နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစာရင်းပြင်ဆင်တာတွေပြုလုပ်

နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစာရင်းပြင်ဆင်တာတွေပြုလုပ် နေပြည်တော်၊ သြဂုတ် ၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) နေပြည်တော်မှာ မဲပေးသူ ရှစ်သိန်းကျော်ရှိပြီး မဲဆန္ဒရှင် ၅၅၀၀ ကျော်က မဲစားရင်းပြင်ဆင်တာတွေ ကန့်ကွက်၊ ဖြည့်စွက်တာတွေလုပ်ဖို့ တင်ပြကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဌေးက နေပြည်တော်ကောင်စီရုံးဝန်းအတွင်းမှာရှိတဲ့ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ပြောပါတယ်။ “နေပြည်တော်မှာ ဥတ္တရသီရိခရိုင်နဲ့ ဒက္ခိဏခရိုင်ဆိုပြီး ခရိုင်နှစ်ခုရှိပါတယ်။ ခရိုင်ခွဲတွေအောက်မှာ မြို့နယ် (၈) မြို့နယ်နဲ့ ဖွဲ့စည်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇ သိန်းကျော်မဲပေးခဲ့။ လာမယ့် ၂၀၂၀ မှာ ရှစ်သိန်းကျော် မဲပေးသွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိရဲ့ အမည်စာရင်း မဲစာရင်းမှာမပါရင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကနေ ပုံစံ (၃) လျှောက်လွှာဖြည့်ပြီး မဲစာရင်းမှာပါဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဦးသိန်းဌေးက…

Read More

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ကား နဘား စုပေါင်းရေး ဂိတ်မှာ ဖမ်းမိ

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ကား နဘား စုပေါင်းရေး ဂိတ်မှာ ဖမ်းမိ မုံရွာ၊ သြဂုတ် ၄-၂၀၂၀ ကိုတိုးကြီး ( VOM ) အင်းတော်မြို့နယ် နဘားတိုက်နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်း နဘားစုပေါင်း စစ်ဆေးဂိတ်မှာ ယခုလ ၄ ရက်နေ့ မနက် ၆ နာရီခွဲ အချိန်က တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း အင်းတော်မြို့မရဲစခန်းက သိရပါတယ်။ အင်းတော်မြို့မရဲစခန်းက ရဲအုပ် ဇော်မြင့်ဦး နှင့်အဖွဲ့ဟာ ဒီမနက်မှာပဲ နဘားစုပေါင်း စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ စစ်ဆေးရေး လုပ်ငန်းများကို လုပ်ကိုင်နေချိန် ရွှေဘို – မြစ်ကြီးနား ကားလမ်းအတိုင်း မြစ်ကြီးနား ဘက်ကနေ ရွှေဘိုဘက်ကို မောင်းနှင်လာတဲ့ WINGROAD အဖြူရောင်း ယာဉ်အမှတ် DD /…

Read More

ရခိုင်နဲ့ ချင်းက ပြန်လည်ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေ အသုံးပြုလို့မရဖြစ်နေ

#YATHAETAUNG

ရခိုင်နဲ့ ချင်းက ပြန်လည်ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေ အသုံးပြုလို့မရဖြစ်နေ စစ်တွေ၊ ဩဂုတ်-၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ဖြတ်တောက်ထားတဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ ညနေပိုင်း ကနေ စတင်ဖွင့်လှစ်ပေးတဖြစ်ပြီး လက်ရှိမှာ အဲဒီဖွင့်ပေးထားတဲ့အင်တာနက်လိုင်းတွေဟာ 2G အဆင့်သားရှိကြောင်းနဲ့ မြန်နှုန်းမမြင့်လို့ အင်တာနက်သုံးရတာ အဆင်ပြေမှုမရှိကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။ ရသေ့တောင်မြို့ဒေသခံ ဦးမောင်သန်းတင်ပြောတာက” အင်တာနက်လိုင်းတွေဖွင့်တယ်လို့တော့ပြောတာပဲ။ ဒါပေမယ့် အခုက သုံးလို့မရဘူး။ လိုင်းလည်းမသုံးရပါဘူး။ ကျနော်တို့ အင်တာနက်လိုင်းမရပါဘူး။ 2G နဲ့က လိုင်းသုံးလို့မရဘူး။ ပြန်ဖွင့်ပေးတာလည်း နာမည်တစ်ခုလိုလို့ စေတနာပါပုံမရဘူး။ ဖေ့ဘုတ်လည်း သုံးလို့မရဘူး။ အဝိုင်းလည်နေတယ်။” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာလည်း စဖွင့်ပေးတဲ့နေ့ကနေ ယနေ့အချိန်ထိ အင်တာနက်လိုင်းတွေအသုံးပြုလို့ မရဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး လူအများစုအသုံးပြုနေတဲ့ လူမှုကွန်ရက်…

