”ကျန်းမာရေးသံတမန်အဖြစ် မလုပ်ဖြစ်တာတော့ သေချာပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု”

ရန်ကုန် ဒီဇင်ဘာ ၁၀-၂၀၁၈

သင်းသဒ္ဒါ(VOM)

ကလေးဘ၀ထဲက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး လူကြီးသရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် ချစ်ခင်နှစ်သက်တာကို ခံနေရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရန်ကုန်တိုင်းရဲ့ ကျန်းမာရေးသံတမန်နေရာကို ဆက်ပြီးတော့  မလုပ်ဖြစ်တော့မှာ သေချာတယ်လို့ဆိုပါတယ်”သုသု သေချာရင်ပြောပါမယ်၊ သေချာတာကတော့ မလုပ်ဖြစ်တာကတော့ သေချာပါတယ်”လို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုကို ဇူလိုင် ၂၈ ရက်က ကျန်းမာရေးသံတမန် Yangon Health Ambassador အသိအမှတ်ပြု စလွယ်တံဆိပ်ကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

”သု မလုပ်တော့တာ ဆုံးဖြတ်ချက်ချထားပေမယ့်  officaially ဘာမှမလုပ်ရသေးပါဘူး၊officaially  ဖြစ်အောင် မကြိုးစားရသေးလို့ပါ၊ ကားရိုက်တာနဲ့ မအားသေးလို့ပါ”လို့ ပိုင်ဖြိုးသု က ပြောပါတယ်။

နောက်ရိုက်မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ခီ မောင်နှံဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ပြီးတော့ မင်းသား ဇဏ်ခီနဲ့ အတူ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး အချစ်ဇာတ်လမ်းနဲ့ ပတ်သက်တာဆိုတော့ ”အချစ်အတွက် ဆိုတာက လူတွေက တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့အပေါ်မှာ အပြန်အလှန်ပေး ဆပ်ကြတာတွေ ရှိတယ်၊စွန့်လွှတ်အနစ်နာခံတာတွေလည်း ပါပါတယ်၊တကယ့်ကို ပရိသတ်အတွက် ခံစားချက် တွေထည့်ပြီး ရိုက်မယ့် အချစ်ကားပါ”လို့ ဆိုပါတယ်။

#voiceofmyanmar#ပိုင်ဖြိုးသု#”ကျန်းမာရေးသံတမန်အဖြစ်မလုပ်ဖြစ်တာတော့သေချာပါတယ်#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

✕
VOM News

FREE
VIEW