ကောင်းမှုတော်စေတီတော်ကို တပေါင်းလပြည့်အမှီ အဖြူရောင်သင်္ကန်းကပ်လှူရန်သီတဂူဆရာတော်ဘုရားကြီး မိန့်ကြား

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကြီးလက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲ ကပ်လှူမှုကို လာမယ့် တပေါင်းလပြည့် အမှီ အပြီး လုပ်ဆောင်ရန် ယနေ့ နံနက်ပိုင်းက ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော် ရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံးခန်းမှာ သီတဂူဆရာတော်ဘုရား နဲ့ ဂေါပကအဖွဲ့ဝင်တွေ ပြုလုပ်တဲ့ အဖြူရောင်သင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ပါတယ်။ ကောင်းမှုတော်စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူမယ့် လုပ်ငန်းတွေကို လာမယ့် တပေါင်းလပြည့် အမှီ အပြီး လုပ်ဆောင်မှာ ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုကို လုပ်သားအင်းအား ၃၀ နှင့် နေ့စဉ် နံနက်ခင်းမှ ည ၁၀ နာရီ လုပ်ဆောင်သွားမည်ဖြစ်ကာ တပေါင်းလပြည့်နေတွင် သံဃာအပါး ၁၀၀၀ နဲ့ ဘုရားအနေကဇာတင်ပြီး သံဃာအပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာ ဖြစ်ပါတယ်။ အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန်…

Read More

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်ချက်စကားကြောင့် တွစ်တာစီအီ;အို ဝေဖန်ခံနေရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀-၂၀၁၈ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် တွစ်တာစီအီးအိုဖြစ်သူ ဂျက်ဒေါ်ဆေ ကတော့ မြန်မာနိုင်ငံဟာ ခရီးသွားဖို့ ကောင်းတဲ့ နိုင်ငံအဖြစ် မှတ်ချက်ပြု ပြောဆိုခဲ့တာကြောင့် ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျက်ဒေါ်ဆေ ဟာ တရားအားထုတ်ဖို့အတွက် လွန်ခဲ့တဲ့ လက  မြန်မာနိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တယ်လို့ ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပြီး မြန်မာလူမျိုးတွေဟာ ပျော်ပျော်နေတတ်ပြီး အစားအသောက်တွေကလည်း အလွန်ကောင်းတယ်လို့ ပြောဆိုခဲ့ပြီး  အကောင့်ရှိ ဖော်လိုဝါ လေးသန်းကိုလည်း မြန်မာနိုင်ငံကို သွားရောက် ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ပြောဆိုချက်တွေဟာ  မြန်မာနိုင်ငံ လူနည်းစု ဘင်္ဂါလီတွေ အတိဒုက္ခရောက်ခဲ့တဲ့ အဖြစ်အပျက်တွေကို လျစ်လျူရှုခဲ့တယ်လို့ တွစ်တာသုံးစွဲသူအချို့က စွပ်စွဲပြောဆိုနေပါတယ်။ မြန်မာနိုင်ငံဟာ ပြစ်တင်ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုအချိန်မှာ …

Read More

”ကျန်းမာရေးသံတမန်အဖြစ် မလုပ်ဖြစ်တာတော့ သေချာပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု”

ရန်ကုန် ဒီဇင်ဘာ ၁၀-၂၀၁၈ သင်းသဒ္ဒါ(VOM) ကလေးဘ၀ထဲက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး လူကြီးသရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် ချစ်ခင်နှစ်သက်တာကို ခံနေရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရန်ကုန်တိုင်းရဲ့ ကျန်းမာရေးသံတမန်နေရာကို ဆက်ပြီးတော့  မလုပ်ဖြစ်တော့မှာ သေချာတယ်လို့ဆိုပါတယ်”သုသု သေချာရင်ပြောပါမယ်၊ သေချာတာကတော့ မလုပ်ဖြစ်တာကတော့ သေချာပါတယ်”လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုကို ဇူလိုင် ၂၈ ရက်က ကျန်းမာရေးသံတမန် Yangon Health Ambassador အသိအမှတ်ပြု စလွယ်တံဆိပ်ကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ”သု မလုပ်တော့တာ ဆုံးဖြတ်ချက်ချထားပေမယ့်  officaially ဘာမှမလုပ်ရသေးပါဘူး၊officaially  ဖြစ်အောင် မကြိုးစားရသေးလို့ပါ၊ ကားရိုက်တာနဲ့ မအားသေးလို့ပါ”လို့ ပိုင်ဖြိုးသု က ပြောပါတယ်။ နောက်ရိုက်မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ခီ မောင်နှံဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ပြီးတော့…

