့အပြင် အခု ၂၀၂၀ ခုနှစ်မှာတော့ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုဟာ ပိုမိုကြီးထွားလာနေပါတယ်။

ALP ကို ၁၉၆၇ ခုနှစ်က ကရင်ပြည်နယ်အတွင်း တည်ထောင်တာဖြစ်ပြီး ယခုလက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အေအေ ဖက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိပါဘူး။

#voiceofmyanmar #VOM #တောင်ကုတ်

Zawgyi

ALP တပ္ဖြဲ႕ဝင္(၃)ဦးကို ေအေအက ဖမ္းဆီးသြား

ေတာင္ကုတ္၊ ဇြန္ ၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)မွာ လက္မွတ္ထိုးထားတဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ/ ရခိုင္လြတ္ေျမာက္ေရးတပ္မေတာ္ (ALP/ALA) တပ္ဖြဲ႕ဝင္(၃)ဦးကို ေအေအက ဖမ္းဆီးသြားတယ္လုိ႔ ALPေျပာခြင့္ရသူ ဗိုလ္မႉးႀကီး ခိုင္စိုးျမကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔က ေတာင္ကုတ္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ALP တပ္ဖြဲ႕ဝင္ ခိုင္ဝင္းလႈိင္ကို ဖမ္းဆီးသြားၿပီး ေမလ ၂၃ ရက္ေန႔မွာေတာ့ ေပါက္ေတာၿမိဳ႕နယ္ ရဗက္ခ်ိဳင္ေက်း႐ြာက ALP တပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့ ခိုင္ေမာင္ခင္ဝင္းနဲ႔ ခိုင္ေမာင္လုံးတို႔ကို AAအဖြဲ႕ဝင္ ၁၅ ဦးေလာက္က လာေရာက္ဖမ္းဆီးသြားေၾကာင္း ALP ကေျပာပါတယ္။

AA အဖြဲ႕က ဖမ္းဆီးသြားတဲ့သူေတြကို ျပန္လည္လႊတ္ေျမာက္ေရးအတြက္ ၾကားခံလူကေနတဆင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြလုပ္ခဲ့ေပမယ့္ ယခုအခ်ိန္ထိ အရာမထင္ခဲ့ဘူးလို႔ ALP ကေျပာပါတယ္။

ALP သတင္းနဲ႔ျပန္ၾကားေရးက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ခိုင္စိုးျမေျပာျပတာက” ေအေအက တပ္မႉးတစ္ေယာက္ရယ္၊ အျခား တပ္သား ၁၀ ေယာက္ေလာက္နဲ႔ ရဗက္ခ်ိဳင္႐ြာက ၅ ေယာက္ အားလုံး ၁၅ ေယာက္ေလာက္က က်ေနာ္တို႔ ALP တပ္ဖြဲ႕ဝင္ႏွစ္ေယာက္ကို ေမလ ၂၃ ရက္ကေန လာၿပီးေတာ့ စစ္ေဆးစရာရွိတယ္ဆိုၿပီး ဖမ္းသြားတယ္။ အဲ့ဒီလိုဖမ္းသြားေတာ့ ၾကားခံလူကေနတဆင့္ က်ေနာ္တို႔ႀကိဳးစားပါတယ္။ ဒါေပမယ့္ ဒီေန႔ထိ က်ေနာ္တို႔ရဲေဘာ္ေတြ မလႊတ္ေျမာက္ႏိုင္ေသးဘူး။ ၃၀ ရက္ေန႔ကလည္း ေတာင္ကုတ္ၿမိဳ႕နယ္မွာ က်ေနာ္တို႔ရဲ႕ပါတီဝင္ခိုင္ဝင္းလႈိင္ကို ဆက္တိုက္ဖမ္းတယ္ဆိုေတာ့ က်ေနာ္တို႔ရဲ႕ ႀကိဳးစားမႈက ေအာင္ျမင္မႈမရွိဘူး။” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁ ရက္ေန႔ကလည္း ALPက ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး အဲ့ဒီ ေၾကညာခ်က္ကို ထုတ္ျပန္ရတာဟာလည္း အခုလိုဖမ္းဆီးခံရတာနဲ႔ ပတ္သက္ၿပီး ALPဖက္က ေၾကညာခ်က္ထုတ္သင့္မထုတ္သင့္ကို အမ်ားႀကီးစဥ္စားခဲ့တယ္လုိ႔ ALP ေျပာေရးဆိုခြင့္ရွိသူ ကေျပာပါတယ္။

ေပါက္ေတာၿမိဳ႕နယ္၊ ရဗက္ခ်ိဳင္ေက်း႐ြာဖက္ဟာ ေအေအရဲ႕ အုပ္ခ်ဳပ္ေရးနယ္ေျမဆိုၿပီး ေအေအဖက္က ေျပာလာေၾကာင္းနဲ႔ အခုလို တပ္ဖြဲ႕ဝင္ႏွစ္ဦးကို ဖမ္းဆီးတာဟာ ေအေအအဖြဲ႕ရဲ႕ အုပ္ခ်ဳပ္ေရးနယ္ေျမမွာ ALP တပ္ဖြဲ႕ဝင္ေတြ လာေရာက္ေနထိုင္တာကို မႏွစ္ၿမိဳ႕တဲ့အတြက္ေၾကာင့္ ေအေအဖက္က ျပဳလုပ္တာျဖစ္တယ္လို႔ သိရပါတယ္။

