ရခိုင်နဲ့ ချင်းက ပြန်လည်ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေ အသုံးပြုလို့မရဖြစ်နေ

#YATHAETAUNG

ရခိုင်နဲ့ ချင်းက ပြန်လည်ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေ အသုံးပြုလို့မရဖြစ်နေ

စစ်တွေ၊ ဩဂုတ်-၄- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ဖြတ်တောက်ထားတဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ ညနေပိုင်း ကနေ စတင်ဖွင့်လှစ်ပေးတဖြစ်ပြီး လက်ရှိမှာ အဲဒီဖွင့်ပေးထားတဲ့အင်တာနက်လိုင်းတွေဟာ 2G အဆင့်သားရှိကြောင်းနဲ့ မြန်နှုန်းမမြင့်လို့ အင်တာနက်သုံးရတာ အဆင်ပြေမှုမရှိကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။

ရသေ့တောင်မြို့ဒေသခံ ဦးမောင်သန်းတင်ပြောတာက” အင်တာနက်လိုင်းတွေဖွင့်တယ်လို့တော့ပြောတာပဲ။ ဒါပေမယ့် အခုက သုံးလို့မရဘူး။ လိုင်းလည်းမသုံးရပါဘူး။ ကျနော်တို့ အင်တာနက်လိုင်းမရပါဘူး။ 2G နဲ့က လိုင်းသုံးလို့မရဘူး။ ပြန်ဖွင့်ပေးတာလည်း နာမည်တစ်ခုလိုလို့ စေတနာပါပုံမရဘူး။ ဖေ့ဘုတ်လည်း သုံးလို့မရဘူး။ အဝိုင်းလည်နေတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာလည်း စဖွင့်ပေးတဲ့နေ့ကနေ ယနေ့အချိန်ထိ အင်တာနက်လိုင်းတွေအသုံးပြုလို့ မရဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး လူအများစုအသုံးပြုနေတဲ့ လူမှုကွန်ရက် စာမျက်နှာ (Facebook) ကိုလည်း ဖွင့်လို့မရဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လတ်က” အင်တာနက်လိုင်းကတော့ရတယ်။ ဒါပေမယ့် လိုင်းမကောင်းဘူးလို့ပြောတယ်။ နာမည်ကောင်းယူတာ။ နိုင်ငံတကာကိုလိမ်တာပေါ့။ ပေးတော့ပေးတယ်မရဘူး။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း မြို့နယ် (၈) မြို့နယ်က အင်တာနက်လိုင်းတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာအော်ပရေတာတွေကနေ အင်တာနက်ပိတ်လိုင်းတွေ ထားတာြဖစ်ပြီး လက်ရှိမှာတော့ ပြန်ဖွင့်ပေးထားကြောင်းနဲ့ လက်ရှိပြန်ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေဟာ 4G မဟုတ်ပဲ 2G အရည်အသွေးနဲ့ ပြန်ဖွင့်ပေးဖို့ အော်ပရေတာတွေကို ညွှန်ကြားထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။

အဲဒီ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက အင်တာနက်လှိုင်းတွေ အသုံးပြုရတာအဆင် မပြေကြောင်းဒေသခံတွေရဲ့ ပြောပြချက်အရ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက” မောင်တောဖက်ကိုကျတော့ ဒေသအခြေအနေတွေ သိပ်ဆိုးဆိုးရွားရွားမရှိတော့ ပြန်ဖွင့်ပေးခဲ့တယ်။ အခု (၈) မြို့နယ်မှာလည်း အားလုံးသိထားတဲ့အတိုင်းပဲ ဒေသအခြေအနေ သိပ်တည်ငြိမ်မှုမရှိဘူး။ ဒါပေမယ့်လည်း အဲဒီမှာရှိတဲ့ ပြည်သူလူထုလည်း အထိုက်အလျှောက် အဆင်ပြေစေဖို့နဲ့ တစ်ဖက်ကလည်း အဖျက်မောက့်လုပ်ငန်းတွေကို မဆောင်ရွက်နိုင်အောင် ဘယ်လောက်ထိ ပေးရင်သင့်တော်မယ်ဆိုပြီး ကျနော်တို့ဖက်က အော်ပရေတာတွေကို ညွှန်ကြားထားတာပေါ့။ လောလောဆယ်တော့ အင်တာနက်တော့ရတယ်။ ဒါပေမယ့် မြို့ပေါ်တွေမှာလို 4G တော့မရဘူးပေါ့။ စာတွေပါတွေ ပို့လို့ရအောင် EDGS စနစ်နဲ့ အော်ပရေတာတွေကို ပေးခိုင်းထားတာပေါ့။ 4G ကတော့ ဒေသအခြေအနေတွေ ပြန်လည်ပြီးတော့တည်ငြိမ်အေးချမ်းလာရင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရမှာပေါ့။” လို့ ပြောပါတယ်။

ချင်ပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ဒေသခံတစ်ဦးကလည်း အင်တာနက်လိုင်းတွေပြန်လည်ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရပေမယ့် အသုံးပြုလို့မရဘူးလို့ ဆိုပါတယ်။

သူပြောတာက” ပြန်ရပြီလို့ကြားတယ်။ ဒါပေမယ့် ဘာမှအသုံးပြုလို့မရဘူး။ ဒါက တောင်ဆိုလို့လုပ်ပေးရတဲ့ ပုံစံမျိုး၊ ကလေးကို လိမ်တဲ့ပုံစံမျိုပါပဲ။ တောင်းဆိုလို့လုပ်ပေးလိုက်တယ်၊ ရတာမရတာသူတို့နဲ့ မဆိုင်အဲပုံစံမျိုးပါပဲ။ ဒီလောက် 5G ပေါ်နေတာမှာ 2G ပေးလို့ဘယ်လိုရမလဲ။ အမှန်တကယ် 2G ဆိုရင်တောင် သုံးလို့ရအုံးမယ်။ အခုက ဘာမှသုံးလို့ မရဘူး။” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် လောင်းကြတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်ဝင်းသိန်းကလည်း အင်တာနက်ဖွင့်ပေးထားတာ ဟုတ်မှန်ကြောင်းနဲ့ အသုံးပြုလို့မရကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းပလက်ဝ ဒေသက အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်ကနေ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အစိုးရရဲ့ ညွှန်ကြားချက်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝဒေသကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်အသုံးပြုမှုတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ဒေသတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်ကို အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်အင်တာနက်

Zawgyi

ရခိုင္နဲ႔ ခ်င္းက ျပန္လည္ဖြင့္ေပးထားတဲ့ အင္တာနက္လိုင္းေတြ အသုံးျပဳလို႔မရျဖစ္ေန

စစ္ေတြ၊ ဩဂုတ္-၄- ၂၀၂၀

ထက္ေအာင္စိုင္း (VOM)

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းက ျဖတ္ေတာက္ထားတဲ့အင္တာနက္လိုင္းေတြကို ၿပီးခဲ့တဲ့ ဩဂုတ္ ၁ ရက္ေန႔ ညေနပိုင္း ကေန စတင္ဖြင့္လွစ္ေပးတျဖစ္ၿပီး လက္ရွိမွာ အဲဒီဖြင့္ေပးထားတဲ့အင္တာနက္လိုင္းေတြဟာ 2G အဆင့္သားရွိေၾကာင္းနဲ႔ ျမန္ႏႈန္းမျမင့္လို႔ အင္တာနက္သုံးရတာ အဆင္ေျပမႈမရွိေၾကာင္း ေဒသခံနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕ေဒသခံ ဦးေမာင္သန္းတင္ေျပာတာက” အင္တာနက္လိုင္းေတြဖြင့္တယ္လို႔ေတာ့ေျပာတာပဲ။ ဒါေပမယ့္ အခုက သုံးလို႔မရဘူး။ လိုင္းလည္းမသုံးရပါဘူး။ က်ေနာ္တို႔ အင္တာနက္လိုင္းမရပါဘူး။ 2G နဲ႔က လိုင္းသုံးလို႔မရဘူး။ ျပန္ဖြင့္ေပးတာလည္း နာမည္တစ္ခုလိုလို႔ ေစတနာပါပုံမရဘူး။ ေဖ့ဘုတ္လည္း သုံးလို႔မရဘူး။ အဝိုင္းလည္ေနတယ္။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕ေပၚမွာလည္း စဖြင့္ေပးတဲ့ေန႔ကေန ယေန႔အခ်ိန္ထိ အင္တာနက္လိုင္းေတြအသုံးျပဳလို႔ မရျဖစ္ေနတာကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရၿပီး လူအမ်ားစုအသုံးျပဳေနတဲ့ လူမႈကြန္ရက္ စာမ်က္ႏွာ (Facebook) ကိုလည္း ဖြင့္လို႔မရျဖစ္ေနပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္လတ္က” အင္တာနက္လိုင္းကေတာ့ရတယ္။ ဒါေပမယ့္ လိုင္းမေကာင္းဘူးလို႔ေျပာတယ္။ နာမည္ေကာင္းယူတာ။ ႏိုင္ငံတကာကိုလိမ္တာေပါ့။ ေပးေတာ့ေပးတယ္မရဘူး။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္း ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္က အင္တာနက္လိုင္းေတြကို ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ သက္ဆိုင္ရာေအာ္ပေရတာေတြကေန အင္တာနက္ပိတ္လိုင္းေတြ ထားတာျဖစ္ၿပီး လက္ရွိမွာေတာ့ ျပန္ဖြင့္ေပးထားေၾကာင္းနဲ႔ လက္ရွိျပန္ဖြင့္ေပးထားတဲ့ အင္တာနက္လိုင္းေတြဟာ 4G မဟုတ္ပဲ 2G အရည္အေသြးနဲ႔ ျပန္ဖြင့္ေပးဖို႔ ေအာ္ပေရတာေတြကို ၫႊန္ၾကားထားတယ္လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနကေနသိရပါတယ္။

အဲဒီ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းက အင္တာနက္လႈိင္းေတြ အသုံးျပဳရတာအဆင္ မေျပေၾကာင္းေဒသခံေတြရဲ႕ ေျပာျပခ်က္အရ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးေဆြက” ေမာင္ေတာဖက္ကိုက်ေတာ့ ေဒသအေျခအေနေတြ သိပ္ဆိုးဆိုး႐ြား႐ြားမရွိေတာ့ ျပန္ဖြင့္ေပးခဲ့တယ္။ အခု (၈) ၿမိဳ႕နယ္မွာလည္း အားလုံးသိထားတဲ့အတိုင္းပဲ ေဒသအေျခအေန သိပ္တည္ၿငိမ္မႈမရွိဘူး။ ဒါေပမယ့္လည္း အဲဒီမွာရွိတဲ့ ျပည္သူလူထုလည္း အထိုက္အေလွ်ာက္ အဆင္ေျပေစဖို႔နဲ႔ တစ္ဖက္ကလည္း အဖ်က္ေမာက့္လုပ္ငန္းေတြကို မေဆာင္႐ြက္ႏိုင္ေအာင္ ဘယ္ေလာက္ထိ ေပးရင္သင့္ေတာ္မယ္ဆိုၿပီး က်ေနာ္တို႔ဖက္က ေအာ္ပေရတာေတြကို ၫႊန္ၾကားထားတာေပါ့။ ေလာေလာဆယ္ေတာ့ အင္တာနက္ေတာ့ရတယ္။ ဒါေပမယ့္ ၿမိဳ႕ေပၚေတြမွာလို 4G ေတာ့မရဘူးေပါ့။ စာေတြပါေတြ ပို႔လို႔ရေအာင္ EDGS စနစ္နဲ႔ ေအာ္ပေရတာေတြကို ေပးခိုင္းထားတာေပါ့။ 4G ကေတာ့ ေဒသအေျခအေနေတြ ျပန္လည္ၿပီးေတာ့တည္ၿငိမ္ေအးခ်မ္းလာရင္ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္ေဆာင္သြားရမွာေပါ့။” လို႔ ေျပာပါတယ္။

ခ်င္ျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးကလည္း အင္တာနက္လိုင္းေတြျပန္လည္ဖြင့္လွစ္ေပးထားၿပီျဖစ္ေၾကာင္း သိရေပမယ့္ အသုံးျပဳလို႔မရဘူးလို႔ ဆိုပါတယ္။

သူေျပာတာက” ျပန္ရၿပီလို႔ၾကားတယ္။ ဒါေပမယ့္ ဘာမွအသုံးျပဳလို႔မရဘူး။ ဒါက ေတာင္ဆိုလို႔လုပ္ေပးရတဲ့ ပုံစံမ်ိဳး၊ ကေလးကို လိမ္တဲ့ပုံစံမ်ိဳပါပဲ။ ေတာင္းဆိုလို႔လုပ္ေပးလိုက္တယ္၊ ရတာမရတာသူတို႔နဲ႔ မဆိုင္အဲပုံစံမ်ိဳးပါပဲ။ ဒီေလာက္ 5G ေပၚေနတာမွာ 2G ေပးလို႔ဘယ္လိုရမလဲ။ အမွန္တကယ္ 2G ဆိုရင္ေတာင္ သုံးလို႔ရအုံးမယ္။ အခုက ဘာမွသုံးလို႔ မရဘူး။” လို႔ ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ေလာင္းၾကတ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဦးေမာင္ဝင္းသိန္းကလည္း အင္တာနက္ဖြင့္ေပးထားတာ ဟုတ္မွန္ေၾကာင္းနဲ႔ အသုံးျပဳလို႔မရေၾကာင္း ေျပာပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းပလက္ဝ ေဒသက အင္တာနက္လိုင္းေတြကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ကေန တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ အစိုးရရဲ႕ ၫႊန္ၾကားခ်က္နဲ႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္ပလက္ဝေဒသကို ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက အင္တာနက္အသုံးျပဳမႈေတြကို ပိတ္ပင္လိုက္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလဆန္းပိုင္းကလည္း ေဒသတည္ၿငိမ္မႈေတြေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေမာင္ေတာၿမိဳ႕နယ္ကို အင္တာနက္လိုင္းေတြ ျပန္လည္ဖြင့္ေပးခဲ့ေၾကာင္း ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာတာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ရခိုင္အင္တာနက္

Related posts

Leave a Comment

VOM News

FREE
VIEW