မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ

မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ

မြစ်ကြီးနား၊ သြဂုတ် ၂၃-၂၀၂၀
ရန်အောင်ထွန်း(VOM)

မြစ်ကြီနားမြို့ ၊ ကမ်းနာလမ်း ၊ စည်ပင်သာယာရုံးအနီး ဧရာဝတီမြစ်ကမ်းပါးပေါ်က အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်ဖို့ပြုလုပ်ထားတဲ့ အားကစားပစ္စည်းတွေကို မနေ့သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ဖယ်ရှားပစ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်နေကြတဲ့နေရာကို ကားပါကင်လုပ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ ကန့်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အခုအားကစားပစ္စည်းတွေ ဖျက်ပစ်လိုက်တဲ့ ဆိပ်ကမ်းရဲ့ အောက်ဘက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ရေပေါ်စားသောက်ဆိုင်တစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အဲ့ဒီစားသောက်ဆိုင်အတွက် ကားပါကင်မရှိလို့ အခုလိုဆောင်ရွက်တာကို ဝေဖန်နေကြတဲ့အပေါ်မှာတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနော်လီက “သူတို့ဌာနအနေနဲ့ ဆိုင်အတွက် ကားပါကင်နေရာ ခွင့်ပြုပေးထားခြင်းမရှိဘူး”လို့ ပြောပါတယ်။

အားကစားပစ္စည်းတွေ ဖယ်ရှားခဲ့တဲ့အတွက်လည်း ပြန်လုပ်ပေးဖို့ စီမံထားတာလည်း ရှိတယ်လို့ ပြောပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Zawgyi


ရန်အောင်ထွန်း(VOM)







Related posts

Leave a Comment

VOM News

FREE
VIEW