ဆက္လက္ၿပီး ALP ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ခိုင္စိုးျမက” ေအေအဖက္က ေျပာတာကေတာ့ သူတို႔ရဲ႕ အုပ္ခ်ဳပ္ေရးနယ္ေျမထဲမွာ ALP တပ္ဖြဲ႕ဝင္ေတြလာေနတာကို သေဘာမက်တဲ့ပုံစံမ်ိဳး ေျပာပါတယ္။ က်ေနာ္တို႔ကေတာ့ အထူးပဲ စိတ္မေကာင္းျဖစ္ရပါတယ္။ က်ေနာ္တို႔အခ်င္းခ်င္း အခုလိုမျဖစ္သင့္ဘူးလို႔ရႈျမင္ပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ေျပာခ်င္တာက အမ်ိဳးသားေရးစိတ္ဓာတ္ကို အေျခခံၿပီးေတာ့ သြားသင့္တယ္။ ပါတီ စိတ္ဓာတ္ကိုအေျခမခံသင့္ဘူး။ သူ႔ပါတီဟိုဟာျဖစ္ေရး၊ ကိုယ့္ပါတီ ဟိုဟာျဖစ္ေရး ဆိုတာထက္ အမ်ိဳးသားေရးကိုေရွးရႈၿပီးသြား သင့္တယ္။ မိမိတို႔ရဲ႕ တပ္ဖြဲ႕ဝင္ေတြလႊတ္ေျမာက္ေရးအတြက္ ေတာင္းဆိုထားတယ္၊ လႊတ္ေပးေရး မလႊတ္ေပးေရးက ေအေအ အေပၚမွာပဲမူတည္ေန” လို႔ ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ALP ပါတီဝင္ ခိုင္ဝင္းလႈိင္နဲ႔ ပတ္သက္ၿပီးလည္း ဆိုင္ကယ္ေျခာက္စီးနဲ႔ လူ ၆ ေယာက္က ဗမာစကားေျပာၿပီး အိမ္ေပၚကဆင္းဖို႔၊ စစ္ေဆးစရာရွိတယ္လို႔ ေျပာေၾကာင္းနဲ႔ ခိုင္ဝင္းလႈိင္အိမ္ေပၚက ဆင္းလာတဲ့အခါ ရခိုင္စကားေျပာၿပီး စစ္ေဆးေမးျမန္းစရာရွိတယ္လို႔ဆိုကာ ေခၚေဆာင္သြားေၾကာင္း ခိုင္ဝင္းလႈိင္ရဲ႕ ဇနီးျဖစ္သူ ေျပာျပတဲ့စကားကို ကိုးကားၿပီး ဗိုလ္မႉးႀကီး စိုးျမခိုင္က VOM ကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁ ရက္ေန႔ကလည္း ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရး အဖြဲ႕အစည္းဆ္ိုတဲ့ အဖြဲ႕တစ္ခုကေၾကညာခ်က္မွာေတာ့ အမ်ားအက်ိဳးကို နစ္နာဆုံးရႈံးေစရန္ ရည္႐ြယ္လုပ္ေဆာင္ခဲ့တဲ့ ခိုင္ဝင္းလႈိင္ကို အဲ့ဒီ ေန႔ညေနပိုင္း ေခါင္းေရာင္း၊ ေခါင္းဝယ္စနစ္နဲ႔ သုတ္သင္လိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေအေအနဲ႔ ALP ရဲ႕ အခုလိုဖမ္းဆီးမႈေတြနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားအေရးေလ့လာသုံးသပ္သူ စာေရးဆရာဦးေမာင္ေမာင္စိုး ေျပာျပတာကေတာ့ ” က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာက တိုင္းရင္းသားလက္နက္ကိုင္းအခ်င္းခ်င္း အခုလိုမ်ိဳးျဖစ္တာ အခုမွမဟုတ္ပါဘူး။ အရင္တုန္းကလည္း ဗကပ နဲ႔ အလံနီေတြနဲ႔ျဖစ္တာရွိတယ္။ တိုင္းရင္သားအခ်င္းခ်င္းလည္း ေမာက္မယ္တို႔၊ ဆီဆိုင္တို႔ဖက္မွာ ျဖစ္တာေတြရွိတယ္။ ရခိုင္မွာဆိုရင္လည္း ဒီေအေအနဲ႔ ALP ရဲ႕ျပႆနာက အခုမွမဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၃ ႏွစ္ေလာက္ကတည္းက ALP ရဲ႕ဌာနခ်ဳပ္ကို ေအေအက ဝင္သိမ္းတယ္ဆိုၿပီး သတင္းေတြထြက္တယ္။ ဒါေတြကေတာ့ အထူးဆန္းမဟုတ္ပါဘူး။ ညႇိႏႈိင္းရင္အဆင္ေျပသြားမွာပါ။” လို႔ ေျပာပါတယ္။

ေအေအအဖြဲ႕ဟာ ၿပီးခဲ့တဲ့ ၂၀၀၈ ခုႏွစ္က စတင္တည္ေထာင္တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေႏွာင္းပိုင္းကေနစတင္ကာ တပ္မေတာ္နဲ႔ တိုက္ပြဲခပ္စိပ္စိပ္ ျဖစ္ပြားခဲ့တဲ့အျပင္ အခု ၂၀၂၀ ခုႏွစ္မွာေတာ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈဟာ ပိုမိုႀကီးထြားလာေနပါတယ္။

ALP ကို ၁၉၆၇ ခုႏွစ္က ကရင္ျပည္နယ္အတြင္း တည္ေထာင္တာျဖစ္ၿပီး ယခုလက္ရွိ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္ထိုးထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ေအေအ ဖက္က တစ္စုံတစ္ရာထုတ္ျပန္ထားတာမရွိပါဘူး။

#voiceofmyanmar #VOM #ေတာင္ကုတ္

Related posts

Leave a Comment

VOM News

FREE
VIEW