ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ

ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ

ဝါရှင်တန်၊ သြဂုတ်-၅-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုတို့မှာ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူဦးရေမြင့် တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်း ခုနှစ်သိန်းကျော်ထိရှိလာပြီဖြစ်ပါတယ်။

ရောဂါကြောင့် ၂၄ နာရီတိုင်း လူ ၅၉၀၀ နီးပါးပျှမ်းမျှသေဆုံးနေတယ်လို့ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းက အချက်အလက်တွေကို အခြေခံပြီး ရိုက်တာသတင်းဌာနရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နာရီကြာတိုင်း လူ ၂၄၇ ဦးသေဆုံး သို့မဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ဆိုပါတယ်။

အမေရိကန်နဲ့ လက်တင်အမေရိကတို့ဟာ ကပ်ရောဂါဖြစ်ပွားရာ ဗဟိုချက်သစ်တွေဖြစ်နေပြီး နှစ်နိုင်ငံစလုံးဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။

လူဦးရေသန်း ၆၄၀ ကျော်နေထိုင်တဲ့ လက်တင်အမေရိကမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကနဦးနှေးကွေးခဲ့ပေမယ့် ဒေသအတွင်း ဆင်းရဲမွဲတေမှုနဲ့ မြို့တွေမျာ လူဦးရေထူထပ်စွာနေထိုင်ကြတာတွေကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေကြရပါတယ်။

Ref : Reuters
Photo:AFP
#voiceofmyanmar #VOM #ကိုရိုနာ

ကိုဗစ္-၁၉ ေၾကာင့္ (၁၅ )စကၠန႔္တိုင္း လူတစ္ဦးေသဆုံးေန

ဝါရွင္တန္၊ ၾသဂုတ္-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္၊ ဘရာဇီး၊ အိႏၵိယနဲ႔ မကၠဆီကိုတို႔မွာ ကိုဗစ္-၁၉ေရာဂါေၾကာင့္ ေသဆုံးသူဦးေရျမင့္ တက္လာတာနဲ႔အတူ ကမာၻတစ္ဝန္းမွာ ေသဆုံးသူစုစုေပါင္း ခုႏွစ္သိန္းေက်ာ္ထိရွိလာၿပီျဖစ္ပါတယ္။

ေရာဂါေၾကာင့္ ၂၄ နာရီတိုင္း လူ ၅၉၀၀ နီးပါးပွ်မ္းမွ်ေသဆုံးေနတယ္လို႔ လြန္ခဲ့တဲ့ႏွစ္ပတ္အတြင္းက အခ်က္အလက္ေတြကို အေျခခံၿပီး ႐ိုက္တာသတင္းဌာနရဲ႕စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အခ်က္အလက္ေတြအရ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ တစ္နာရီၾကာတိုင္း လူ ၂၄၇ ဦးေသဆုံး သို႔မဟုတ္ ၁၅ စကၠန႔္တိုင္း လူတစ္ဦးႏႈန္း ေသဆုံးေနတယ္လို႔ဆိုပါတယ္။

အေမရိကန္နဲ႔ လက္တင္အေမရိကတို႔ဟာ ကပ္ေရာဂါျဖစ္ပြားရာ ဗဟိုခ်က္သစ္ေတြျဖစ္ေနၿပီး ႏွစ္ႏိုင္ငံစလုံးဟာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ေနရပါတယ္။

လူဦးေရသန္း ၆၄၀ ေက်ာ္ေနထိုင္တဲ့ လက္တင္အေမရိကမွာေတာ့ ဗိုင္းရပ္စ္ကူးစက္မႈဟာ ကနဦးေႏွးေကြးခဲ့ေပမယ့္ ေဒသအတြင္း ဆင္းရဲမြဲေတမႈနဲ႔ ၿမိဳ႕ေတြမ်ာ လူဦးေရထူထပ္စြာေနထိုင္ၾကတာေတြေၾကာင့္ ဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ေနၾကရပါတယ္။

Ref : Reuters
Photo:AFP
#voiceofmyanmar #VOM #ကို႐ိုနာ

Related posts

Leave a Comment

VOM News

FREE
VIEW