Read More

လူငယ်ထိမ်းသိမ်းရေးကျောင်း ရိုက်နှက်ခံ‌ရလို့ သေဆုံးတယ်ဆိုတဲ့ လူငယ်ရဲ့မိဘကို ကျောင်းက CCTV ပြန်ဖွင့်ပြ

လူငယ်ထိမ်းသိမ်းရေးကျောင်း ရိုက်နှက်ခံ‌ရလို့ သေဆုံးတယ်ဆိုတဲ့ လူငယ်ရဲ့မိဘကို ကျောင်းက CCTV ပြန်ဖွင့်ပြ မန္တလေး၊ ဩဂုတ် ၄-၂၀၂၀ မှူးသခင် (VOM) ဇူလိုင် ၃၀ရက်နေ့က မန္တလေးလူငယ်ထိမ်းသိမ်းရေးကျောင်းမှာ ရိုက်နှက်ခံရလို့သေဆုံးသွားတဲ့ကလေးရဲ့မိဘတွေကို ဒီကနေ့ဩဂုတ်လ၄ရက်နေ့မှာ ကျောင်းတာဝန်ရှိသူတွေက CCTVကိုပြန်လည်ဖွင့်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရိုက်နှက်ခံရပြီးသေဆုံးသွားတဲ့ကလေးရဲ့မိခင်ဖြစ်သူ ဒေါ်မျိုးမျိုးထွေးကတော့ “ကျွန်မတို့ CCTVကိုပြန်ပြီးတော့ကြည့်ရပါတယ် ကျွန်မတို့ကလေးကထွက်ပြေးတာဟုတ်ပါတယ် ။ ရှေ့ကနှစ်ယောက်ကပြေးသွားတယ် နောက်တော့ဝုန်းဝုန်းနဲ့လိုက်ပြေးကြတယ် နောက်တော့လေးရောက်ကိုတစ်ခါတွဲခေါ်လာတယ် ကျွန်မသားကနောက်ဆုံးကနေခေါ်လာတာပေါ့ ခါးလေးကိုကုန်းပြီးနှိမ့်ခေါ်လာတာပေါ့ ကျောင်းအပ်တဲ့အဆောင်ရှေ့ကိုလည်းရောက်ရောအထဲမှာရှိတဲ့ကျောင်းသာတွေကပြေးလာပြီးတော့ထိုးကြတာပေါ့ ဝိုင်းပြီးထိုးကြတာ အဲ့နေရာပဲမြင်ရတယ် ကလေးကိုထိုးပြီး မ ခေါ်တဲ့နေရာတွေ အဲ့ဒီထဲမှာဆေးတွေလုပ်ပေးတဲ့ဟာတွေမမြင်ရတော့ဘူး အဲ့ဟာတွေကိုဖျက်ပစ်လိုက်တယ် “လို့ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းတာဝန်ရှိသူကိုဆက်မေးမြန်းရာမှာတော့”ကျွန်တော်တို့လူကြီးတွေက ဒီကိစ္စနဲ့ပတ်သတ်ပြီးဘယ်သူ့ကိုမ မဖြေကြားပါနဲ့လို့ညွှန်ကြားထားပါတယ် မိဘတွေအနေနဲ့ကလည်းအကုန်လုံးကျေနပ်သွားပါပြီ ကျွန်တော်တို့ကိုထပ်ပြီးမမေးပါနဲ့တော့ အကုန်လုံးပြီးသွားရင် ရှင်းပြပါမယ် ” လို့ပြောပါတယ် ။ သေဆုံးသူရဲ့မိခင်ဖြစ်သူကတော့ “ကျွန်မသားလေးဒီလိုနာနာကျင်ကျင်နဲ့သေရတာမကျေနပ်ဖူးပေ့ါနော် အမှန်တရားဖော်ထုတ်ပြီး ပြစ်ဒဏ်ထိုက်ထိုက်တန်တန်တော့ပေးဆပ်သင့်ပါတယ် ကျွန်မသားလေးနာကျင်ခံစားရသလို့ပေါ့ ဆရာတွေက ကျောင်းသားတွေဒီလိုဖြစ်နေတဲ့အချိန်တားရင် ကျွန်မသားလေး ခုလိုမဆုံးရှုံးရဘူးလေ…

