ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့

ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့

ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့

မုံရွာ၊ သြဂုတ် – ၄- ၂၀၂၀
ကိုတိုးကြီး (VOM)

မုံရွာမြို့၊ အလုံရပ်ကွက်၊ မသုံးလုံးနယ်မြေ၊ အလုံဘိုးတော်ကြီးအတွင်းစံနန်း သွားရာလမ်းဘေးက ၊ ရတနာသီရိကပ်ကျော် စေတီမုခ်ပေါက်ရှေ့မှာ သြဂုတ်လ ၃ ရက်နေ့ ညနေက အမည်မသိအမျိုးသား တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့တယ်လို့ မုံရွာမြို့မရဲ စခန်းမှူး ဒုရဲမှူးဝင်းနိုင် ပြောပြတာက

“သေဆုံးသူဟာ အသက် ၃၀ နှစ် ဝန်းကျင်ဖြစ်ပြီး သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းမှာ အမြှုပ်တွေ ထွက်နေတယ် ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှတော့ မတွေ့ရပါဘူး”

အဲ့ဒီသေဆုံးသူနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့အတွက် အလုံ ရဲကင်း စခန်းမှူး ဒုရဲအုပ် မိုးမင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ၊ မုံရွာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၆/ ၂၀၂၀ အရ အမှုရေးဖွင့်ခဲ့ပြီး ရုပ်အလောင်းအား မုံရွာ ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ကာ ဥပဒေရေးရာ ဆေးပညာအရ စစ်ဆေးဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းကနေ သိရပါတယ်။

မနေ့က ဝါဆိုလပြည့်နေ့ ဖြစ်တဲ့အတွက် ဘုရားကျောင်းကန် စေတီပုထိုးတွေမှာ လူသွား လူလာ အများအပြား ရှိခဲ့တာဖြစ်ပြီး အခုလို အမည်မသိရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

#VoiceofMyanmar #VOM #သေမှုသေခင်း #မုံရွာ

Zawgyi

ဝါဆိုလျပည့္ေန႔က မုံ႐ြာကေစတီတစ္ဆူေရွ႕မွာ အမည္မသိ အမ်ိဳးသားတစ္ေယာက္ရဲ႕ အေလာင္းေတြ႕

မုံ႐ြာ၊ ၾသဂုတ္ – ၄- ၂၀၂၀
ကိုတိုးႀကီး (VOM)

မုံ႐ြာၿမိဳ႕၊ အလုံရပ္ကြက္၊ မသုံးလုံးနယ္ေျမ၊ အလုံဘိုးေတာ္ႀကီးအတြင္းစံနန္း သြားရာလမ္းေဘးက ၊ ရတနာသီရိကပ္ေက်ာ္ ေစတီမုခ္ေပါက္ေရွ႕မွာ ၾသဂုတ္လ ၃ ရက္ေန႔ ညေနက အမည္မသိအမ်ိဳးသား တစ္ေယာက္ရဲ႕ ႐ုပ္အေလာင္းကို ေတြ႕တယ္လို႔ မုံ႐ြာၿမိဳ႕မရဲ စခန္းမႉး ဒုရဲမႉးဝင္းႏိုင္ ေျပာျပတာက

“ေသဆုံးသူဟာ အသက္ ၃၀ ႏွစ္ ဝန္းက်င္ျဖစ္ၿပီး သူ႔ရဲ႕ ပါးစပ္နဲ႔ ႏွာေခါင္းမွာ အျမႇဳပ္ေတြ ထြက္ေနတယ္ ၊ ျပင္ပဒဏ္ရာ တစ္စုံတစ္ရာမွေတာ့ မေတြ႕ရပါဘူး”

အဲ့ဒီေသဆုံးသူနဲ႔ပတ္သက္ၿပီး ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္၊ မဟုတ္ သိရွိႏိုင္ဖို႔အတြက္ အလုံ ရဲကင္း စခန္းမႉး ဒုရဲအုပ္ မိုးမင္းထြန္းက တရားလိုျပဳလုပ္ တိုင္တန္းခဲ့ၿပီး ၊ မုံ႐ြာၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၁၆/ ၂၀၂၀ အရ အမႈေရးဖြင့္ခဲ့ၿပီး ႐ုပ္အေလာင္းအား မုံ႐ြာ ျပည္သူ႔ေဆး႐ုံႀကီးက ရင္ခြဲ႐ုံကို ပို႔ေဆာင္ကာ ဥပေဒေရးရာ ေဆးပညာအရ စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ မုံ႐ြာၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

မေန႔က ဝါဆိုလျပည့္ေန႔ ျဖစ္တဲ့အတြက္ ဘုရားေက်ာင္းကန္ ေစတီပုထိုးေတြမွာ လူသြား လူလာ အမ်ားအျပား ရွိခဲ့တာျဖစ္ၿပီး အခုလို အမည္မသိရတဲ့ အမ်ိဳးသားရဲ႕ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ပါတယ္။

#VoiceofMyanmar #VOM #ေသမႈေသခင္း #မုံ႐ြာ

Related posts

Leave a Comment

VOM News

FREE
VIEW