တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ကား နဘား စုပေါင်းရေး ဂိတ်မှာ ဖမ်းမိ

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ကား နဘား စုပေါင်းရေး ဂိတ်မှာ ဖမ်းမိ

မုံရွာ၊ သြဂုတ် ၄-၂၀၂၀
ကိုတိုးကြီး ( VOM )

အင်းတော်မြို့နယ် နဘားတိုက်နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်း နဘားစုပေါင်း စစ်ဆေးဂိတ်မှာ ယခုလ ၄ ရက်နေ့ မနက် ၆ နာရီခွဲ အချိန်က တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း အင်းတော်မြို့မရဲစခန်းက သိရပါတယ်။

အင်းတော်မြို့မရဲစခန်းက ရဲအုပ် ဇော်မြင့်ဦး နှင့်အဖွဲ့ဟာ ဒီမနက်မှာပဲ နဘားစုပေါင်း စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ စစ်ဆေးရေး လုပ်ငန်းများကို လုပ်ကိုင်နေချိန် ရွှေဘို – မြစ်ကြီးနား ကားလမ်းအတိုင်း မြစ်ကြီးနား ဘက်ကနေ ရွှေဘိုဘက်ကို မောင်းနှင်လာတဲ့ WINGROAD အဖြူရောင်း ယာဉ်အမှတ် DD / 72 …. ကားတစ်စီးကို စစ်ဆေးရာမှာ ကားရဲ့ကြမ်းပြင်အောက် အံဝှက်ထဲ နေရာနဲ့ စပယ်ယာဘီးထားတဲ့ အံဝှက်နေရာကနေ ကျောက်စိမ်းအရိုင်းတုံးများနဲ့ ကျောက်စိမ်းလက်ကောက် အကြမ်းထည်များကို အဝါရောင် တိတ်စနဲ့ ရစ်ပတ်ပြီး သယ်ဆောင်လာတာ တွေ့ရှိရတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ် ပါတယ် ။

အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တစ်ဦးက “ အမှုဖွင့်တာက ဒီနေ့ နေ့လည် ၁ နာရီ မိနစ် ၂၀ မှာ ဖွင့်တယ် ၊ အရိုင်းတုံးက ၁၅ တုံး နဲ့ ဖြတ်ပိုင်းစတွေလဲပါတယ် ၊ လက်ကောက်ကွင်းအကြမ်းထည် ၅၇၂ ကွင်းဖြစ်တယ် ..ကာလတန်းဖိုးက ကျောက်စိမ်းတူးဖော်ရေး ဌာနက သတ်မှတ်တာဖြစ်လို့ မပြောနိုင်ပါဘူး ..ဌာနဆိုင်ရာ အချင်းချင်း ချိတ်ဆက်မေးထားပါတယ် ”

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးများနဲ့ လက်ကောက်ကွင်း အကြမ်းထည်များကို နေပြည်တော် ဘူးကွဲဝဏ္ဏ သိဒ္ဓိရပ်ကွက်နေ ကိုဆန်းလွင် (ယာဉ်မောင်း / ကျောက်ရှာ) လုပ်သူနဲ့ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ နယ် ညောင်ပင်သာကျေးရွာနေ ကိုအောင်စိုး(ခ) ကိုချစ်သန်း ဆိုသူတို့က သယ်ဆောင်လာခဲ့တာဖြစ်ပါတယ် ။

ကျောက်စိမ်းအရိုင်းတုံးနှင့် လက်ကောက်ကွင်း အကြမ်းထည်များကို တရားမဝင် သယ်ဆောင်လာတဲ့ လူနှစ်ဦးကို အင်းတော်မြို့မ ရဲစခန်းက (ပ) ၆၅/ ၂၀၂၀ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၁(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရပါတယ် ။

#voiceofmyanmar #VOM #ကျောက်စိမ်း

Zawgyi

တရားမဝင္ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ား သယ္ေဆာင္လာတဲ့ကား နဘား စုေပါင္းေရး ဂိတ္မွာ ဖမ္းမိ

မုံ႐ြာ၊ ၾသဂုတ္ ၄-၂၀၂၀
ကိုတိုးႀကီး ( VOM )