Read More

ဟွာဝေးဘဏ္ဍာရေး အကြီးအကဲ အဖမ်းခံရမှု အမေရိကန်ရဲ့ အရေးယူတဲ့အပေါ် အခြေခံပြီး တရုတ်နိုင်ငံ တုံ့ပြန်မယ်လို့ သတိပေး

ပေကျင်း၊ ဒီဇင်ဘာ ၁၀-၂၀၁၈ မျိုးဆက် (VOM) အီရန်နိုင်ငံအပေါ် အမေရိကန်ကချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့အတွက် ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေး  အကြီးအကဲကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ဒီဇင်ဘာ ၉ ရက်မှာ တရုတ်နိုင်ငံက ဆင့်ခေါ်လိုက်ပါတယ်။ ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ ဖြစ်သူ မန်          ၀မ်ကျို ၄၆ နှစ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် တရုတ်နိုင်ခြားရေး ဒုတိယ၀န်ကြီး လီယူချန်က အမေရိကန် သံအမတ်ကြီး တယ်ရီဘရန်စတက်နဲ့ တွေ့ဆုံရာမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင်အခွင့်အရေးတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းရဲ့ ၀က်ဘ်ဆိုက်မှာ ရေးသားခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေအပေါ်အခြေခံပြီး တုံ့ပြန်တာတွေလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယမန်နေ့ကလည်း ယင်းကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီး…

Read More

မုံရွာတိုင်းရင်းဆေးရုံမှာ တိုင်းရင်းဆေးဥပဒေမူကြမ်းပါ ပုဒ်မ ၁၅ (စ) ကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ပြုလုပ်

ဒီဇင်ဘာ ၁၀-၂၀၁၈ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံကြီးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိုင်းဦးစီးမှုးအပါအဝင် ဆေးရုံဝန်ထမ်းတွေစုပေါင်းကာ တိုင်းရင်းဆေးဥပဒေမူကြမ်းပါ ပုဒ်မ ၁၅(စ) ပယ်ဖျက်ပေးရေးအတွက် စတစ်ကာ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်း အခန်း ၄ ၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) လုံးမှာ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ အရည်အချင်းသတ်မှတ်ခြင်းလို့ ပါရှိပြီး အခန်း ၁၁၊ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဂ)မှာ အရည်အချင်းသတ်မှတ်ချက်အရ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့်(တဆ) ပြုထားတာပါ။ ဒါကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ “ပြည်သူလူထုမျက်နှာ၊ လူနာကို မျက်နှာထောက်သောအားဖြင့် ကန့်ကွက်ခြင်းပါ။ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးမပါပါဘူး၊ ရမ်းကုနှင့် သင်တန်းတက်ထားတဲ့သူနဲ့ တပြေးညီ တဆ…

Read More

လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရွာလုံးကျွတ်ရွှေ့ပြောင်းရန် စီစဉ်

လဟယ် ဒီဇင်ဘာ ၁၀-၂၀၁၈ မိုင်ချယ်ရီ(VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အတွင်းမှာ ရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သောက်သုံးရေ သွယ်တန်း အသုံးပြုနိုင်ဖို့ ခက်ခဲတဲ့ ကျေးရွာ တွေကို ရွာလုံးကျွတ် ပြောင်းရွှေ့နိုင်ဖို့ စီစဉ်မှုတွေ လုပ်ဆောင်နေတယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်(စီမံ) ဦးလော်ယုံ က ပြောပါတယ်။ ဒီလို ပြောင်းရွှေ့ရာမှာ ပထမဆုံး ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ ကျေးရွာကတော့ လဟယ်မြို့နဲ့ ၁၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ စံတုံကျေးရွာ ဖြစ်ပြီး ဒီကျေးရွာကို လက်ရှိနေထိုင်တဲ့ တောင်ပေါ်ကနေ တောင်အောက် မှာ ရှိတဲ့ လဟယ်-နန်းယွန်း ကားလမ်း အနီး ကို ပြောင်းရွှေ့စေမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ဖို့ စီစဉ်တဲ့ ကျေးရွာတွေဟာ ဆိုရင် လက်ရှိနေတာတွေက ကားလမ်းမပေါက်တာ၊သောက်သုံးရေ ရရှိဖို့ မလွယ်ကူတာတွေကြောင့် ဖြစ်ပြီး…

Read More
VOM News

FREE
VIEW