Read More

အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး

အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး

အာဖဂန်အကျဉ်းထောင်ကို အိုင်အက်စ်တို့တိုက်ခိုက်မှု လူ ၂၉ ဦးသေဆုံး၊ အကျဉ်းသား တစ်ထောင်ကျော် ထွက်ပြေး ကဘူး၊ သြဂုတ်-၄-၂၀၂၀ မျိုးဆက် (VOM) အာဖရန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့ရှိ အကျဉ်းထောင်တစ်ခုကို အိုင်အက်စ်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၉ ဦးသေဆုံးပြီး အကျဉ်းသား ၁၀၀၀ ကျော်ထွက်ပြေးခဲ့ကြပါတယ်။ ထောင်ဝင်ပေါက်ကို သေနတ်သမားတွေက ကားဗုံးဖောက်ခွဲပြီး တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့နဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နာရီ ၂၀ နီးပါးကြာမြင့်တဲ့ တိုက်ခိုက်မှုတွေမှာ အိုင်အက်စ်အဖွဲ့ဝင် ရှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ နန်ဂါဟာပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်ထိ အကျဉ်းသား ၃၀၀ ကျော်လောက်ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယုံကြည်ရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသား ၁၇၉၃ ဦးရှိနေပြီး အများစုကတော့ တာလီဘန်တွေနဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေလို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၁၀၂၅…

Read More

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၃ ဦးပျောက်ဆုံးနေ ဆိုးလ်၊ သြဂုတ်-၄-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှာ ရက်အတန်ကြာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀၀ ကျော်အိမ်မဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၃ ဦးထက်မနည်းသေဆုံးကာ အခြား ၁၃ ဦးပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၄ ရက်မှာ ပြောပါတယ်။ မိုးရွာသွန်းတာတွေကြောင့် မြေပြိုမှုတွေ၊ မော်တော်ယာဉ်တွေ ရေမျောတာတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လယ်ယာမြေ ၅၇၅၁ ဟတ်တာရေလွှမ်းမိုးနေပါတယ်။ ဒါ့အပြင် အဓိကအဝေးပြေးလမ်းမတွေနဲ့ ဆိုးလ်မြို့ရှိ တံတားတွေမှာလည်း ရေကြီးရေလျှံဖြစ်ပွားနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ယမန်နေ့ကလိုမျိုး အသက်သေဆုံးမှုတွေမဖြစ်ပေါ်ရေးအတွက် တစ်ပြိုင်တည်းအားထုတ်လုပ်ဆောင်ကြဖို့ နိုင်ငံတော်အဆင့်နဲ့ ဒေသန္တရာအဆင့်တာဝန်ရှိသူတွေကို သမ္မတမွန်ဂျေးအင်က တိုက်တွန်းပြီးနောက် သြဂုတ် ၄ ရက်မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့…