အင္းေတာ္ၿမိဳ႕နယ္ နဘားတိုက္နယ္ ေ႐ႊဘို – ျမစ္ႀကီးနား ဗ်ဴဟာလမ္း နဘားစုေပါင္း စစ္ေဆးဂိတ္မွာ ယခုလ ၄ ရက္ေန႔ မနက္ ၆ နာရီခြဲ အခ်ိန္က တရားမဝင္ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ား သယ္ေဆာင္လာတဲ့ ကားတစ္စီးကို ဖမ္းဆီးလိုက္ေၾကာင္း အင္းေတာ္ၿမိဳ႕မရဲစခန္းက သိရပါတယ္။

အင္းေတာ္ၿမိဳ႕မရဲစခန္းက ရဲအုပ္ ေဇာ္ျမင့္ဦး ႏွင့္အဖြဲ႕ဟာ ဒီမနက္မွာပဲ နဘားစုေပါင္း စစ္ေဆးေရးဂိတ္မွာ ပိတ္ဆို႔ စစ္ေဆးေရး လုပ္ငန္းမ်ားကို လုပ္ကိုင္ေနခ်ိန္ ေ႐ႊဘို – ျမစ္ႀကီးနား ကားလမ္းအတိုင္း ျမစ္ႀကီးနား ဘက္ကေန ေ႐ႊဘိုဘက္ကို ေမာင္းႏွင္လာတဲ့ WINGROAD အျဖဴေရာင္း ယာဥ္အမွတ္ DD / 72 …. ကားတစ္စီးကို စစ္ေဆးရာမွာ ကားရဲ႕ၾကမ္းျပင္ေအာက္ အံဝွက္ထဲ ေနရာနဲ႔ စပယ္ယာဘီးထားတဲ့ အံဝွက္ေနရာကေန ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ားနဲ႔ ေက်ာက္စိမ္းလက္ေကာက္ အၾကမ္းထည္မ်ားကို အဝါေရာင္ တိတ္စနဲ႔ ရစ္ပတ္ၿပီး သယ္ေဆာင္လာတာ ေတြ႕ရွိရတာေၾကာင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တာျဖစ္ ပါတယ္ ။

အင္းေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိ တစ္ဦးက “ အမႈဖြင့္တာက ဒီေန႔ ေန႔လည္ ၁ နာရီ မိနစ္ ၂၀ မွာ ဖြင့္တယ္ ၊ အ႐ိုင္းတုံးက ၁၅ တုံး နဲ႔ ျဖတ္ပိုင္းစေတြလဲပါတယ္ ၊ လက္ေကာက္ကြင္းအၾကမ္းထည္ ၅၇၂ ကြင္းျဖစ္တယ္ ..ကာလတန္းဖိုးက ေက်ာက္စိမ္းတူးေဖာ္ေရး ဌာနက သတ္မွတ္တာျဖစ္လို႔ မေျပာႏိုင္ပါဘူး ..ဌာနဆိုင္ရာ အခ်င္းခ်င္း ခ်ိတ္ဆက္ေမးထားပါတယ္ ”

အဆိုပါ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ားနဲ႔ လက္ေကာက္ကြင္း အၾကမ္းထည္မ်ားကို ေနျပည္ေတာ္ ဘူးကြဲဝဏၰ သိဒၶိရပ္ကြက္ေန ကိုဆန္းလြင္ (ယာဥ္ေမာင္း / ေက်ာက္ရွာ) လုပ္သူနဲ႔ မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕ နယ္ ေညာင္ပင္သာေက်း႐ြာေန ကိုေအာင္စိုး(ခ) ကိုခ်စ္သန္း ဆိုသူတို႔က သယ္ေဆာင္လာခဲ့တာျဖစ္ပါတယ္ ။

ေက်ာက္စိမ္းအ႐ိုင္းတုံးႏွင့္ လက္ေကာက္ကြင္း အၾကမ္းထည္မ်ားကို တရားမဝင္ သယ္ေဆာင္လာတဲ့ လူႏွစ္ဦးကို အင္းေတာ္ၿမိဳ႕မ ရဲစခန္းက (ပ) ၆၅/ ၂၀၂၀ ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒပုဒ္မ ၅၁(က) အရ အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း အဆိုပါ ရဲစခန္းမွ သိရပါတယ္ ။

#voiceofmyanmar #VOM #ေက်ာက္စိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW