ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့

ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့

ပိန်းဇလုပ်မှာ ရေကြီးနေလို့ အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာကိုပြောင်းရွှေ့

နေပြည်တော်၊ ဩဂုတ်- ၄ -၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှာ ဩဂုတ်လ ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း ပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့အတွက် အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေ ၄၅၀၀ ကျော်ကို ဘေးလွတ် ရာနေရာ တွေကို ပြောင်းရွှေ့ထားရတယ်လို့ ညောင်‌လေးပင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးနော်မိုင်လှကြည် က ပြောပါတယ်။

“လက်တစ်‌လောတော့တောင်ကျောင်းဓမ္မာရုံနဲ့ အလယ်ကျောင်းဓမ္မာရုံမှာ လူတွေ ရွေ့ပြောင်းထားရတယ်။ လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို စေတနာရှင်‌တွေနဲ့ တာဝန်ရှိသူတွေက ကူညီပေးထားတယ်” လို့ အုပ်ချုပ်ရေး မှုး က ပြောပါတယ်။

အဲ့ဒီနေ့မနက်က စတင်ပြီးတော့ ညောင်လေးပင်မြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များအ တွင်းမှာ မိုးရွာသွန်းမှုများပြားခဲတဲ့အပြင် တောင်ကျချောင်းရေတွေ ရုတ်တရက်ကျဆင်းလားတဲ့အတွက် အုန်းနှဲချောင်းက ရေကြီးရေလျှံခဲ့ရခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။

လက်တစ်လောမှာတော့ ပုန်းဇလုပ်မြို့ မြို့ပေါ်ရပ်ကွက်နှစ်ခုက အိမ်ထောင်စု ၈၄၉ စု၊ လူဦးရေ ၄၅၅၀ ယောက် တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတချို့ကို ဘေးလွတ်ရာနေရာတွေကို ရွေ့ပြောင်းပေး ထားရပေမယ့်လည်း ဩဂုတ်လ ၄ ရက်နေ့က ရေပြန်လည်ကျဆင်းနေတယ်လို့ ပိန်းဇလုပ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ ပဲခူးတိုင်းဒေသကြီးရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ အမြန်လမ်း က တချို့နေရာတွေမှာ ကားလမ်းရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် တောင်ပြိုခြင်းနဲ့ တံတားတွေပါ ရေထဲမျှော်ပါပျက်ဆီးတာတွေဖြစ် ပေါ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓါတ်ပုံ-သကျနွယ်လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ပိန်းဇလုပ် #ရေကြီးရေလျှံ

Zawgyi

ပိန္းဇလုပ္မွာ ေရႀကီးေနလို႔ အိမ္ေထာင္စု ၈၀၀ ေက်ာ္ ေဘးလြတ္ရာကိုေျပာင္းေ႐ႊ႕

ေနျပည္ေတာ္၊ ဩဂုတ္- ၄ -၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ၿမိဳ႕မွာ ဩဂုတ္လ ၃ ရက္ေန႔က မိုးသည္းထန္စြာ႐ြာသြန္း ၿပီး ေရႀကီးေရလွ်ံမႈျဖစ္ခဲ့တဲ့အတြက္ အိမ္ေထာင္စု ၈၀၀ ေက်ာ္နဲ႔ လူဦးေရ ၄၅၀၀ ေက်ာ္ကို ေဘးလြတ္ ရာေနရာ ေတြကို ေျပာင္းေ႐ႊ႕ထားရတယ္လို႔ ေညာင္‌ေလးပင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး ဦးေနာ္မိုင္လွၾကည္ က ေျပာပါတယ္။

“လက္တစ္‌ေလာေတာ့ေတာင္ေက်ာင္းဓမၼာ႐ုံနဲ႔ အလယ္ေက်ာင္းဓမၼာ႐ုံမွာ လူေတြ ေ႐ြ႕ေျပာင္းထားရတယ္။ လိုအပ္တဲ့ေထာက္ပံ့ကူညီမႈေတြကို ေစတနာရွင္‌ေတြနဲ႔ တာဝန္ရွိသူေတြက ကူညီေပးထားတယ္” လို႔ အုပ္ခ်ဳပ္ေရး မႈး က ေျပာပါတယ္။

အဲ့ဒီေန႔မနက္က စတင္ၿပီးေတာ့ ေညာင္ေလးပင္ၿမိဳ႕နယ္အပါအဝင္ ပဲခူးတိုင္းေဒသႀကီး အေရွ႕ျခမ္းၿမိဳ႕နယ္မ်ားအ တြင္းမွာ မိုး႐ြာသြန္းမႈမ်ားျပားခဲတဲ့အျပင္ ေတာင္က်ေခ်ာင္းေရေတြ ႐ုတ္တရက္က်ဆင္းလားတဲ့အတြက္ အုန္းႏွဲေခ်ာင္းက ေရႀကီးေရလွ်ံခဲ့ရျခင္းျဖစ္တယ္လို႔ သတင္းရရွိပါတယ္။

လက္တစ္ေလာမွာေတာ့ ပုန္းဇလုပ္ၿမိဳ႕ ၿမိဳ႕ေပၚရပ္ကြက္ႏွစ္ခုက အိမ္ေထာင္စု ၈၄၉ စု၊ လူဦးေရ ၄၅၅၀ ေယာက္ တိုက္နယ္ေဆး႐ုံမွာ တက္ေရာက္ကုသမႈခံယူေနတဲ့ လူနာတခ်ိဳ႕ကို ေဘးလြတ္ရာေနရာေတြကို ေ႐ြ႕ေျပာင္းေပး ထားရေပမယ့္လည္း ဩဂုတ္လ ၄ ရက္ေန႔က ေရျပန္လည္က်ဆင္းေနတယ္လို႔ ပိန္းဇလုပ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

အဲ့ဒီေန႔မွာပဲ ပဲခူးတိုင္းေဒသႀကီးရန္ကုန္-မႏၲေလးလမ္းေဟာင္းနဲ႔ အျမန္လမ္း က တခ်ိဳ႕ေနရာေတြမွာ ကားလမ္းေရေက်ာ္မႈေတြ ျဖစ္ေပၚခဲ့တဲ့အျပင္ ေတာင္ၿပိဳျခင္းနဲ႔ တံတားေတြပါ ေရထဲေမွ်ာ္ပါပ်က္ဆီးတာေတြျဖစ္ ေပၚခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-သက်ႏြယ္လူမႈကူညီေရးအသင္း
#voiceofmyanmar #VOM #ပိန္းဇလုပ္ #ေရႀကီးေရလွ်ံ

Related posts

Leave a Comment

VOM News

FREE
VIEW