Read More

ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့

ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့

ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့ နေပြည်တော်၊ ဩဂုတ်- ၄ -၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှာ ဩဂုတ်လ ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း ပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့အတွက် အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေ ၄၅၀၀ ကျော်ကို ဘေးလွတ် ရာနေရာ တွေကို ပြောင်းရွှေ့ထားရတယ်လို့ ညောင်‌လေးပင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးနော်မိုင်လှကြည် က ပြောပါတယ်။ “လက်တစ်‌လောတော့တောင်ကျောင်းဓမ္မာရုံနဲ့ အလယ်ကျောင်းဓမ္မာရုံမှာ လူတွေ ရွေ့ပြောင်းထားရတယ်။ လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို စေတနာရှင်‌တွေနဲ့ တာဝန်ရှိသူတွေက ကူညီပေးထားတယ်” လို့ အုပ်ချုပ်ရေး မှုး က ပြောပါတယ်။ အဲ့ဒီနေ့မနက်က စတင်ပြီးတော့ ညောင်လေးပင်မြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များအ တွင်းမှာ မိုးရွာသွန်းမှုများပြားခဲတဲ့အပြင် တောင်ကျချောင်းရေတွေ ရုတ်တရက်ကျဆင်းလားတဲ့အတွက် အုန်းနှဲချောင်းက ရေကြီးရေလျှံခဲ့ရခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။…

Read More

ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့

ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့

ဝါဆိုလပြည့်နေ့က မုံရွာကစေတီတစ်ဆူရှေ့မှာ အမည်မသိ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတွေ့ မုံရွာ၊ သြဂုတ် – ၄- ၂၀၂၀ ကိုတိုးကြီး (VOM) မုံရွာမြို့၊ အလုံရပ်ကွက်၊ မသုံးလုံးနယ်မြေ၊ အလုံဘိုးတော်ကြီးအတွင်းစံနန်း သွားရာလမ်းဘေးက ၊ ရတနာသီရိကပ်ကျော် စေတီမုခ်ပေါက်ရှေ့မှာ သြဂုတ်လ ၃ ရက်နေ့ ညနေက အမည်မသိအမျိုးသား တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့တယ်လို့ မုံရွာမြို့မရဲ စခန်းမှူး ဒုရဲမှူးဝင်းနိုင် ပြောပြတာက “သေဆုံးသူဟာ အသက် ၃၀ နှစ် ဝန်းကျင်ဖြစ်ပြီး သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းမှာ အမြှုပ်တွေ ထွက်နေတယ် ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှတော့ မတွေ့ရပါဘူး” အဲ့ဒီသေဆုံးသူနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့အတွက် အလုံ ရဲကင်း စခန်းမှူး ဒုရဲအုပ် မိုးမင်းထွန်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ၊ မုံရွာမြို့မရဲစခန်းက…

Read More

မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ

မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ

မောင်းပြန်ရိုင်ဖယ် သေနတ်တွေ သိန္နီမှာ ဖမ်းမိ မုံရွာ၊ သြဂုတ် ၄-၂၀၂၀ ကိုတိုးကြီး(မုံရွာ) မောင်းပြန်ရိုင်ဖယ် သေနတ်တွေကို တရားမ၀င် သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဩဂုတ်၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်က သိန္နီ – ကွက်ခိုင်သွားလမ်း သိန္နီမြို့အ၀င် ကျောက်ပြုန်းတောင်အနီးမှာ မူးယစ်တပ်ဖွဲ့စု အမှတ် (၂၄) အဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာနစိပ်မှ သိရပါတယ် ။ “ အဲ့ဒီကိစ္စကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ် ၊ အသေးစိပ်တော့ပြောမရသေးပါဘူး” လို့ ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစိပ် တာ၀န်ခံ ရဲအုပ် အောင်စိုးမင်းက ပြောပါတယ် ။ မူးယစ်တပ်ဖွဲ့စု (၂၄) မှ မူးယစ်တပ်ဖွဲ့၀င်းများဟာ ကျောက်ပြုန်းတောင်အနီးမှာ ရပ်တန့်ထားတဲ့ Alphard အနက်ရောင် ယာဉ်အမျိုးအစား ၊ ယာဉ်အမှတ်…

Read More
VOM News

FREE
VIEW