စစ်ကိုင်းမြို့၊ဂုံညင်းတောင်ကျေးရွာက ရာအိမ်မှူး /ဆယ်အိမ်မှူး များ နုတ်ထွက်

စစ်ကိုင်း၊ဒီဇင်ဘာ ၅-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊တဲကြီးတိုက်နယ်၊ဂုံညင်းတောင်ကျေးရွာ က ရာအိမ်မှူး /ဆယ်အိမ်မှူးတွေက ၎င်း တို့ ရဲ့  တာဝန်တွေကနေ  နုတ်ထွက်ကြောင်း ကို ဒီဇင်ဘာလ(၄)ရက်နေ့က စစ်ကိုင်းမြို့နယ် အထွေထွအုပ်ချုပ်ရေးမှူးဦးစီဌာနရုံး သို့ စာတင်ခဲ့ပါတယ်။

“ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး၊ရာအိမ်မှူး တွေကို ဥပဒေအရ  ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာရယ် ၊ကိုယ့်ထမင်း ကိုယ်စားပြီး ရပ် ရွာ အကျိုးကို ထမ်းဆောင်နေတဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ ကို ကာကွယ်မပေးတာကြောင့် တာဝန်ကနေ အားလုံး နုတ်ထွက်တာဖြစ်ပါတယ် ” လို့ ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။

ဂုံညင်းတောင်ကျေးရွာအနီးက ဘုရားပွဲကို အက၊အလှ များနဲ့ သွားရောက် ဖျော်ဖြေဖို့အတွက် နိုဝင်ဘာလ၂၉ ရက် ညပိုင်း က ရွာလယ် ဓမ္မာရုံမှာ လူငယ်တွေ အက တိုက်နေစဉ် ကိုအောင်အောင် ဆိုသူ  ရောက်ရှိလာပြီး အော်ဟစ်ဆဲဆို နေတဲ့ အတွက် ဆယ်အိမ်မှူး ဦးခင်တိုးကနေ ဘယ်သူ့ဆဲတာလဲ ဟုမေးမြန်းရာ ကိုအောင်အောင် ဆိုသူက ဆယ်အိမ်မှူး ဦးခင်တိုး ညာဘက်မျက်စနား လက်သီးဖြင့် ထိုးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရာအိမ်မှူး ဦးသန်းနိုင်ဦး က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဌေး ထံ အကြောင်းကြားရာ လူကိုယ်တိုင် လာရောက် ဖြေရှင်းပေးခြင်း မရှိတဲ့ အပြင် အမှုဖွင့်ရာတွင်လည်း လိုက်ပါဆောင်ရွက်ခြင်း မရှိတဲ့ အတွက် ယခုလို  နုတ်ထွက်ရခြင်း ဖြစ်ပါတယ်။

ကျေးရွာအတွက် တာဝန်ထမ်းဆောင်ရန် ရာအိမ်မှူး /ဆယ်အိမ်မှူးတွေ ရွေးချယ်တင်မြှောက်ရာမှာ ကျေးရွာနေ ပြည်သူတွေက  မဲစနစ်နဲ့ ရွေးချယ်တင် မြှောက်ခြင်း ဖြစ်ပါတယ်။

 

#voiceofmyanmar#စစ်ကိုင်းမြို့#ဂုံညင်းတောင်ကျေးရွာက ရာအိမ်မှူး /ဆယ်အိမ်မှူး များ နုတ်ထွက်#

Related posts

Leave a Comment

VOM News

FREE
VIEW